![]() |
RCSS/SSA ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ႀကီး ယြက္စစ္ ကို ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ ၂၀၁၉ ေအာက္တုိဘာ ၁၀ ရက္ေန႔က်င္းပတဲ့ PPST အစည္းအေ၀းမွာေတြ႕ရစဥ္ |
ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြ တစ္ဆုိ႔ေနရတဲ့ အေၾကာင္းရင္းဟာ တပ္မေတာ္က အပစ္ရပ္စဲေရး စာခ်ဳပ္ပါ သေဘာတူညီခ်က္ေတြအေပၚ ေလးစားလိုက္နာမႈ မရွိဘဲ ခ်ဳိးေဖာက္ေနတာေၾကာင့္လို႔ သွ်မ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ/သွ်မ္းျပည္တပ္မေတာ္ RCSS က ဒီေန႔ ေၾကညာခ်က္ထုတ္လိုက္ပါတယ္။
ေနျပည္ေတာ္မွာ မနက္ျဖန္ က်င္းပမယ့္ အပစ္ရပ္ေလးႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားကို RCSS ဥကၠ႒ ဦးေဆာင္တဲ့အဖဲြ႔ မတက္ေရာက္ႏုိင္တဲ့ ကိစၥနဲ႔ပတ္သက္လို႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ထည့္သြင္းေဖာ္ျပ ထားတာပါ။
တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ကေတာ့ - ဗုိလ္ခ်ဳပ္ႀကီး ယြက္စစ္နဲ႔ ကိုယ္စားလွယ္ေတြ သြားလာမယ့္ ကားလမ္းေၾကာင္းမွာ လံုျခံဳေရးစိုးရိမ္ရတာေၾကာင့္ တာခ်ီလိတ္ကေန ေလယာဥ္နဲ႔လာဖို႔ ေျပာၾကားတာျဖစ္တယ္လို႔ မေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ေလးႏွစ္ျပည့္ပြဲြ မတက္ေရာက္တာဟာလည္း တပ္မေတာ္က လက္တဲြကူညီမႈမရွိတဲ့အျပင္ ခရီးစဥ္ကို ပိတ္ပင္တားဆီး ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ RCSS က ဆုိပါတယ္။
တာခ်ီလိတ္ကေန သြားမယ္ဆုိရင္ ထုိင္းအာဏာပိုင္ေတြဆီကို ခြင့္ျပဳခ်က္ သံုးရက္မွ ငါးရက္အတြင္း ႀကိဳတင္ အေၾကာင္းၾကား ခြင့္ေတာင္းရမွာျဖစ္တာေၾကာင့္ တစ္ႏုိင္ငံလံုး အပစ္ခတ္ရပ္စဲေရးစာခ်ဴပ္ NCA လက္မွတ္ေရး ထိုးျခင္း ေလးႏွစ္ျပည့္ အခမ္းအနားကို တက္ေရာက္ဖို႔ အခ်ိန္မမီတာေၾကာင့္ မတက္ေရာက္ႏုိင္တာျဖစ္တယ္လုိ႔ RCSS က သတင္းထုတ္ျပန္ပါတယ္။
RCSS အဖဲြ႔ဟာ ေနျပည္ေတာ္မွာ က်င္းပမယ့္ NCA ေလးႏွစ္ေျမာက္အခမ္းနားကိုတက္ဖုိ႔ ဌာနခ်ဳပ္ လိြဳင္တုိင္းလ်န္း ကေန ဟိုမိန္း-ေတာင္ႀကီး လမ္းေၾကာင္းကေနလာဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။
ဗိုလ္ခ်ဴပ္ႀကီး ယြက္စစ္နဲ႔ ကိုယ္စားလွယ္ ၁၁ ေယာက္တုိ႔ဟာ ထုိင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ကို ေရာက္ရွိေနခ်ိန္မွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဴပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က တာခ်ီလိတ္လမ္းေၾကာင္းကသာလာဖို႔ ေျပာၾကားလာတာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
RCSS ရဲ႕ ခရီးစဥ္လမ္းေၾကာင္းကို အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးဗဟိုဌာန NRPC ထံ ေအာက္တုိဘာ ၁၀ ရက္ကတည္းက ထုိင္းႏုိင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ ႀကိဳတင္အေၾကာင္းၾကားခဲ႔တာလို႔ ဆုိပါတယ္။
တပ္မေတာ္ဘက္က ခရီးစဥ္ကို ေျပာင္းလဲခိုင္းလိုက္တာဟာ ဗုိလ္ခ်ဴပ္ႀကီး ယြက္စစ္တုိ႔ ဟိုမိန္းၿမိဳ႕က ျဖတ္သန္းသြား လာရင္ လူထုက ၀ိုင္းႀကိဳဆုိၿပီး စည္းရံုးေရးရယူမွာကို စိုးရိမ္တာ၊ ႏုိင္ငံေတာ္အစိုးရ အႀကီးအကဲေတြနဲ႔ တပ္မေတာ္ အၾကား အျပန္လွန္နားလည္မႈ မရွိတာေၾကာင့္ အစိုးရအဖြဲ႔အေပၚ ယံုၾကည္မႈပ်က္ေအာင္ေဆာင္ရြက္တာ၊ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈနဲ႔ တစ္ႏုိင္ငံလံုး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးအေပၚ မ်က္ကြယ္ျပဳ ခ်ိဳးေဖာက္တာျဖစ္ တယ္လို႔ RCSS က သံုးသပ္ထားပါတယ္။
လူထုနဲ႔ RCSS ေခါင္းေဆာင္တို႔ ေတြ႔ဆံုမွာကို တားျမစ္ဖို႔မရွိေၾကာင္း၊ NCA မွာ လက္မွတ္ထုိးထားတဲ့ အဖြဲ႔ေခါင္းေဆာင္ေတြ အားလံုးကို ေလးႏွစ္ျပည့္အခမ္းအနားကို တက္ေစခ်င္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ေျပာခြင့္ရသူ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။
RCSS အဖဲြ႔ကေတာ့ ကူညီေပးတဲ႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္နဲ႔ ဦးေဇာ္ေဌးတုိ႔ကို ေက်းဇူးတင္တဲ့အေၾကာင္း၊ NCA လက္မွတ္ေရးထုိးျခင္း ေလးႏွစ္ျပည့္အခမ္းအနားကို မတက္ႏုိင္တာဟာ တပ္မေတာ္ကေန လက္တြဲကူညီတာမရွိတဲ့ အျပင္ ခရီးစဥ္ကို ပိတ္ပင္တားဆီးတဲ့အေပၚ စိတ္မေကာင္းျဖစ္မိတယ္လုိ႔လည္း ထုတ္ျပန္ထားပါတယ္။
RFA Burmese
https://www.rfa.org
-------------
Unicode
ငြိမ်းချမ်းရေးတစ်ဆို့နေရတာ တပ်မတော်ကြောင့်လို့ RCSS ထုတ်ပြန်
RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၉ အောက်တိုဘာ ၁၀ ရက်နေ့ကျင်းပတဲ့ PPST အစည်းအဝေးမှာတွေ့ရစဉ်
Photo: Aung Moe Myint/RFA
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တစ်ဆို့နေရတဲ့ အကြောင်းရင်းဟာ တပ်မတော်က အပစ်ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်တွေအပေါ် လေးစားလိုက်နာမှု မရှိဘဲ ချိုးဖောက်နေတာကြောင့်လို့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
နေပြည်တော်မှာ မနက်ဖြန် ကျင်းပမယ့် အပစ်ရပ်လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို RCSS ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ မတက်ရောက်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြ ထားတာပါ။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ - ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ကိုယ်စားလှယ်တွေ သွားလာမယ့် ကားလမ်းကြောင်းမှာ လုံခြုံရေးစိုးရိမ်ရတာကြောင့် တာချီလိတ်ကနေ လေယာဉ်နဲ့လာဖို့ ပြောကြားတာဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လေးနှစ်ပြည့်ပွဲ မတက်ရောက်တာဟာလည်း တပ်မတော်က လက်တွဲကူညီမှုမရှိတဲ့အပြင် ခရီးစဉ်ကို ပိတ်ပင်တားဆီး ခဲ့တာကြောင့်ဖြစ်တယ်လို့ RCSS က ဆိုပါတယ်။
တာချီလိတ်ကနေ သွားမယ်ဆိုရင် ထိုင်းအာဏာပိုင်တွေဆီကို ခွင့်ပြုချက် သုံးရက်မှ ငါးရက်အတွင်း ကြိုတင် အကြောင်းကြား ခွင့်တောင်းရမှာဖြစ်တာကြောင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချူပ် NCA လက်မှတ်ရေး ထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အချိန်မမီတာကြောင့် မတက်ရောက်နိုင်တာဖြစ်တယ်လို့ RCSS က သတင်းထုတ်ပြန်ပါတယ်။
RCSS အဖွဲ့ဟာ နေပြည်တော်မှာ ကျင်းပမယ့် NCA လေးနှစ်မြောက်အခမ်းနားကိုတက်ဖို့ ဌာနချုပ် လွိုင်တိုင်းလျန်း ကနေ ဟိုမိန်း-တောင်ကြီး လမ်းကြောင်းကနေလာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဗိုလ်ချူပ်ကြီး ယွက်စစ်နဲ့ ကိုယ်စားလှယ် ၁၁ ယောက်တို့ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ကို ရောက်ရှိနေချိန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာချီလိတ်လမ်းကြောင်းကသာလာဖို့ ပြောကြားလာတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
RCSS ရဲ့ ခရီးစဉ်လမ်းကြောင်းကို အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဗဟိုဌာန NRPC ထံ အောက်တိုဘာ ၁၀ ရက်ကတည်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကြိုတင်အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။
တပ်မတော်ဘက်က ခရီးစဉ်ကို ပြောင်းလဲခိုင်းလိုက်တာဟာ ဗိုလ်ချူပ်ကြီး ယွက်စစ်တို့ ဟိုမိန်းမြို့က ဖြတ်သန်းသွား လာရင် လူထုက ဝိုင်းကြိုဆိုပြီး စည်းရုံးရေးရယူမှာကို စိုးရိမ်တာ၊ နိုင်ငံတော်အစိုးရ အကြီးအကဲတွေနဲ့ တပ်မတော် အကြား အပြန်လှန်နားလည်မှု မရှိတာကြောင့် အစိုးရအဖွဲ့အပေါ် ယုံကြည်မှုပျက်အောင်ဆောင်ရွက်တာ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပေါ် မျက်ကွယ်ပြု ချိုးဖောက်တာဖြစ် တယ်လို့ RCSS က သုံးသပ်ထားပါတယ်။
လူထုနဲ့ RCSS ခေါင်းဆောင်တို့ တွေ့ဆုံမှာကို တားမြစ်ဖို့မရှိကြောင်း၊ NCA မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ခေါင်းဆောင်တွေ အားလုံးကို လေးနှစ်ပြည့်အခမ်းအနားကို တက်စေချင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
RCSS အဖွဲ့ကတော့ ကူညီပေးတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဦးဇော်ဌေးတို့ကို ကျေးဇူးတင်တဲ့အကြောင်း၊ NCA လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတက်နိုင်တာဟာ တပ်မတော်ကနေ လက်တွဲကူညီတာမရှိတဲ့ အပြင် ခရီးစဉ်ကို ပိတ်ပင်တားဆီးတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
RFA Burmese
https://www.rfa.org
ၿငိမ္းခ်မ္းေရးတစ္ဆုိ႔ေနရတာ တပ္မေတာ္ေၾကာင့္လို႔ RCSS ထုတ္ျပန္
Reviewed by THITHTOOLWIN
on
01:33
Rating:
