ေအေအ ဆိုၿပီးရန္ျပဳတဲ့ ဒုကၡ ခံစားေနရ "ရခိုင္အမ်ိဳးသား ပါတီ ဒုဥကၠ႒ ေဒၚေအးႏုစိန္ "

 ၿငိမ္းခ်မ္းေရးဟာေမွ်ာ္ေလေဝးေလ ျဖစ္လာေန
(Zawgyi)⤵⤵⤵
ရခိုင္ျပည္သူေတြကို ရကၡိဳင့္တပ္မေတာ္ (ေအေအ) ကဆိုၿပီးရန္ျပဳတဲ့ ဒုကၡ ခံစားေနရတယ္လို႔ ရခိုင္တိုက္ပြဲေဒသက အမ်ိဳးသမီးေတြက ဘီဘီစီကို ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာရွိတဲ့ အမ်ိဳးသမီးအဖြဲ႕အစည္းေတြက ႏိုဝင္ဘာ ၃ ရက္ေန႔ စစ္ေတြၿမိဳ႕မွာ ေဆြးေႏြးမႈတစ္ခုျပဳလုပ္ခဲ့ၾကၿပီးေတာ့ အခုလိုမ်ိဳး ရင္ဆိုင္ေနရတဲ့အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ရခိုင္ျပည္နယ္ အတြင္းတိုက္ပြဲေတြ ျဖစ္ပြားေနတာ တႏွစ္နီးပါး ရွိလာၿပီ ျဖစ္ၿပီး တိုက္ပြဲေတြ အရွိန္ျမင့္လာေနတာေၾကာင့္ ၿငိမ္းခ်မ္းေရးဟာ ေမွ်ာ္ေလေဝးေလ ျဖစ္လာေနတယ္လို႔လည္း သူတို႔ကေျပာပါတယ္ ။

တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသေတြက အမ်ိဳးသမီးေတြရဲ႕ အခက္အခဲေတြ ျပႆနာေတြကို ေျဖရွင္းေဆာင္႐ြက္ႏိုင္ေရးနဲ႔ အမ်ိဳးသမီးေတြရဲ႕ ဘဝလုံၿခဳံေရးတို႔အတြက္ ဒီအစည္းအေဝးကို ရခိုင္အမ်ိဳးသမီးမ်ားအစည္းအ႐ုံးက ဦးေဆာင္က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး ရခိုင္ အမ်ိဳးသား ပါတီ၊ ရခိုင္အမ်ိဳးသမီးမ်ားအစည္းအ႐ုံး၊ ရခိုင္လူငယ္ကြန္ရက္ စတဲ့အဖြဲ႕ ၁၇ ဖြဲ႕အျပင္ လက္ရွိ စစ္ေဘးရွာင္စခန္းေတြမွာ ေနထိုင္လ်က္ ရွိေနတဲ့ အမ်ိဳးသမီးေတြလည္း ပါဝင္ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။
အရပ္သား ထိခိုက္ ေသဆုံးမႈနဲ႔ ဖမ္းဆီးခံရမႈေတြ တိုးလာေန
ရခိုင္ေျမာက္ပိုင္း စစ္ပြဲေတြ အတြင္း အရပ္သား ထိခိုက္ ေသဆုံးမႈနဲ႔ ဖမ္းဆီးခံရမႈေတြ ေန႔စဥ္လိုလို ျဖစ္ေပၚေနတယ္လို႔ ရခိုင္အမ်ိဳးသား ပါတီရဲ႕ ဒုဥကၠ႒ ေဒၚေအးႏုစိန္ကေျပာပါတယ္။

တိုက္ပြဲေတြအတြင္း အရပ္သားေသဆုံးမႈ ၉ဝ နီးပါးရွိေနၿပီ ျဖစ္သလို ထိခိုက္ဒဏ္ရာရရွိခဲ့သူ ၁၃၀ ေက်ာ္နဲ႔ အၾကမ္းဖက္ ဥပေဒ အပါအဝင္ တျခားပုဒ္မေတြနဲ႔ ဖမ္းဆီးတရားစြဲဆိုခံေနရသူ ၁၅ဝ ေက်ာ္ရွိေနတယ္လို႔ အရပ္ဘက္အဖြဲ႕အစည္းေတြရဲ႕ စာရင္းဇယားေတြအရ သိရပါတယ္။

အျပတ္ေခ်မႉန္းေရးတို႔၊ အျမစ္ျဖတ္မယ္ဆိုတာေတြနဲ႔၊မဲမဲ ျမင္တိုင္းရန္ျပဳတဲ့ ဒုကၡကို ျပည္သူေတြ ႀကဳံေတြ႕ခံစားေနရတယ္ လို႔လည္း ေဒၚေအးႏုစိန္ကေျပာပါတယ္။

လက္ရွိမွာ စစ္ေဘးဒုကၡသည္ေတြေနထိုင္တဲ့ ဒုကၡသည္စခန္းေတြနဲ႔ အနီးဝန္းက်င္ေတြမွာ တိုက္ပြဲျဖစ္ပြားေနတာေတြ၊ ပစ္ခတ္မႈေတြျပဳလုပ္ ေနတာဟာ အမ်ိဳးသမီးေတြသာမက ေနရပ္စြန႔္ခြာၿပီး အသက္ေဘးကလြတ္ေျမာက္ဖို႔အတြက္ စခန္းေတြမွာ လာေရာက္ခိုလုံေနသူ အားလုံးရဲ႕ ဘဝလုံၿခဳံမႈကို ေျခာက္လွန႔္ေနတာျဖစ္တယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္က တက္ေရာက္ေဆြးေႏြးခဲ့တဲ့ ေဒၚလွေမက ေျပာပါတယ္။

ကိုယ္ဝန္ေဆာင္ ေတြဟာ ညမထြက္ရ အမိန႔္ေၾကာင့္ အခ်ိန္မွီမေမြးႏိုင္လို႔ အသက္ေသဆုံးတာေတြ ရွိ
ၿပီးခဲ့တဲ့ရက္ပိုင္း ကလည္း ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ေအေအအၾကား တိုက္ပြဲေတြေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္ရံေက်း႐ြာမွာ ေနထိုင္တဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္ ပၪၥမတန္းေက်ာင္းသူ မႏွင္းေခ် ေခၚမႏွင္းေအးႏြယ္ဟာ လက္ေမာင္းမွာ က်ည္ထိမွန္ခဲ့ပါတယ္။

အိမ္ေရွ႕မွာ ထိုင္ေနတုန္း တိုက္ပြဲၾကားကလာတဲ့ က်ည္ဟာ သူ႔ရဲ႕ ဘယ္လက္ေမာင္းကို ထိမွန္ ေဖာက္ဝင္သြားခဲ့တာလို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ဒါေပမဲ့လည္း တိုက္ပြဲေတြက ဆက္ျဖစ္ေနလို႔ ေဆး႐ုံကို ခ်က္ခ်င္းမပို႔ေဆာင္ႏိုင္ဘဲ ၃ ရက္ေလာက္ၾကာၿပီးေတာ့မွ စစ္ေတြေဆး႐ုံႀကီးကို ပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။

ေက်ာက္ေတာ္ ၿမိဳ႕နားက ဒုကၡသည္ စခန္းေတြက ကိုယ္ဝန္ေဆာင္ ေတြဟာလည္း ညမထြက္ရ အမိန႔္ေၾကာင့္ အခ်ိန္မီ မေမြးႏိုင္လို႔ အသက္ေသဆုံးတာေတြ ရွိတယ္လို႔လည္း ေက်ာက္ေတာ္ၿမိဳ႕နယ္က ေဒၚလွေမက ဘီဘီစီကို ေျပာပါတယ္။

တိုက္ပြဲေတြအတြင္း အရပ္သားေသဆုံးမႈ ၉၀ နီးပါးရွိ
လက္ရွိ ျဖစ္ပြားေနတဲ့ တိုက္ပြဲျဖစ္စဥ္ေတြအတြင္း အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြဟာ ဒုကၡမ်ိဳးစုံကို အမ်ားဆုံးခံစား ေနၾကရ တယ္လို႔လည္း တိုက္ပြဲေရွာင္ေတြကေျပာပါတယ္။

တိုက္ပြဲေတြေၾကာင့္ တစ္႐ြာနဲ႔ တစ္႐ြာ သြားလာဖို႔ ခက္ခဲေနသလို ျမန္မာတပ္မေတာ္ဘက္က ေလယာဥ္နဲ႔ပစ္ခတ္တာေတြေၾကာင့္ ေၾကာက္လန႔္ ေနၾကရတယ္လို႔ လည္းသူတို႔ကေျပာပါတယ္။

ဒါ့အျပင္ ဒုကၡသည္ စန္းေတြနားမွာ လက္နက္ႀကီးက်တာ၊ စခန္းေတြမွာေနရတာ လုံၿခဳံမႈမရွိတာေတြ ေၾကာင့္ တိုက္ပြဲေဒသက ျပည္သူေတြရဲ႕ အေျခအေနဟာ အင္မတန္စိုးရီမ္စရာေကာင္းတယ္လို႔လည္း ေဒၚလွေမကေျပာပါတယ္။

ျပည္သူကိုမထိခိုက္ေအာင္ ပဋိပကၡ ျဖစ္သူေတြၾကား ဘယ္လို ေဆာင္႐ြက္ရမယ္ဆိုတာဟာ ႏိုင္ငံတကာစံႏႉန္းေတြ စည္းကမ္းေတြ ရွိၿပီးသားျဖစ္ၿပီးေတာ့ ဒါေတြကို ရခိုင္ျပည္နယ္မွာ လိုက္နာက်င့္သုံးတာမေတြ႕ရဘူးလို႔လည္း ေဒၚေအးႏုစိန္က ဘီဘီစီကို ေျပာပါတယ္ ။

BBC Burmese
https://www.bbc.com
--------------------
(Unicode)⤵⤵⤵
အေအေ ဆိုပြီးရန်ပြုတဲ့ ဒုက္ခ ခံစားနေရ "ရခိုင်အမျိုးသား ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် "

Image caption ငြိမ်းချမ်းရေးဟာမျှော်လေဝေးလေ ဖြစ်လာနေ

ရခိုင်ပြည်သူတွေကို ရက္ခိုင့်တပ်မတော် (အေအေ) ကဆိုပြီးရန်ပြုတဲ့ ဒုက္ခ ခံစားနေရတယ်လို့ ရခိုင်တိုက်ပွဲဒေသက အမျိုးသမီးတွေက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက နိုဝင်ဘာ ၃ ရက်နေ့ စစ်တွေမြို့မှာ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြပြီးတော့ အခုလိုမျိုး ရင်ဆိုင်နေရတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် အတွင်းတိုက်ပွဲတွေ ဖြစ်ပွားနေတာ တနှစ်နီးပါး ရှိလာပြီ ဖြစ်ပြီး တိုက်ပွဲတွေ အရှိန်မြင့်လာနေတာကြောင့် ငြိမ်းချမ်းရေးဟာ မျှော်လေဝေးလေ ဖြစ်လာနေတယ်လို့လည်း သူတို့ကပြောပါတယ် ။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက အမျိုးသမီးတွေရဲ့ အခက်အခဲတွေ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်ရေးနဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးတို့အတွက် ဒီအစည်းအဝေးကို ရခိုင်အမျိုးသမီးများအစည်းအရုံးက ဦးဆောင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရခိုင် အမျိုးသား ပါတီ၊ ရခိုင်အမျိုးသမီးများအစည်းအရုံး၊ ရခိုင်လူငယ်ကွန်ရက် စတဲ့အဖွဲ့ ၁၇ ဖွဲ့အပြင် လက်ရှိ စစ်ဘေးရှာင်စခန်းတွေမှာ နေထိုင်လျက် ရှိနေတဲ့ အမျိုးသမီးတွေလည်း ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အရပ်သား ထိခိုက် သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေ တိုးလာနေ

ရခိုင်မြောက်ပိုင်း စစ်ပွဲတွေ အတွင်း အရပ်သား ထိခိုက် သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေ နေ့စဉ်လိုလို ဖြစ်ပေါ်နေတယ်လို့ ရခိုင်အမျိုးသား ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကပြောပါတယ်။

တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှု ၉ဝ နီးပါးရှိနေပြီ ဖြစ်သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၃၀ ကျော်နဲ့ အကြမ်းဖက် ဥပဒေ အပါအဝင် တခြားပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၁၅ဝ ကျော်ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

အပြတ်ချေမှူန်းရေးတို့၊ အမြစ်ဖြတ်မယ်ဆိုတာတွေနဲ့၊မဲမဲ မြင်တိုင်းရန်ပြုတဲ့ ဒုက္ခကို ပြည်သူတွေ ကြုံတွေ့ခံစားနေရတယ် လို့လည်း ဒေါ်အေးနုစိန်ကပြောပါတယ်။

လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေနဲ့ အနီးဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားနေတာတွေ၊ ပစ်ခတ်မှုတွေပြုလုပ် နေတာဟာ အမျိုးသမီးတွေသာမက နေရပ်စွန့်ခွာပြီး အသက်ဘေးကလွတ်မြောက်ဖို့အတွက် စခန်းတွေမှာ လာရောက်ခိုလုံနေသူ အားလုံးရဲ့ ဘဝလုံခြုံမှုကို ခြောက်လှန့်နေတာဖြစ်တယ်လို့ ကျောက်တော်မြို့နယ်က တက်ရောက်ဆွေးနွေးခဲ့တဲ့ ဒေါ်လှမေက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုယ်ဝန်ဆောင် တွေဟာ ညမထွက်ရ အမိန့်ကြောင့် အချိန်မှီမမွေးနိုင်လို့ အသက်သေဆုံးတာတွေ ရှိ

ပြီးခဲ့တဲ့ရက်ပိုင်း ကလည်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအကြား တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ် ကျောက်ရံကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူ မနှင်းချေ ခေါ်မနှင်းအေးနွယ်ဟာ လက်မောင်းမှာ ကျည်ထိမှန်ခဲ့ပါတယ်။

အိမ်ရှေ့မှာ ထိုင်နေတုန်း တိုက်ပွဲကြားကလာတဲ့ ကျည်ဟာ သူ့ရဲ့ ဘယ်လက်မောင်းကို ထိမှန် ဖောက်ဝင်သွားခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း တိုက်ပွဲတွေက ဆက်ဖြစ်နေလို့ ဆေးရုံကို ချက်ချင်းမပို့ဆောင်နိုင်ဘဲ ၃ ရက်လောက်ကြာပြီးတော့မှ စစ်တွေဆေးရုံကြီးကို ပို့ဆောင်နိုင်ခဲ့ပါတယ်။

ကျောက်တော် မြို့နားက ဒုက္ခသည် စခန်းတွေက ကိုယ်ဝန်ဆောင် တွေဟာလည်း ညမထွက်ရ အမိန့်ကြောင့် အချိန်မီ မမွေးနိုင်လို့ အသက်သေဆုံးတာတွေ ရှိတယ်လို့လည်း ကျောက်တော်မြို့နယ်က ဒေါ်လှမေက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှု ၉၀ နီးပါးရှိ

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ဒုက္ခမျိုးစုံကို အများဆုံးခံစား နေကြရ တယ်လို့လည်း တိုက်ပွဲရှောင်တွေကပြောပါတယ်။

တိုက်ပွဲတွေကြောင့် တစ်ရွာနဲ့ တစ်ရွာ သွားလာဖို့ ခက်ခဲနေသလို မြန်မာတပ်မတော်ဘက်က လေယာဉ်နဲ့ပစ်ခတ်တာတွေကြောင့် ကြောက်လန့် နေကြရတယ်လို့ လည်းသူတို့ကပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည် စန်းတွေနားမှာ လက်နက်ကြီးကျတာ၊ စခန်းတွေမှာနေရတာ လုံခြုံမှုမရှိတာတွေ ကြောင့် တိုက်ပွဲဒေသက ပြည်သူတွေရဲ့ အခြေအနေဟာ အင်မတန်စိုးရီမ်စရာကောင်းတယ်လို့လည်း ဒေါ်လှမေကပြောပါတယ်။

ပြည်သူကိုမထိခိုက်အောင် ပဋိပက္ခ ဖြစ်သူတွေကြား ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာဟာ နိုင်ငံတကာစံနှူန်းတွေ စည်းကမ်းတွေ ရှိပြီးသားဖြစ်ပြီးတော့ ဒါတွေကို ရခိုင်ပြည်နယ်မှာ လိုက်နာကျင့်သုံးတာမတွေ့ရဘူးလို့လည်း ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ် ။

BBC Burmese
https://www.bbc.com
ေအေအ ဆိုၿပီးရန္ျပဳတဲ့ ဒုကၡ ခံစားေနရ "ရခိုင္အမ်ိဳးသား ပါတီ ဒုဥကၠ႒ ေဒၚေအးႏုစိန္ " ေအေအ ဆိုၿပီးရန္ျပဳတဲ့ ဒုကၡ ခံစားေနရ "ရခိုင္အမ်ိဳးသား ပါတီ ဒုဥကၠ႒ ေဒၚေအးႏုစိန္ " Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.