Stalkerware - ခ်စ္သူကို တိတ္တဆိတ္ စုံစမ္းေထာက္လွမ္းတဲ့ ေဆာ့ဖ္ဝဲ

 စာေတြ၊ အီးေမးလ္ေတြဖတ္လို႔ရမယ့္အျပင္ ကင္မရာသုံးၿပီးလည္းေစာင့္ၾကည့္ေနႏိုင္

သူနဲ႔ သူသူငယ္ခ်င္းေတြ ႏွစ္ကိုယ္ၾကား ေျပာတဲ့ စကားေတြ အေသးစိတ္ကို သူ႔ေယာက္်ားက သိေနခဲ့တာက ဒီဇာတ္လမ္းစခဲ့တယ္လို႔ ေအမီက ေျပာတယ္။

"သူက စကားထဲကို တစ္ခုခု ထည့္ေျပာလိုက္တယ္။ ဥပမာ - ဆယ္ရာ့ ကေလး အေၾကာင္းလိုမ်ိဳးေပါ့။ ဒါက သူဘယ္လိုမွ မသိႏိုင္တဲ့ အခ်င္းခ်င္းပဲ ေျပာတဲ့ ကိစၥမ်ိဳး၊ ကြၽန္မက သူ႔ကို ေမးလိုက္ရင္ ကြၽန္မသူ႔ကို ေျပာဖူးတယ္ေလ၊ ေမ့ေနျပန္ၿပီ ဆိုတဲ့ ပုံစံမ်ိဳး ျပန္ေျပာတယ္"

ေအမီ - နာမည္အရင္းမဟုတ္- က သူဘယ္မွာ ရွိေနတာဆိုတာ အၿမဲတမ္း သူ႔ေယာက္်ား ဘယ္လို သိေနလဲလို႔ တျဖည္းျဖည္း အံ့ၾသလာတယ္။

"တစ္ခါတေလက်ရင္ ကြၽန္မသူငယ္ခ်င္းေတြနဲ႔ ေကာ္ဖီဆိုင္မွာထိုင္ေနတာ ေတြ႕တယ္ဆိုတာမ်ိဳး သူကေျပာတယ္။ အဲဒီနားကို ျဖတ္သြားရင္း ေတြ႕တာလို႔ ေျပာတယ္။ ကြၽန္မလည္း အဲဒီမွာ စၿပီး ဒါေတြ ဘယ္လိုျဖစ္လို႔ သိေနတာလဲ ဆိုတာ သိခ်င္လာတယ္။ ဘယ္သူ႔ကိုမွလည္း မယုံေတာ့ဘူး။ သူငယ္ခ်င္းေတြကိုေတာင္ မယုံေတာ့ဘူး" လို႔ သူက ေျပာတယ္။

တျဖည္းျဖည္းၾကာလာေတာ့ အဲဒါေတြမ်ိဳးေတြက ပိုမ်ားလာတယ္။

ဒီလိုနဲ႔ သူတို႔ မိသားစု ေဟာ္လိုးဝင္း ခရီးတစ္ခု သြားရင္း သူတို႔ရဲ႕ ေၾကာက္စရာ အိမ္ေထာင္ေရးအေၾကာင္းကို သိလိုက္ရတယ္။

"ရွားရွားပါး ပိတ္ရက္ကေလးမွာ မိသားစု ေ႐ႊဖ႐ုံသီးခင္းထဲကို သြားတာေပါ့။ သားေလးက အသက္ေျခာက္ႏွစ္၊ သူက အရမ္းေပ်ာ္ၿပီး ေဆာ့ေနတယ္" လို႔ သူက ေျပာတယ္။

"အဲဒီမွာ ကြၽန္မ ေယာက္်ားက စိုက္ခင္းထဲမွာ သူဖုန္းနဲ႔ ႐ိုက္ထားတဲ့ ဓာတ္ပုံ ကြၽန္မကို ျပတယ္။ အဲဒီအခ်ိန္မွာပဲ သူ႔ဖုန္း ေပၚမွာ စာသား ေပၚလာတယ္။ 'ေအမီ့ Mac ကြန္ပ်ဴတာအတြက္ ေန႔စဥ္ သတင္းတင္ျပခ်က္ ၾကည့္လို႔ရပါၿပီ' တဲ့"

"အရမ္းလန႔္သြားတယ္။ တစ္မိနစ္ေလာက္ အသက္ေတာင္ မရႈႏိုင္ဘူး။ အဲဒါနဲ႔ အိမ္သာသြားမယ္ဆိုၿပီး ခဏ ထြက္လာလိုက္ရတယ္။ သားေလးလည္း ရွိေနေတာ့ ႐ုပ္မပ်က္ အဲဒီမွာ ရွိဖို႔လိုတယ္။ ဘာမွာ မျမင္သလို ေနလိုက္ရတယ္"

"ေနာက္ ဒါကို အေျဖရွာဖို႔ အခြင့္အေရး ရရခ်င္း စာၾကည့္တိုက္ကိုသြား ကြန္ပ်ဴတာကိုဖြင့္ၿပီး သူသုံးတဲ့ ေထာက္လွမ္းေရး ေဆာ့ဖ္ဝဲကို ၾကည့္လိုက္တယ္။ ဒီေတာ့မွ သူဘာေတြ လုပ္ေနတယ္ဆိုတာ အကုန္သိလိုက္ရတယ္။ ကြၽန္မ အရမ္းကို ေသြးပ်က္သြားတယ္"

Stalkerware ဒါမွမဟုတ္ spouseware ဆိုတာ အြန္လိုင္းမွာ ေပၚေပၚတင္တင္ ေရာင္းေနတဲ့ ေထာက္လွမ္းေရး ေဆာ့ဖ္ဝဲေတြ။

ဒီေဆာ့ဖ္ဝဲ စက္ထဲေရာက္လာၿပီဆိုတာနဲ႔ မက္ေဆ့ခ်္ေတြ အကုန္ဖတ္လို႔ရတယ္။ ဖုန္းစခရင္မွာ ကိုယ္ၾကည့္တာ၊ သုံးေနတာေတြကို မွတ္တမ္းတင္ထားတယ္၊ သြားတဲ့ေနရာေတြကို GPS နဲ႔ ေျခရာခံတယ္၊ ကိုယ္လုပ္ေနတာေတြကို ကင္မရာေတြက စပိုင္လုပ္တယ္။


နာမည္ေက်ာ္ ဆိုင္ဘာလုံၿခဳံေရး ကုမၸဏီႀကီး ကပ္စ္ပါစကီး Kaspersky ရဲ႕ အဆိုအရ ဒီလို စပိုင္ ေဆာ့ဖ္ဝဲသုံးေနတာေတြ သူတို႔နည္းပညာအကာအကြယ္ရွိတဲ့ ပစၥည္းေတြရဲ႕ ၃၅ ရာခိုင္ႏႈန္းေလာက္မွာ မႏွစ္က ေတြ႕ခဲ့တယ္လို႔ သိရတယ္။

သုေတသနသမားေတြက သူတို႔ရဲ႕ လုံၿခဳံေရး နည္းပညာေတြက တဆင့္ ဒီလို stalkerware ေတြ စက္အလုံး သုံးေသာင္းေက်ာ္၊ ေလးေသာင္းနီးပါးမွာ ေတြ႕ခဲ့တယ္လို႔ ေျပာတယ္။

ဒါက တကယ္ျဖစ္ေနတာထက္စာရင္ သူတို႔သိတဲ့ အပ္ဖ်ားတစ္ေထာက္စာေလာက္ပဲ ရွိတယ္လို႔ အဖြဲ႕ေခါင္းေဆာင္က ေျပာတယ္။

"လူအမ်ားစုက ကြန္ပ်ဴတာေတြ၊ လက္ပ္ေတာ့ေတြကိုေတာ့ ကာကြယ္ထားတတ္ၾကတယ္။ ဒါေပမယ့္ အေတာ္မ်ားမ်ားက ဖုန္းေတြကိုေတာ့ မကာကြယ္ထားၾကဘူး" လို႔ သူက ေျပာတယ္။

ဒီအခ်က္အလက္က သူတို႔ နည္းပညာသုံးတဲ့ ဖုန္းေတြဆီကေလာက္ပဲ ရထားေသးတာဆိုေတာ့ တကယ့္ အျပင္မွာ ဘယ္ေလာက္မ်ားမ်ား ျဖစ္ေနတယ္ဆိုတာ မသိႏိုင္ဘူးလို႔ သူက ေျပာပါတယ္။

ကပ္စ္ပါစကီးက ေတြ႕ထားသမွ်ေတာ့ ႐ုရွားက stalkerware အသုံး အမ်ားဆုံး ႏိုင္ငံ ျဖစ္တယ္။ အိႏၵိယ၊ ဘရာဇီး၊ အေမရိကန္နဲ႔ ဂ်ာမနီကလည္း ထိပ္တန္း ငါးႏိုင္ငံထဲမွာပါတယ္။ ယူေကက အဆင့္ ရွစ္မွာ ရွိၿပီး ဖုန္း အလုံး ၇၃၀ မွာ ေတြ႕ခဲ့တယ္။

တျခား လုံၿခဳံေရး ကုမၸဏီ တစ္ခုကေတာ့ ကိုယ့္ကို စပိုင္ လုပ္တာ ခံေနရၿပီလို႔ သံသယ ရွိရင္ လုပ္လို႔ရတဲ့ လက္ေတြ႕က်တဲ့ နည္းေတြ ရွိတယ္လို႔ ဆိုတယ္။

ကိုယ့္ဖုန္းမွာ ဘယ္ app ေတြ ရွိတယ္ဆိုတာ အၿမဲတမ္း စစ္သင့္တယ္။ ဗိုင္းရပ္စ္ ရွင္းတာလည္း လိုအပ္တဲ့ အခါမ်ိဳးမွာ လုပ္ေပါ့။ ကိုယ္မသိဘဲ ဖုန္းထဲေရာက္ေနတဲ့ app ေတြ႕ရင္ အြန္လိုင္းမွာ အဲဒါဘာလဲလို႔ ရွာၾကည့္ ၿပီးရင္ အဲဒါေတြကို ဖ်က္ပစ္လို႔ ေျပာပါတယ္။

အ႐ိုးရွင္းဆုံး နည္းလမ္းကေတာ့ ကိုယ္မသုံးတဲ့ app ဆိုရင္ ဖ်က္ပစ္လိုက္ပါလို႔ ေျပာပါတယ္။

ေအမီကေတာ့ သူ႔ကြန္ပ်ဴတာမွာ သံသယနဲ႔ ေစာင့္ၾကည့္ခံေနၿပီဆိုတာ သိလိုက္ရကတည္းက နည္းပညာေတြကို အယုံအၾကည္ လုံးဝမရွိေတာ့ဘူး။

ဂ်က္ဆီကာကေတာ့ stalkerware ရဲ႕ ေျခရာခံရတဲ့ ေနာက္ထပ္ ဓားစာခံတစ္ေယာက္။ သူ႔ရဲ႕ ခင္ပြန္းေဟာင္းက သူ႔ဖုန္းရဲ႕ မိုက္က႐ိုဖုန္းကေန သူ႔ေျပာတာေတြ နားေထာင္ေနခဲ့တာ။ သူနဲ႔ သူ႔သူငယ္ခ်င္းေတြ အခ်င္းခ်င္း ႏွစ္ကိုယ္ၾကား ေျပာတာမ်ိဳးေတြ အကုန္လုံး နားေထာင္၊ သူ႔ကို အဲဒါေတြ ျပန္ေျပာၿပီး သူ႔ကို စိတ္ေခ်ာက္ျခားေအာင္ လုပ္တာ။

ဒါမ်ိဳး ျဖစ္ခဲ့တာ ႏွစ္ေတြ ေတာ္ေတာ္ေတာင္ၾကာခဲ့ၿပီ။ ဒါေပမဲ့ အခုခ်ိန္ထိ သူ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ရင္ ဖုန္းကို ကားထဲမွာ ထားပစ္ခဲ့တဲ့အထိ လန႔္ေနတုန္းပဲ။

နည္းပညာကို လက္နက္လို႔ ျမင္လာေစတယ္

ဒီလို စပိုင္လုပ္ေစာင့္ၾကည့္ခံရတာရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ အမ်ားႀကီးရွိတာေတြ႕ရတယ္လို႔ အိမ္တြင္းအၾကမ္းဖက္မႈတိုက္ဖ်က္ေရး လူမႈကူညီေရးအဖြဲ႕က ဂမ္မာက ေျပာတယ္။

"အဲဒါက တစ္ေယာက္ေယာက္ကို ယုံၾကည္မႈ ေလ်ာ့သြားေစတယ္။ ဒီလို လုပ္ခံခဲ့ရသူေတြက ဖုန္းေတြ၊ လက္ပ္ေတာ့ေတြကို လက္နက္ေတြလို႔ ျမင္လာေစတယ္" လို႔ သူက ေျပာတယ္။

"နည္းပညာက သူတို႔ ေျပးမလြတ္ေအာင္ ပိုက္ကြန္နဲ႔ အုပ္ထားတာလို႔ ေၾကာက္လန႔္သြားၿပီး ေတာ္ေတာ္မ်ားမ်ား အင္တာနက္ေတာင္ မသုံးေတာ့တဲ့သူေတြေတာင္ ရွိတယ္" လို႔ သူုက ေျပာျပပါတယ္။

ေအမီက အေမရိကန္မွာေနတာ။ အခုေတာ့ သူ ကြာရွင္းလိုက္ၿပီ။ အဲဒီ ေယာက္်ားနဲ႔ မိုင္ေပါင္းမ်ားစြာ ေဝးတဲ့ ေနရာမွာ ေနေနပါၿပီ။

သူ႔ကို အဲဒီ အမ်ိဳးသား တိုက္႐ိုက္ဆက္သြယ္လို႔မရေအာင္ ဥပေဒ အရလည္း ကာကြယ္ေပးခံထားရၿပီ။ သူ႔သားေလး နဲ႔ ပတ္သက္ၿပီး ဆက္သြယ္ဖို႔လိုရင္လည္း စာနဲ႔ပဲ ဆက္သြယ္ခြင့္ ရွိေတာ့တယ္။

ဒီလိုမ်ိဳး နည္းပညာ အလြဲသုံးတာမ်ိဳး တားျမစ္ဖို႔ ဥပေဒေတြ ရွိသင့္ၿပီလို႔ ေအမီက ေျပာပါတယ္။

ကိုယ္မသိတဲ့၊ မလိုအပ္တဲ့ app ေတြကို ဖ်က္ပစ္လိုက္ပါ
လက္ေတြ႕ စမ္းသပ္သုံးစြဲျခင္း

လူေတြသုံးေနတဲ့ထဲက နာမည္ အႀကီးဆုံး ေဆာ့ဖ္ဝဲတစ္ခုကို သုံးလစာ ေထာက္လွမ္းေရး လုပ္ေပးဖို႔ အေမရိကန္ ေဒၚလာ ၁၈၀ ေလာက္ေပးၿပီး စမ္းသပ္ခဲပါတယ္။

အဲဒါကို အြန္လိုင္းက ဝယ္ၿပီး ႐ုံးက ဖုန္းမွာ စမ္းသပ္ခဲ့ပါတယ္။

စပိုင္ဝဲကုမၸဏီေတြက သူတို႔ ေဆာ့ဝဲကို ဝန္ထမ္းေစာင့္ၾကည့္ျခင္းတို႔ မိဘက ထိန္းသိမ္းေစာင့္ၾကည့္ျခင္း တို႔လို နာမည္ေတြတပ္ၿပီး ေၾကာ္ျငာပါတယ္။

ႏိုင္ငံေတာ္ေတာ္မ်ားမ်ားနဲ႔ ယူေကမွာ အိမ္ေထာင္ဖက္ေတြရဲ႕ဖုန္းမွာ သူတို႔ မသိဘဲ ေထာက္လွမ္းေစာင့္ၾကည့္တဲ့ ေဆာ့ဖ္ဝဲေတြ ထည့္ၿပီးေစာင့္ၾကည့္တာ ဥပေဒခ်ိဳးေဖာက္တာပါ။ ဒါေၾကာင့္ ေရာင္းတဲ့ ကုမၸဏီေတြက အဲဒါကို သတိေတာ့ ေပးပါတယ္။

ဒါေပမဲ့ သူတို႔ထဲက တခ်ိဳ႕ကပဲ မယုံရတဲ့ ဇနီး၊ခင္ပြန္းေတြကို စပိုင္လုပ္ဖို႔ အသုံးဝင္တယ္လို႔လည္း ၫႊန္းပါတယ္။

ဒီေဆာ့ဖ္ဝဲက စက္မွာ တပ္ၿပီးတာနဲ႔ သူရွိေနမွန္းမသိေစရဘဲ ကိုယ္ေပ်ာက္ အလုပ္လုပ္တယ္လို႔ စမ္းသပ္ဝယ္ယူတဲ့ ေဆာ့ဖ္ဝဲကိုေရာင္းတဲ့ ကုမၸဏီက သူတို႔ ေဆာ့ဖ္ဝဲ အေၾကာင္းကို ေျပာပါတယ္။

ဒါကို စမ္းသပ္တာနဲ႔အတူ နာမည္ေက်ာ္ လုံၿခဳံေရး ေဆာ့ဖ္ဝဲ ငါးမ်ိဳးကိုလည္း ေဒါင္းလုတ္လုပ္ၿပီး အဲဒီ စပိုင္ဝဲ အထည့္ခံထားရတဲ့ ဖုန္းမွာ စမ္းသပ္ပါတယ္။

အဲဒီ လုံၿခဳံေရး ေဆာ့ဖ္ဝဲေတြ အကုန္လုံးက အႏၲရာယ္ရွိႏိုင္တဲ့ ေဆာ့ဖ္ဝဲရွိေနၿပီလို႔ သတိေပးတာေတြ ထြက္လာတာကို ေတြ႕ရပါတယ္။

BBC Burmese
https://www.bbc.com
----------------
Unicode
Stalkerware - ချစ်သူကို တိတ်တဆိတ် စုံစမ်းထောက်လှမ်းတဲ့ ဆော့ဖ်ဝဲ


Image caption စာတွေ၊ အီးမေးလ်တွေဖတ်လို့ရမယ့်အပြင် ကင်မရာသုံးပြီးလည်းစောင့်ကြည့်နေနိုင်

သူနဲ့ သူသူငယ်ချင်းတွေ နှစ်ကိုယ်ကြား ပြောတဲ့ စကားတွေ အသေးစိတ်ကို သူ့ယောက်ျားက သိနေခဲ့တာက ဒီဇာတ်လမ်းစခဲ့တယ်လို့ အေမီက ပြောတယ်။

"သူက စကားထဲကို တစ်ခုခု ထည့်ပြောလိုက်တယ်။ ဥပမာ - ဆယ်ရာ့ ကလေး အကြောင်းလိုမျိုးပေါ့။ ဒါက သူဘယ်လိုမှ မသိနိုင်တဲ့ အချင်းချင်းပဲ ပြောတဲ့ ကိစ္စမျိုး၊ ကျွန်မက သူ့ကို မေးလိုက်ရင် ကျွန်မသူ့ကို ပြောဖူးတယ်လေ၊ မေ့နေပြန်ပြီ ဆိုတဲ့ ပုံစံမျိုး ပြန်ပြောတယ်"

အေမီ - နာမည်အရင်းမဟုတ်- က သူဘယ်မှာ ရှိနေတာဆိုတာ အမြဲတမ်း သူ့ယောက်ျား ဘယ်လို သိနေလဲလို့ တဖြည်းဖြည်း အံ့သြလာတယ်။

"တစ်ခါတလေကျရင် ကျွန်မသူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်မှာထိုင်နေတာ တွေ့တယ်ဆိုတာမျိုး သူကပြောတယ်။ အဲဒီနားကို ဖြတ်သွားရင်း တွေ့တာလို့ ပြောတယ်။ ကျွန်မလည်း အဲဒီမှာ စပြီး ဒါတွေ ဘယ်လိုဖြစ်လို့ သိနေတာလဲ ဆိုတာ သိချင်လာတယ်။ ဘယ်သူ့ကိုမှလည်း မယုံတော့ဘူး။ သူငယ်ချင်းတွေကိုတောင် မယုံတော့ဘူး" လို့ သူက ပြောတယ်။

တဖြည်းဖြည်းကြာလာတော့ အဲဒါတွေမျိုးတွေက ပိုများလာတယ်။

ဒီလိုနဲ့ သူတို့ မိသားစု ဟော်လိုးဝင်း ခရီးတစ်ခု သွားရင်း သူတို့ရဲ့ ကြောက်စရာ အိမ်ထောင်ရေးအကြောင်းကို သိလိုက်ရတယ်။

"ရှားရှားပါး ပိတ်ရက်ကလေးမှာ မိသားစု ရွှေဖရုံသီးခင်းထဲကို သွားတာပေါ့။ သားလေးက အသက်ခြောက်နှစ်၊ သူက အရမ်းပျော်ပြီး ဆော့နေတယ်" လို့ သူက ပြောတယ်။

"အဲဒီမှာ ကျွန်မ ယောက်ျားက စိုက်ခင်းထဲမှာ သူဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ ကျွန်မကို ပြတယ်။ အဲဒီအချိန်မှာပဲ သူ့ဖုန်း ပေါ်မှာ စာသား ပေါ်လာတယ်။ 'အေမီ့ Mac ကွန်ပျူတာအတွက် နေ့စဉ် သတင်းတင်ပြချက် ကြည့်လို့ရပါပြီ' တဲ့"

"အရမ်းလန့်သွားတယ်။ တစ်မိနစ်လောက် အသက်တောင် မရှုနိုင်ဘူး။ အဲဒါနဲ့ အိမ်သာသွားမယ်ဆိုပြီး ခဏ ထွက်လာလိုက်ရတယ်။ သားလေးလည်း ရှိနေတော့ ရုပ်မပျက် အဲဒီမှာ ရှိဖို့လိုတယ်။ ဘာမှာ မမြင်သလို နေလိုက်ရတယ်"

"နောက် ဒါကို အဖြေရှာဖို့ အခွင့်အရေး ရရချင်း စာကြည့်တိုက်ကိုသွား ကွန်ပျူတာကိုဖွင့်ပြီး သူသုံးတဲ့ ထောက်လှမ်းရေး ဆော့ဖ်ဝဲကို ကြည့်လိုက်တယ်။ ဒီတော့မှ သူဘာတွေ လုပ်နေတယ်ဆိုတာ အကုန်သိလိုက်ရတယ်။ ကျွန်မ အရမ်းကို သွေးပျက်သွားတယ်"

Stalkerware ဒါမှမဟုတ် spouseware ဆိုတာ အွန်လိုင်းမှာ ပေါ်ပေါ်တင်တင် ရောင်းနေတဲ့ ထောက်လှမ်းရေး ဆော့ဖ်ဝဲတွေ။

ဒီဆော့ဖ်ဝဲ စက်ထဲရောက်လာပြီဆိုတာနဲ့ မက်ဆေ့ချ်တွေ အကုန်ဖတ်လို့ရတယ်။ ဖုန်းစခရင်မှာ ကိုယ်ကြည့်တာ၊ သုံးနေတာတွေကို မှတ်တမ်းတင်ထားတယ်၊ သွားတဲ့နေရာတွေကို GPS နဲ့ ခြေရာခံတယ်၊ ကိုယ်လုပ်နေတာတွေကို ကင်မရာတွေက စပိုင်လုပ်တယ်။

နာမည်ကျော် ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီကြီး ကပ်စ်ပါစကီး Kaspersky ရဲ့ အဆိုအရ ဒီလို စပိုင် ဆော့ဖ်ဝဲသုံးနေတာတွေ သူတို့နည်းပညာအကာအကွယ်ရှိတဲ့ ပစ္စည်းတွေရဲ့ ၃၅ ရာခိုင်နှုန်းလောက်မှာ မနှစ်က တွေ့ခဲ့တယ်လို့ သိရတယ်။

သုတေသနသမားတွေက သူတို့ရဲ့ လုံခြုံရေး နည်းပညာတွေက တဆင့် ဒီလို stalkerware တွေ စက်အလုံး သုံးသောင်းကျော်၊ လေးသောင်းနီးပါးမှာ တွေ့ခဲ့တယ်လို့ ပြောတယ်။

ဒါက တကယ်ဖြစ်နေတာထက်စာရင် သူတို့သိတဲ့ အပ်ဖျားတစ်ထောက်စာလောက်ပဲ ရှိတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောတယ်။

"လူအများစုက ကွန်ပျူတာတွေ၊ လက်ပ်တော့တွေကိုတော့ ကာကွယ်ထားတတ်ကြတယ်။ ဒါပေမယ့် အတော်များများက ဖုန်းတွေကိုတော့ မကာကွယ်ထားကြဘူး" လို့ သူက ပြောတယ်။

ဒီအချက်အလက်က သူတို့ နည်းပညာသုံးတဲ့ ဖုန်းတွေဆီကလောက်ပဲ ရထားသေးတာဆိုတော့ တကယ့် အပြင်မှာ ဘယ်လောက်များများ ဖြစ်နေတယ်ဆိုတာ မသိနိုင်ဘူးလို့ သူက ပြောပါတယ်။

ကပ်စ်ပါစကီးက တွေ့ထားသမျှတော့ ရုရှားက stalkerware အသုံး အများဆုံး နိုင်ငံ ဖြစ်တယ်။ အိန္ဒိယ၊ ဘရာဇီး၊ အမေရိကန်နဲ့ ဂျာမနီကလည်း ထိပ်တန်း ငါးနိုင်ငံထဲမှာပါတယ်။ ယူကေက အဆင့် ရှစ်မှာ ရှိပြီး ဖုန်း အလုံး ၇၃၀ မှာ တွေ့ခဲ့တယ်။

တခြား လုံခြုံရေး ကုမ္ပဏီ တစ်ခုကတော့ ကိုယ့်ကို စပိုင် လုပ်တာ ခံနေရပြီလို့ သံသယ ရှိရင် လုပ်လို့ရတဲ့ လက်တွေ့ကျတဲ့ နည်းတွေ ရှိတယ်လို့ ဆိုတယ်။

ကိုယ့်ဖုန်းမှာ ဘယ် app တွေ ရှိတယ်ဆိုတာ အမြဲတမ်း စစ်သင့်တယ်။ ဗိုင်းရပ်စ် ရှင်းတာလည်း လိုအပ်တဲ့ အခါမျိုးမှာ လုပ်ပေါ့။ ကိုယ်မသိဘဲ ဖုန်းထဲရောက်နေတဲ့ app တွေ့ရင် အွန်လိုင်းမှာ အဲဒါဘာလဲလို့ ရှာကြည့် ပြီးရင် အဲဒါတွေကို ဖျက်ပစ်လို့ ပြောပါတယ်။

အရိုးရှင်းဆုံး နည်းလမ်းကတော့ ကိုယ်မသုံးတဲ့ app ဆိုရင် ဖျက်ပစ်လိုက်ပါလို့ ပြောပါတယ်။

အေမီကတော့ သူ့ကွန်ပျူတာမှာ သံသယနဲ့ စောင့်ကြည့်ခံနေပြီဆိုတာ သိလိုက်ရကတည်းက နည်းပညာတွေကို အယုံအကြည် လုံးဝမရှိတော့ဘူး။

ဂျက်ဆီကာကတော့ stalkerware ရဲ့ ခြေရာခံရတဲ့ နောက်ထပ် ဓားစာခံတစ်ယောက်။ သူ့ရဲ့ ခင်ပွန်းဟောင်းက သူ့ဖုန်းရဲ့ မိုက်ကရိုဖုန်းကနေ သူ့ပြောတာတွေ နားထောင်နေခဲ့တာ။ သူနဲ့ သူ့သူငယ်ချင်းတွေ အချင်းချင်း နှစ်ကိုယ်ကြား ပြောတာမျိုးတွေ အကုန်လုံး နားထောင်၊ သူ့ကို အဲဒါတွေ ပြန်ပြောပြီး သူ့ကို စိတ်ချောက်ခြားအောင် လုပ်တာ။

ဒါမျိုး ဖြစ်ခဲ့တာ နှစ်တွေ တော်တော်တောင်ကြာခဲ့ပြီ။ ဒါပေမဲ့ အခုချိန်ထိ သူ သူငယ်ချင်းတွေနဲ့ တွေ့ရင် ဖုန်းကို ကားထဲမှာ ထားပစ်ခဲ့တဲ့အထိ လန့်နေတုန်းပဲ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption နည်းပညာကို လက်နက်လို့ မြင်လာစေတယ်

ဒီလို စပိုင်လုပ်စောင့်ကြည့်ခံရတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရှိတာတွေ့ရတယ်လို့ အိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး လူမှုကူညီရေးအဖွဲ့က ဂမ်မာက ပြောတယ်။

"အဲဒါက တစ်ယောက်ယောက်ကို ယုံကြည်မှု လျော့သွားစေတယ်။ ဒီလို လုပ်ခံခဲ့ရသူတွေက ဖုန်းတွေ၊ လက်ပ်တော့တွေကို လက်နက်တွေလို့ မြင်လာစေတယ်" လို့ သူက ပြောတယ်။

"နည်းပညာက သူတို့ ပြေးမလွတ်အောင် ပိုက်ကွန်နဲ့ အုပ်ထားတာလို့ ကြောက်လန့်သွားပြီး တော်တော်များများ အင်တာနက်တောင် မသုံးတော့တဲ့သူတွေတောင် ရှိတယ်" လို့ သူုက ပြောပြပါတယ်။

အေမီက အမေရိကန်မှာနေတာ။ အခုတော့ သူ ကွာရှင်းလိုက်ပြီ။ အဲဒီ ယောက်ျားနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ နေရာမှာ နေနေပါပြီ။

သူ့ကို အဲဒီ အမျိုးသား တိုက်ရိုက်ဆက်သွယ်လို့မရအောင် ဥပဒေ အရလည်း ကာကွယ်ပေးခံထားရပြီ။ သူ့သားလေး နဲ့ ပတ်သက်ပြီး ဆက်သွယ်ဖို့လိုရင်လည်း စာနဲ့ပဲ ဆက်သွယ်ခွင့် ရှိတော့တယ်။

ဒီလိုမျိုး နည်းပညာ အလွဲသုံးတာမျိုး တားမြစ်ဖို့ ဥပဒေတွေ ရှိသင့်ပြီလို့ အေမီက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုယ်မသိတဲ့၊ မလိုအပ်တဲ့ app တွေကို ဖျက်ပစ်လိုက်ပါ
လက်တွေ့ စမ်းသပ်သုံးစွဲခြင်း

လူတွေသုံးနေတဲ့ထဲက နာမည် အကြီးဆုံး ဆော့ဖ်ဝဲတစ်ခုကို သုံးလစာ ထောက်လှမ်းရေး လုပ်ပေးဖို့ အမေရိကန် ဒေါ်လာ ၁၈၀ လောက်ပေးပြီး စမ်းသပ်ခဲပါတယ်။

အဲဒါကို အွန်လိုင်းက ဝယ်ပြီး ရုံးက ဖုန်းမှာ စမ်းသပ်ခဲ့ပါတယ်။

စပိုင်ဝဲကုမ္ပဏီတွေက သူတို့ ဆော့ဝဲကို ဝန်ထမ်းစောင့်ကြည့်ခြင်းတို့ မိဘက ထိန်းသိမ်းစောင့်ကြည့်ခြင်း တို့လို နာမည်တွေတပ်ပြီး ကြော်ငြာပါတယ်။

နိုင်ငံတော်တော်များများနဲ့ ယူကေမှာ အိမ်ထောင်ဖက်တွေရဲ့ဖုန်းမှာ သူတို့ မသိဘဲ ထောက်လှမ်းစောင့်ကြည့်တဲ့ ဆော့ဖ်ဝဲတွေ ထည့်ပြီးစောင့်ကြည့်တာ ဥပဒေချိုးဖောက်တာပါ။ ဒါကြောင့် ရောင်းတဲ့ ကုမ္ပဏီတွေက အဲဒါကို သတိတော့ ပေးပါတယ်။

ဒါပေမဲ့ သူတို့ထဲက တချို့ကပဲ မယုံရတဲ့ ဇနီး၊ခင်ပွန်းတွေကို စပိုင်လုပ်ဖို့ အသုံးဝင်တယ်လို့လည်း ညွှန်းပါတယ်။

ဒီဆော့ဖ်ဝဲက စက်မှာ တပ်ပြီးတာနဲ့ သူရှိနေမှန်းမသိစေရဘဲ ကိုယ်ပျောက် အလုပ်လုပ်တယ်လို့ စမ်းသပ်ဝယ်ယူတဲ့ ဆော့ဖ်ဝဲကိုရောင်းတဲ့ ကုမ္ပဏီက သူတို့ ဆော့ဖ်ဝဲ အကြောင်းကို ပြောပါတယ်။

ဒါကို စမ်းသပ်တာနဲ့အတူ နာမည်ကျော် လုံခြုံရေး ဆော့ဖ်ဝဲ ငါးမျိုးကိုလည်း ဒေါင်းလုတ်လုပ်ပြီး အဲဒီ စပိုင်ဝဲ အထည့်ခံထားရတဲ့ ဖုန်းမှာ စမ်းသပ်ပါတယ်။

အဲဒီ လုံခြုံရေး ဆော့ဖ်ဝဲတွေ အကုန်လုံးက အန္တရာယ်ရှိနိုင်တဲ့ ဆော့ဖ်ဝဲရှိနေပြီလို့ သတိပေးတာတွေ ထွက်လာတာကို တွေ့ရပါတယ်။

BBC Burmese
https://www.bbc.com
Stalkerware - ခ်စ္သူကို တိတ္တဆိတ္ စုံစမ္းေထာက္လွမ္းတဲ့ ေဆာ့ဖ္ဝဲ Stalkerware - ခ်စ္သူကို တိတ္တဆိတ္ စုံစမ္းေထာက္လွမ္းတဲ့ ေဆာ့ဖ္ဝဲ Reviewed by THITHTOOLWIN on 03:11 Rating: 5
Powered by Blogger.