၂၀၂၀ ေရြးေကာက္ပြဲ NLD အလားအလာ

NLD ပါတီေထာက္ခံသူမ်ား (ႏို၀င္ဘာ ၁ ရက္ေန႔ ၂၀၁၅)

( Zawgyi/ Unicode )

ျမန္မာ့ဒီမုိကေရစီ အသြင္ကူးေျပာင္းေရးမွာ ေရြးေကာက္ပြဲကတိေတြအတုိင္း အျပည့္အဝ အေကာင္အထည္ေဖၚႏိုင္ျခင္း မရွိေသးေပမယ့္လည္း NLD ပါတီဟာ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ေနရာအမ်ားစု ျပန္လည္ အႏိုင္ရေျခ ရွိတယ္လို႔ ျမန္မာ့ႏိုင္ငံေရး အကဲခတ္ပုဂၢဳိလ္တခ်ဳိ႕က သုံးသပ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္း ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂ်ပန္ခရီးစဥ္အတြင္း Nikkei Asian Review သတင္းဌာနနဲ႔ ေဆြးေႏြးေျဖၾကားခ်က္ေတြ ထြက္ေပၚလာအၿပီး အခုလို သုံးသပ္လိုက္ၾကတာလည္း ျဖစ္ပါတယ္။ အေၾကာင္းစုံကို ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာပါ။

ဂ်ပန္သတင္းဌာနတခုျဖစ္တဲ့ Nikkei Asian Review နဲ႔ ေျဖၾကားခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္က လက္ရွိ NLD အစိုးရသက္တမ္းအတြင္း ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ျဖစ္ႏိုင္ဖြယ္ မရွိေသးေၾကာင္း ေျပာၾကားခဲ့တာပါ။ ၂၀၁၅ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလတုန္းက ေရြးေကာက္ပြဲအႏိုင္ရခဲ့ရင္ NLD ပါတီ ဖြဲ႔စည္းပုံဥပေဒ ျပင္ဆင္ေရးအပါအဝင္ အပစ္ရပ္ၿငိမ္းခ်မ္းေရးကိစၥကိုလည္း ေအာင္ျမင္ေအာင္ လုပ္သြား မယ္လို႔ ကတိေပးခဲ့ပါတယ္။ ဒီေတာ့ ေရြးေကာက္ပြဲကတိေတြအတုိင္း အျပည့္အဝ အေကာင္အထည္ေဖၚႏိုင္ျခင္း မရွိေသးတဲ့ NLD ပါတီ အေနနဲ႔ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲ အလားအလာ ေကာင္းႏုိင္မွာပါလား။

ဂ်ာမနီႏိုင္ငံမွာေနထိုင္တဲ့ ဘာလင္တကၠသိုလ္ အာရွေရးရာဌာန အျငိမ္းစားကထိက ဦးခင္ေမာင္ေစာရဲ႕ အျမင္ကိုၾကည့္ရေအာင္ပါ။

“က်ေနာ္ျမင္တာကေတာ့ NLD ပဲ ႏိုင္ဦးမွာပဲ။ အစိုးရဖြဲ႔ရင္ေတာ့ NLD က ၅၁ ရာခိုင္ႏႈန္းရေနမယ္ေလ။ အဲလိုရရင္ေတာ့ NLD အစိုးရ ျပန္ဖြဲ႔ႏိုင္မယ္။ တကယ္လို႔ ၅၁ ရာခိုင္ႏႈန္းမရခဲ့ေသာ္ အေျခအေနဆိုးမယ္၊ ခက္မယ္ ဘယ္လိုခက္ခဲမလဲဆိုေတာ့ NLD နဲ႔ ၿပိဳက္ဘက္ျဖစ္ေနတဲ့ ၾကံ႕ခိုင္ဖြ႔ံၿဖိဳးေရးပါတီ သူတို႕က ၁၅ ရာခိုင္ႏႈန္းပဲ အစိုးရ ဖြဲ႔ႏိုင္တဲ့အေျခအေနရွိမယ္။ အဲဒီက်ရင္ သူတို႔က တိုင္းရင္းသားပါတီေတြ ကို ခင္ဗ်ားတို႔ က်ေနာ္တို႔နဲ႔လာေပါင္း ဆိုၿပီးေတာ့ လုပ္လိုက္ရင္ သူတို႔က ၅၀ ရာခိုင္ႏႈန္း ခ်က္ခ်င္းေက်ာ္သြားႏိုင္တယ္ က်ေနာ္အဲလိုပဲ ျမင္တယ္။”

ျမန္မာျပည္သူလူထု အေနနဲ႔ကေတာ့ ဒီမိုကေရစီ မဆန္တဲ့ ၊ ကန္႔သတ္မႈေတြ မ်ားျပားလြန္းတဲ့ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံ ဥပေဒကုိ ျပင္ဆင္ဖို႔ လိုလားေနတာပါ။ ဒါကိုျပင္ဆင္မယ္ဆိုတဲ့ NLD ပါတီကိုလည္း ေထာက္ခံမႈ အျပည့္အဝ ေပးထားေပမဲ့ ၂၀၀၈ ဖြဲ႔စည္းပုံကိုယ္ႏႈိက္က ျပင္ဆင္ရ ခက္ေအာင္ လုပ္ထားတာေၾကာင့္ ျပည္သူေတြကေတာ့ ဒီမုိကေရစီအသြင္ကူးေျပာင္းေရးအတြက္ အျခားပါတီေတြထက္စာရင္ NLD ကို ျပန္ၿပီး မဲေပးဖုိ႔မ်ားတယ္လို႔ သုံးသပ္သူက အေမရိကန္ အင္ဒီယားနားျပည္နယ္က ျမန္မာ့အေရးအကဲခတ္ပုဂၢဳိလ္ ေဒါက္တာ တင့္ေဆြျဖစ္ပါတယ္။

“NLD က ဖြဲ႔စည္းပုံျပင္ဆင္ေရးဦးတည္ခ်က္ႀကီးနဲ႔အစိုးရ တက္လာတယ္၊ တက္လာေတာ့ မလုပ္ဘူးလားလို႔ေမးရင္ ၃ ႏွစ္ေလာက္အတြင္းကို သိသိသာသာေျခလွမ္းႀကီးတခုရေအာင္ လုပ္ခဲ့တယ္။ ဖြဲ႔စည္းပုံေရးခဲ့တုန္းကလည္။ နအဖ စစ္အစိုးရက ၃ ႏွစ္ၾကာေအာင္ ေရးခဲ့တာ။ NLD က အဲလိုမျပင္ႏိုင္ေသးေတာ့ ဘယ္ပါတီကမ်ားျပင္မလဲလို႔ရွာရင္ ႀကံ႕ခိုင္ေရးကလညး္ ျပင္မွာမဟုတ္ဘူး၊ စစ္တပ္ကလည္း သူတို႔အလိုက်ျဖစ္ေအာင္ ႀကိဳးစားေနတယ္ ။ အဲဒါေၾကာင့္ ဖြဲ႔စည္းပံုမျပင္ႏိုင္ေသးလို႔ ဆိုတဲ့အခ်က္ေၾကာင့္ NLD ကို မဲေလ်ာ့ေပးမလားဆိုတာကိုေတာ့ က်ေနာ္ သံသယရွိပါတယ္။”

ျမန္မာႏိုင္ငံရဲ႕ လက္ရွိဖြဲ႔စည္းမႈအရ တုိင္းေဒသႀကီး (၇)ခုနဲ႔ တုိင္းရင္းသားေတြရွိတဲ့ ျပည္နယ္(၇)ခု ရွိေနတာပါ။ NLD ပါတီဟာ ျပည္မျဖစ္တဲ့ တိုင္းေဒသႀကီးေတြမွာ အမ်ားစု အႏိုင္ရႏိုင္ေျခရွိေပမဲ့ တုိင္းရင္းသားေဒသေတြမွာ ျပႆနာေတြ ရွိခဲ့တာေၾကာင့္ ျပည္နယ္ေတြမွာ အႏို္င္ရဖို႔ ခက္ခဲလိမ့္မယ္လို႔ အျငိမ္းစားကထိက ဦးခင္ေမာင္ေစာက ရႈျမင္ပါတယ္။

“တုိင္းေဒသႀကီး (၇)ခုမွာေတာ့ သူတို႔ အမ်ားစုႏိုင္လိမ့္မယ္။ ျပည္နယ္ ၇ ခုမွာေတာ့ တခုမွ ႏိုင္မယ္မထင္ဘူး။ ျပည္နယ္ေတြမွာ အကုန္လံုးသူတို႔ နာမည္ပ်က္ထားတယ္။ ရခိုင္နဲ႔ဆိုရင္ အႀကီးအက်ယ္ နာမည္ပ်က္တယ္ ၿပီးရင္ ရွမ္းနဲ႔လည္းပ်က္တယ္၊ ၿပီးေတာ့ ကရင္နီ (ေခၚ) ကယားမွာလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုကိစၥနဲ႔ အႀကီးအက်ယ္ နာမည္ပ်က္ေနတယ္။ မြန္ျပည္နယ္မွာလည္း တံတားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းနာမည္ေပးတယ္။ ဆိုေတာ့ တိုင္းရင္းသားျပည္နယ္ ၇ ခုမွာ ႏိုင္ဖို႔အလားအလာမရွိဘူး။”

ဂ်ပန္ Nikkei Asian Review ရဲ႕ေမးျမန္းခ်က္ထဲမွာ NLD အစိုးရလက္ထက္ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈ ေႏွးေကြးေနတယ္ဆိုတဲ့ ေဝဖန္ခ်က္ အေပၚ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေရရွည္တည္တံ့မယ့္ အေျပာင္းအလဲေတြလုပ္တဲ့အခါ ေႏွးေကြးမႈေတြ ျဖစ္ႏိုင္တယ္လို႔ ေျဖၾကားသြား တာပါ။ ဒီလိုစီးပြားေရး ေႏွးေကြးမႈအေပၚ လူအမ်ားစုျဖစ္တဲ့ တေန႔လုပ္တေန႔စား ျပည္သူေတြက ေရြးေကာက္ပြဲမွာ တုံ႔ျပန္မႈ ေကာင္းႏိုင္ပါ့ မလား ဆုိတာက ေတြးစရာ ျဖစ္လာပါတယ္။ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင့္ေဆြက ခုလို ျမင္ပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအေျခအေနက ယို႔ယြင္းပ်က္စီးလာတာက ႏွစ္ေတြၾကာၿပီေပါ့ေနာ္။ ေနာက္ အရင္းအႏွီးမွာ ခရိုနီလို႔ေျပာတဲ့ စီးပြားေရးလုုပ္ငန္းရွင္ေတြ အရင္းအႏွီးေတြ အကုန္လံုးက သူတို႔လက္ထဲမွာ ရွိေနၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးက NLD ၄ႏွစ္၊ ၅ ႏွစ္လုပ္တာနဲ႔ေတာ့ ပိုေကာင္းလာမွာ မဟုတ္ဘူးဆိုတာကေတာ့ ကိုယ္ခ်င္းစာနားလည္မယ္လို႔ ယူဆပါတယ္။ သို႔ေသာ္လည္း ၾကည့္လို႔ရွိရင္ေတာ့ NLD ဟာ စီးပြားေရးတိုးတက္မႈ ေႏွးေကြးတာေၾကာင့္ ၂၀၁၅ နဲ႔ ၂၀၂၀ ဟာ အကြာျခားၾကီး ကြာျခားမယ္လို႔ က်ေနာ္မထင္ပါဘူး။”

၂၀၁၉ ခုႏွစ္အတြက္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးတုိးတက္မႈႏႈန္းဟာ ၆.၈% ရွိၿပီး အာဆီယံႏိုင္ငံေတြထဲမွာ တတိယေျမာက္ စီးပြားေရးဖြ႔႔ံၿဖဳိးမႈ အမ်ားဆုံး ျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က Nikkei Asian Review ကို တုန္႔ျပန္ေျပာပါတယ္။ ၂၀၀၈ ဖြဲ႔စည္းပုံအရ ျမန္မာႏိုင္ငံမွာ အာဏာရွိတဲ့အဖြဲ႔အစည္း ႏွစ္ရပ္ျဖစ္ေနတယ္လို႔ ေဝဖန္ၾကသလို၊ NLD ပါတီဟာ သူ လုပ္ခ်င္သေလာက္ ျပဳျပင္ေျပာင္းလဲေရးေတြကို စိတ္တိုင္းက် လုပ္ခြင့္မရပဲ ျဖစ္ေနတယ္လို႔ သုံးသပ္မႈေတြလည္း ရွိေနပါတယ္။

..................

( Unicode )

၂၀၂၀ ရွေးကောက်ပွဲ NLD အလားအလာ

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ရွေးကောက်ပွဲကတိတွေအတိုင်း အပြည့်အဝ အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးပေမယ့်လည်း NLD ပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နေရာအများစု ပြန်လည် အနိုင်ရခြေ ရှိတယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်ပုဂ္ဂိုလ်တချို့က သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း Nikkei Asian Review သတင်းဌာနနဲ့ ဆွေးနွေးဖြေကြားချက်တွေ ထွက်ပေါ်လာအပြီး အခုလို သုံးသပ်လိုက်ကြတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဂျပန်သတင်းဌာနတခုဖြစ်တဲ့ Nikkei Asian Review နဲ့ ဖြေကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ NLD အစိုးရသက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်နိုင်ဖွယ် မရှိသေးကြောင်း ပြောကြားခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတုန်းက ရွေးကောက်ပွဲအနိုင်ရခဲ့ရင် NLD ပါတီ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအပါအဝင် အပစ်ရပ်ငြိမ်းချမ်းရေးကိစ္စကိုလည်း အောင်မြင်အောင် လုပ်သွား မယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီတော့ ရွေးကောက်ပွဲကတိတွေအတိုင်း အပြည့်အဝ အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးတဲ့ NLD ပါတီ အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အလားအလာ ကောင်းနိုင်မှာပါလား။

ဂျာမနီနိုင်ငံမှာနေထိုင်တဲ့ ဘာလင်တက္ကသိုလ် အာရှရေးရာဌာန အငြိမ်းစားကထိက ဦးခင်မောင်စောရဲ့ အမြင်ကိုကြည့်ရအောင်ပါ။

“ကျနော်မြင်တာကတော့ NLD ပဲ နိုင်ဦးမှာပဲ။ အစိုးရဖွဲ့ရင်တော့ NLD က ၅၁ ရာခိုင်နှုန်းရနေမယ်လေ။ အဲလိုရရင်တော့ NLD အစိုးရ ပြန်ဖွဲ့နိုင်မယ်။ တကယ်လို့ ၅၁ ရာခိုင်နှုန်းမရခဲ့သော် အခြေအနေဆိုးမယ်၊ ခက်မယ် ဘယ်လိုခက်ခဲမလဲဆိုတော့ NLD နဲ့ ပြိုက်ဘက်ဖြစ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သူတို့က ၁၅ ရာခိုင်နှုန်းပဲ အစိုးရ ဖွဲ့နိုင်တဲ့အခြေအနေရှိမယ်။ အဲဒီကျရင် သူတို့က တိုင်းရင်းသားပါတီတွေ ကို ခင်ဗျားတို့ ကျနော်တို့နဲ့လာပေါင်း ဆိုပြီးတော့ လုပ်လိုက်ရင် သူတို့က ၅၀ ရာခိုင်နှုန်း ချက်ချင်းကျော်သွားနိုင်တယ် ကျနော်အဲလိုပဲ မြင်တယ်။”

မြန်မာပြည်သူလူထု အနေနဲ့ကတော့ ဒီမိုကရေစီ မဆန်တဲ့ ၊ ကန့်သတ်မှုတွေ များပြားလွန်းတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုလားနေတာပါ။ ဒါကိုပြင်ဆင်မယ်ဆိုတဲ့ NLD ပါတီကိုလည်း ထောက်ခံမှု အပြည့်အဝ ပေးထားပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုယ်နှိုက်က ပြင်ဆင်ရ ခက်အောင် လုပ်ထားတာကြောင့် ပြည်သူတွေကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အခြားပါတီတွေထက်စာရင် NLD ကို ပြန်ပြီး မဲပေးဖို့များတယ်လို့ သုံးသပ်သူက အမေရိကန် အင်ဒီယားနားပြည်နယ်က မြန်မာ့အရေးအကဲခတ်ပုဂ္ဂိုလ် ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။

“NLD က ဖွဲ့စည်းပုံပြင်ဆင်ရေးဦးတည်ချက်ကြီးနဲ့အစိုးရ တက်လာတယ်၊ တက်လာတော့ မလုပ်ဘူးလားလို့မေးရင် ၃ နှစ်လောက်အတွင်းကို သိသိသာသာခြေလှမ်းကြီးတခုရအောင် လုပ်ခဲ့တယ်။ ဖွဲ့စည်းပုံရေးခဲ့တုန်းကလည်။ နအဖ စစ်အစိုးရက ၃ နှစ်ကြာအောင် ရေးခဲ့တာ။ NLD က အဲလိုမပြင်နိုင်သေးတော့ ဘယ်ပါတီကများပြင်မလဲလို့ရှာရင် ကြံ့ခိုင်ရေးကလည်း ပြင်မှာမဟုတ်ဘူး၊ စစ်တပ်ကလည်း သူတို့အလိုကျဖြစ်အောင် ကြိုးစားနေတယ် ။ အဲဒါကြောင့် ဖွဲ့စည်းပုံမပြင်နိုင်သေးလို့ ဆိုတဲ့အချက်ကြောင့် NLD ကို မဲလျော့ပေးမလားဆိုတာကိုတော့ ကျနော် သံသယရှိပါတယ်။”

မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းမှုအရ တိုင်းဒေသကြီး (၇)ခုနဲ့ တိုင်းရင်းသားတွေရှိတဲ့ ပြည်နယ်(၇)ခု ရှိနေတာပါ။ NLD ပါတီဟာ ပြည်မဖြစ်တဲ့ တိုင်းဒေသကြီးတွေမှာ အများစု အနိုင်ရနိုင်ခြေရှိပေမဲ့ တိုင်းရင်းသားဒေသတွေမှာ ပြဿနာတွေ ရှိခဲ့တာကြောင့် ပြည်နယ်တွေမှာ အနိုင်ရဖို့ ခက်ခဲလိမ့်မယ်လို့ အငြိမ်းစားကထိက ဦးခင်မောင်စောက ရှုမြင်ပါတယ်။

“တိုင်းဒေသကြီး (၇)ခုမှာတော့ သူတို့ အများစုနိုင်လိမ့်မယ်။ ပြည်နယ် ၇ ခုမှာတော့ တခုမှ နိုင်မယ်မထင်ဘူး။ ပြည်နယ်တွေမှာ အကုန်လုံးသူတို့ နာမည်ပျက်ထားတယ်။ ရခိုင်နဲ့ဆိုရင် အကြီးအကျယ် နာမည်ပျက်တယ် ပြီးရင် ရှမ်းနဲ့လည်းပျက်တယ်၊ ပြီးတော့ ကရင်နီ (ခေါ်) ကယားမှာလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိစ္စနဲ့ အကြီးအကျယ် နာမည်ပျက်နေတယ်။ မွန်ပြည်နယ်မှာလည်း တံတားကို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးတယ်။ ဆိုတော့ တိုင်းရင်းသားပြည်နယ် ၇ ခုမှာ နိုင်ဖို့အလားအလာမရှိဘူး။”

ဂျပန် Nikkei Asian Review ရဲ့မေးမြန်းချက်ထဲမှာ NLD အစိုးရလက်ထက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှေးကွေးနေတယ်ဆိုတဲ့ ဝေဖန်ချက် အပေါ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရေရှည်တည်တံ့မယ့် အပြောင်းအလဲတွေလုပ်တဲ့အခါ နှေးကွေးမှုတွေ ဖြစ်နိုင်တယ်လို့ ဖြေကြားသွား တာပါ။ ဒီလိုစီးပွားရေး နှေးကွေးမှုအပေါ် လူအများစုဖြစ်တဲ့ တနေ့လုပ်တနေ့စား ပြည်သူတွေက ရွေးကောက်ပွဲမှာ တုံ့ပြန်မှု ကောင်းနိုင်ပါ့ မလား ဆိုတာက တွေးစရာ ဖြစ်လာပါတယ်။ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက ခုလို မြင်ပါတယ်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ယို့ယွင်းပျက်စီးလာတာက နှစ်တွေကြာပြီပေါ့နော်။ နောက် အရင်းအနှီးမှာ ခရိုနီလို့ပြောတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အရင်းအနှီးတွေ အကုန်လုံးက သူတို့လက်ထဲမှာ ရှိနေပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးက NLD ၄နှစ်၊ ၅ နှစ်လုပ်တာနဲ့တော့ ပိုကောင်းလာမှာ မဟုတ်ဘူးဆိုတာကတော့ ကိုယ်ချင်းစာနားလည်မယ်လို့ ယူဆပါတယ်။ သို့သော်လည်း ကြည့်လို့ရှိရင်တော့ NLD ဟာ စီးပွားရေးတိုးတက်မှု နှေးကွေးတာကြောင့် ၂၀၁၅ နဲ့ ၂၀၂၀ ဟာ အကွာခြားကြီး ကွာခြားမယ်လို့ ကျနော်မထင်ပါဘူး။”

၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၆.၈% ရှိပြီး အာဆီယံနိုင်ငံတွေထဲမှာ တတိယမြောက် စီးပွားရေးဖွ့ံ့ဖြိုးမှု အများဆုံး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Nikkei Asian Review ကို တုန့်ပြန်ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံမှာ အာဏာရှိတဲ့အဖွဲ့အစည်း နှစ်ရပ်ဖြစ်နေတယ်လို့ ဝေဖန်ကြသလို၊ NLD ပါတီဟာ သူ လုပ်ချင်သလောက် ပြုပြင်ပြောင်းလဲရေးတွေကို စိတ်တိုင်းကျ လုပ်ခွင့်မရပဲ ဖြစ်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
၂၀၂၀ ေရြးေကာက္ပြဲ NLD အလားအလာ ၂၀၂၀ ေရြးေကာက္ပြဲ NLD အလားအလာ Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.