႐ုရွားႏုိင္ငံ ဗလာတီ ေဗာ့စေတာ့ၿမဳိ႕တြင္ ဆုိက္ကပ္ထားသည့္ မုတၱမစစ္သေဘၤာ။ (ႏုိဝင္ဘာ ၂၊ ၂၀၁၉။ ဓာတ္ပုံ - VL.RU) |
(Zawgyi / Unicode)
ေတာင္ကိုရီးယားႏိုင္ငံ DAE SUN သေဘၤာနဲ႔ စက္မႈနည္းပညာ ကုမၸဏီက တည္ေဆာက္ေပးတဲ့ “မုတၱမ” အမည္ရွိ ေရတပ္စစ္သေဘၤာ တစင္းဟာ ေတာင္ကုိရီးယားကေန ျမန္မာႏိုင္ငံကို လာေနတဲ့ လမ္းတေလွ်ာက္ ႐ုရွားႏုိင္ငံ ဗလာတီ ေဗာ့စေတာ့ၿမဳိ႕မွာ ႏိုဝင္ဘာ ၂ ရက္ေန႔က ခရီးတေထာက္ ရပ္နားခဲ့တယ္လို႔ ႐ုရွားမီဒီယာေတြမွာ ေဖာ္ျပပါတယ္။
အခုလုိ ရပ္နားရတာဟာ ႐ုရွား-ျမန္မာ ႏွစ္ႏိုင္ငံၾကား စစ္တပ္ခ်င္း ဆက္ဆံေရး ပိုမိုခိုင္မာလာေစဖို႔ ရည္ရြယ္တယ္လို႔ “မုတၱမ” စစ္ေရယာဥ္ေပၚ တာဝန္ယူ လိုက္ပါလာတဲ့ ျမန္မာေရတပ္ ကပၸတိန္ သိန္းသာက ႐ုရွားမီဒီယာကို ေျပာပါတယ္။
“မုတၱမ” စစ္သေဘၤာဟာ ေရျပင္မွာေရာ ကမ္းတက္တပ္အတြက္ပါ သုံးႏုိင္မယ့္ (Landing Platform Dock) LPD အမ်ဳိးအစား စစ္သေဘၤာျဖစ္ၿပီး DAE SUN ကုမၸဏီက ေဆာက္လုပ္ေပးဖို႔ ၂၀၁၈ ႏွစ္ဆန္းပိုင္းမွာ အလုပ္စအပ္ခဲ့တာ ျဖစ္ႏိုင္ေပမယ့္ ၂၀၁၉ ဇူလိုင္လထဲ Busan မွာ လုပ္ငန္းစတင္ေတာ့မွ လူအမ်ား သိခဲ့ရပါတယ္။ ဒီစစ္သေဘၤာကို စက္တင္ဘာလထဲ ေပးအပ္ခဲ့တာပါ။
ဒီစစ္သေဘၤာ ဒီဇိုင္းကေတာ့ အင္ဒိုနီးရွားေရတပ္အတြက္ ေတာင္ကုိရီးယားက တည္ေဆာက္ေပးတဲ့ Makassar အမ်ဳိးအစားအတိုင္းျဖစ္ၿပီး အျမင္အားျဖင့္ေတာ့ ဖိလစ္ပိုင္ေရတပ္မွာသုံးတဲ့ Tarlak အမ်ဳိးအစားနဲ႔ ဆင္တူေနတယ္လို႔ ဆိုပါတယ္။ Makassar စစ္သေဘၤာေတြကို ၁၀ စင္းအထိ ေတာင္ကိုရီးယားက တည္ေဆာက္ခဲ့ၿပီး အင္ဒိုနီးရွား၊ ပီ႐ူး၊ ဖိလစ္ပိုင္နဲ႔ အခုတေခါက္ ျမန္မာအတြက္ ျဖစ္ပါတယ္။
“မုတၱမ” စစ္သေဘၤာဟာ ေပ ၄၀၀ ရွည္ၿပီး ၇၄ ေပအက်ယ္ရွိကာ တန္ခ်ိန္ ၁၁,၀၀၀ ေက်ာ္ ရွိပါတယ္။ ဒီသေဘၤာဟာ ကမ္းျပန္မကပ္ဘဲ ပင္လယ္ျပင္မွာ တလေနၿပီး ေရမိုင္ ၈၆၀၀ အထိ သြားႏိုင္မွာ ျဖစ္ပါတယ္။ စစ္ဆင္ေရးအတြက္ေရာ၊ သဘာဝေဘးအႏၱရာယ္နဲ႔ လူသားခ်င္းစာနာမႈ အကူအညီေပးေရး ကိစၥေတြမွာပါ အသုံးျပဳႏိုင္ၿပီး ေရယာဥ္ေပၚ ရဟတ္ယာဥ္ ၂ စင္း ဆင္းသက္ႏိုင္ပါတယ္။ ျမန္မာ့ေရတပ္က ပိုင္ဆိုင္တဲ့ စစ္သေဘၤာအုပ္စုထဲမွာေတာ့ ဒီသေဘၤာဟာ အႀကီးဆုံးျဖစ္တယ္လို႔ ဆုိပါတယ္။
----------------------------
(Unicode)
မြန်မာ့ရေတပ် အကြီးဆုံးသင်္ဘောသစ် ရုရှားမှာ တထောက်နား
တောင်ကိုရီးယားနိုင်ငံ DAE SUN သင်္ဘောနဲ့ စက်မှုနည်းပညာ ကုမ္ပဏီက တည်ဆောက်ပေးတဲ့ “မုတ္တမ” အမည်ရှိ ရေတပ်စစ်သင်္ဘော တစင်းဟာ တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို လာနေတဲ့ လမ်းတလျှောက် ရုရှားနိုင်ငံ ဗလာတီ ဗော့စတော့မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့က ခရီးတထောက် ရပ်နားခဲ့တယ်လို့ ရုရှားမီဒီယာတွေမှာ ဖော်ပြပါတယ်။
အခုလို ရပ်နားရတာဟာ ရုရှား-မြန်မာ နှစ်နိုင်ငံကြား စစ်တပ်ချင်း ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့ ရည်ရွယ်တယ်လို့ “မုတ္တမ” စစ်ရေယာဉ်ပေါ် တာဝန်ယူ လိုက်ပါလာတဲ့ မြန်မာရေတပ် ကပ္ပတိန် သိန်းသာက ရုရှားမီဒီယာကို ပြောပါတယ်။
“မုတ္တမ” စစ်သင်္ဘောဟာ ရေပြင်မှာရော ကမ်းတက်တပ်အတွက်ပါ သုံးနိုင်မယ့် (Landing Platform Dock) LPD အမျိုးအစား စစ်သင်္ဘောဖြစ်ပြီး DAE SUN ကုမ္ပဏီက ဆောက်လုပ်ပေးဖို့ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ အလုပ်စအပ်ခဲ့တာ ဖြစ်နိုင်ပေမယ့် ၂၀၁၉ ဇူလိုင်လထဲ Busan မှာ လုပ်ငန်းစတင်တော့မှ လူအများ သိခဲ့ရပါတယ်။ ဒီစစ်သင်္ဘောကို စက်တင်ဘာလထဲ ပေးအပ်ခဲ့တာပါ။
ဒီစစ်သင်္ဘော ဒီဇိုင်းကတော့ အင်ဒိုနီးရှားရေတပ်အတွက် တောင်ကိုရီးယားက တည်ဆောက်ပေးတဲ့ Makassar အမျိုးအစားအတိုင်းဖြစ်ပြီး အမြင်အားဖြင့်တော့ ဖိလစ်ပိုင်ရေတပ်မှာသုံးတဲ့ Tarlak အမျိုးအစားနဲ့ ဆင်တူနေတယ်လို့ ဆိုပါတယ်။ Makassar စစ်သင်္ဘောတွေကို ၁၀ စင်းအထိ တောင်ကိုရီးယားက တည်ဆောက်ခဲ့ပြီး အင်ဒိုနီးရှား၊ ပီရူး၊ ဖိလစ်ပိုင်နဲ့ အခုတခေါက် မြန်မာအတွက် ဖြစ်ပါတယ်။
“မုတ္တမ” စစ်သင်္ဘောဟာ ပေ ၄၀၀ ရှည်ပြီး ၇၄ ပေအကျယ်ရှိကာ တန်ချိန် ၁၁,၀၀၀ ကျော် ရှိပါတယ်။ ဒီသင်္ဘောဟာ ကမ်းပြန်မကပ်ဘဲ ပင်လယ်ပြင်မှာ တလနေပြီး ရေမိုင် ၈၆၀၀ အထိ သွားနိုင်မှာ ဖြစ်ပါတယ်။ စစ်ဆင်ရေးအတွက်ရော၊ သဘာဝဘေးအန္တရာယ်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေမှာပါ အသုံးပြုနိုင်ပြီး ရေယာဉ်ပေါ် ရဟတ်ယာဉ် ၂ စင်း ဆင်းသက်နိုင်ပါတယ်။ မြန်မာ့ရေတပ်က ပိုင်ဆိုင်တဲ့ စစ်သင်္ဘောအုပ်စုထဲမှာတော့ ဒီသင်္ဘောဟာ အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာ႔ေရတပ္ အႀကီးဆံုးသေဘၤာသစ္ ႐ု႐ွားမွာ တေထာက္နား
Reviewed by THITHTOOLWIN
on
10:06
Rating: