တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ KNU ဥကၠ႒ ေတြ႕ဖို႔ ညႇိေန

အပစ္ရပ္စာခ်ဳပ္အေကာင္အထည္ေဖာ္ေရးအစည္းအေဝး မက်င္းပႏိုင္တာ တစ္ႏွစ္ေက်ာ္ေနၿပီျဖစ္
Zawgyi
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တစ္ဆို႔ေနမႈကို ေျဖရွင္းတဲ့ေနရာမွာ ေဆြးေႏြးဖက္အားလုံးပါဝင္ဖို႔လိုအပ္ၿပီး လူစုံတက္စုံမပါရင္ အထစ္အေငါ့ရွိတဲ့အခါ ေျပလည္ေအာင္ညႇိဖို႔ ေႏွာင့္ေႏွးႏိုင္တယ္လို႔ အပစ္ရပ္လက္မွတ္ထိုးအဖြဲ႕ျဖစ္တဲ့ RCSS အဖြဲ႕အႀကံေပး ဦးခြန္စိုင္းက ေျပာပါတယ္။

အပစ္ရပ္လက္မွတ္ထိုးထားတဲ့ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ရဲ႕ ေနျပည္ေတာ္ ခရီးစဥ္ ပ်က္တာဟာ လုံၿခဳံေရး အေျခအေနအရ စိတ္မခ်ရတဲ့အတြက္ တပ္မေတာ္ဘက္က ခြင့္မျပဳရ တာျဖစ္တယ္လို႔ တပ္မေတာ္သ တင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ကို ေလယာဥ္နဲ႔လာဖို႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ဘက္က အားလုံးစီစဥ္ေပးထား ေပမယ့္ RCSS ဘက္က ကုန္းလမ္းဘက္က လာခ်င္တာျဖစ္ၿပီး သူျဖတ္သန္းသြားမယ့္လမ္းေၾကာင္းမွာ ျပႆနာတခ်ိဳ႕ရွိေနတယ္လို႔ သူက ဆိုပါတယ္။

"သူျဖတ္သန္းသြားမယ့္လမ္းေၾကာင္းမွာ ပန္ပိ-ပန္တဝိနယ္ေျမမွာ ပအိုဝ္းအဖြဲ႕ PNO နဲ႔ RCSS/SSA တို႔ တိုက္ပြဲျဖစ္ပြားခဲ့တာရွိတယ္။ အဲဒီ ပန္ပိပန္တဝိဘက္မွာ PNO ႐ြာေတြကို RCSS က မီးရႈိ႕ခဲ့တာေတြ သတ္ျဖတ္ခဲ့တာေတြရွိတယ္ဆိုတဲ့အတြက္ေၾကာင့္ သူျဖတ္သန္းမယ့္နယ္ေျမေတြထဲမွာ အဲဒီအဖြဲ႕ေတြ လည္းရွိပါတယ္။ ေနာက္တစ္ခုက ရလခနယ္ေျမထဲမွာ ထိေတြ႕တိုက္ပြဲမရွိေပမယ့္ ကြၽန္ေတာ္တို႔ မူးယစ္ေဆးဝါးဖမ္းဆီးတာေတြရွိတယ္။ အဲဓီမွာလႈပ္ရွာေးနတဲ့အဖြဲ႕ေတြရွိတယ္။ ဒါေၾကာင့္ကုန္းလမ္းခရီးက လုံၿခဳံေရးအေနအထားအရ ေတာ္ေတာ္ကိုစိတ္မခ်ရတဲ့အေနအထားျဖစ္ပါတယ္" လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

တစ္ခုခုျဖစ္သြားလို႔ရွိရင္ တပ္မေတာ္နယ္ေျမထဲ ဝင္လာတာျဖစ္တဲ့အတြက္ အဓိက တာဝန္ရွိ တာက လုံၿခဳံေရးအဖြဲ႕ေတြျဖစ္

ဒါေၾကာင့္ တစ္ခုခုျဖစ္သြားလို႔ရွိရင္ တပ္မေတာ္နယ္ေျမထဲ ဝင္လာတာျဖစ္တဲ့အတြက္ အဓိက တာဝန္ရွိ တာက လုံၿခဳံေရးအဖြဲ႕ေတြျဖစ္ၿပီး လုံၿခဳံေရးကိုအဓိကေဆာင္႐ြက္ေနတာက တပ္မေတာ္နဲ႔ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ျဖစ္တာေၾကာင့္ တာခ်ီလိတ္ကေန ေလယာဥ္နဲ႔လာဖို႔ စီစဥ္ေပးတာျဖစ္တယ္လို႔ ဆိုပါတယ္။ သူ႔ခရီး စဥ္နဲ႔ ပတ္သက္လို႔ ျပန္ညႇိႏႈိင္းေစ့စပ္မႈေတြလုပ္ေနေပမယ့္ လက္ခံတာမခံတာကေတာ့ RCSS အပိုင္း ျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က သူ႔ဌာနခ်ဳပ္ လြယ္တိုင္းလွ်ံကေန ဟိုမိန္း-လင္းေခး-ေတာင္ႀကီး လမ္းေၾကာင္းက တစ္ဆင့္ ကုန္းလမ္းကေန ေနျပည္ေတာ္ကို လာဖို႔ စီစဥ္ထားတာကို အစိုးရဘက္က ခြင့္ျပဳထားေပမယ့္ အေရွ႕အလယ္ပိုင္းတိုင္း တိုင္းမႉးက ခြင့္မျပဳတဲ့အတြက္ ေအာက္တိုဘာ ၂၅ ရက္မွာ လမ္းတစ္ဝက္ကေန ျပန္ခဲ့ရတယ္လို႔ RCSS အႀကံေပးဦးခြန္စိုင္းက ေျပာပါတယ္။

"အစိုးရဘက္က တာခ်ီလိတ္ကေန လာဖို႔ ထပ္အေၾကာင္းၾကားပါတယ္။ ဒါေပမဲ့ တာခ်ီလိတ္ကို ထိုင္းဘက္ က ဝင္ဖို႔ ထိုင္းအာဏာပိုင္ေတြကို ငါးရက္ႀကိဳအေၾကာင္းၾကားရမွာဆိုေတာ့ အခ်ိန္လည္းမမီေတာ့တဲ့အတြက္ အဆင္မေျပေတာ့ပါဘူး။ ဒီေတာ့ NCA ေလးႏွစ္ျပည့္လည္းမတက္ႏိုင္သလို JICM အစည္းအေဝး လုပ္ျဖစ္ခဲ့ ရင္ေတာင္ လူစုံတက္စုံေတာ့ မဟုတ္ေတာ့ဘူးေပါ့" လို႔ ဦးခြန္စိုင္း က ေျပာပါတယ္။

NCA စာခ်ဳပ္ဟာ အစိုးရပိုင္တာလည္းမဟုတ္၊ တပ္မေတာ္ပိုင္တာလည္းမဟုတ္ဘဲ တိုင္းရင္းသား လက္နက္ကိုင္ေတြက စဆြဲတာျဖစ္တယ္၊ ၿငိမ္းခ်မ္းေရးစတင္ဖိတ္ေခၚခ်ိန္ကေန စာခ်ဳပ္လက္မွတ္ထိုး တဲ့အထိျဖစ္လာဖို႔ ေလးႏွစ္ၾကာခဲ့ၿပီး ဒီႏွစ္ပတ္လည္အခမ္းအနားလုပ္ရတာက စာခ်ဳပ္ျဖစ္ေပၚ လာဖို႔ ႀကိဳးပမ္းမႈ၊ စာခ်ဳပ္ရဲ႕အႏွစ္သာရနဲ႔ စာခ်ဳပ္ျဖစ္လာဖို႔ လုံးပန္းရတဲ့အခ်ိန္က စည္းလုံးညီၫြတ္မႈေတြကို အမွတ္ရေစဖို႔ ျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ဒီလိုပြဲမ်ိဳးကိုအေႏွာင့္အယွက္ကင္းကင္းနဲ႔ တက္ေရာက္ဖို႔ေမွ်ာ္လင့္ၿပီး အားလုံးပူးေပါင္းေဆာင္႐ြက္တာက ၿငိမ္းခ်မ္းေရးအတြက္ အက်ိဳးျဖစ္ထြန္းေစမယ္လို႔ သူက ဆိုပါတယ္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ KNU ဘာေၾကာင့္ေတြ႕မွာလဲ

ႏိုင္ငံလုံးဆိုင္ရာအပစ္ရပ္စာခ်ဳပ္ကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ဆယ္ဖြဲ႕ လက္မွတ္ေရးထိုးထားၿပီး ေလးႏွစ္ေျမာက္ႏွစ္ပတ္လည္ပြဲတက္ဖို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးလည္း ဒီကေန႔ ေအာက္တိုဘာ ၂၆ ရက္မွာ ဌာနခ်ဳပ္ကေန ထြက္ခြာလာတယ္လို႔ အဲဒီအဖြဲ႕ရဲ႕ ဒုဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းက ေျပာပါတယ္။

KNU ဘက္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံ ခြင့္ေတာင္းထားတာ ညႇိႏႈိင္းဆဲ

KNU ဘက္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံ ခြင့္ေတာင္းထားတာ ညႇိႏႈိင္းဆဲပဲျဖစ္ၿပီး NCA ေလးႏွစ္ျပည့္ပြဲအၿပီး ေနာက္ပိုင္းမွာေတာ့ ျဖစ္ႏိုင္ေျခရွိတယ္လို႔ ပဒိုေစာ ကြယ္ထူးဝင္းကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ႏွစ္ဖက္ညႇိႏႈိင္းေနၿပီး ေတြ႕ဆုံခ်ိန္မွာ သတင္းထုတ္ျပန္သြားမယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ေတြ႕တဲ့အခါ အပစ္အခတ္ရပ္စဲေရးဆိုင္ရာကိစၥေတြတင္ျပဖို႔ရွိၿပီး အဲဒီက တစ္ဆင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေကာင္အထည္ေဖာ္ရာမွာ နားလည္မႈရွိရွိနဲ႔ ပိုမိုသြက္လက္ျမန္ဆန္ ေအာင္လို႔ ရည္႐ြယ္တယ္လို႔ သူက ဆိုပါတယ္။

NCA ေလးႏွစ္ျပည့္အခမ္းအနားအၿပီးမွာ ထိပ္သီးေခါင္းေဆာင္ေတြတက္ေရာက္ရမယ့္ အပစ္ရပ္စာခ်ဳပ္ အေကာင္အထည္ေဖာ္ေရးအစည္းအေဝး JICM ကို က်င္းပဖို႔ စီစဥ္ထားေပမယ့္ ႀကိဳတင္ညႇိႏႈိင္း ျပင္ ဆင္မႈေတြလုပ္ရမွာမို႔ JICM အစည္းအေဝးကို ဆက္တိုက္လုပ္သြားႏိုင္တဲ့အေနအထားေတာ့ မရွိေသးဘူးလို႔ သူက ေျပာပါတယ္။

အပစ္ရပ္စာခ်ဳပ္အေကာင္အထည္ေဖာ္ေရးအစည္းအေဝး JICM ကို မက်င္းပႏိုင္တာ တစ္ႏွစ္ေက်ာ္ေနၿပီျဖစ္လို႔ အျမန္ဆုံး က်င္းပလို

NCA စာခ်ဳပ္ပါ ျပ႒ာန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ သုံးလတစ္ႀကိမ္ျပဳလုပ္ရတဲ့ အပစ္ရပ္စာခ်ဳပ္အေကာင္အထည္ေဖာ္ေရးအစည္းအေဝး JICM ကို မက်င္းပႏိုင္တာ တစ္ႏွစ္ေက်ာ္ေနၿပီျဖစ္လို႔ အျမန္ဆုံး က်င္းပဖို႔ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးမႈေတြကေန ညႇိႏႈိင္းခဲ့ၾကတာ ျဖစ္ပါတယ္။ အခုေတာ့ ဒီအစည္းအေဝးလုပ္ဖို႔ အႀကိဳညႇိႏႈိင္းမႈကို ေအာက္တိုဘာ ၂၅ ရက္က အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ ျပဳလုပ္ခဲ့ၿပီး ပဏာမသေဘာတူညီခ်က္ ကိုးခ်က္ရရွိထားၿပီးျဖစ္ပါတယ္။

ေခါင္းေဆာင္ေတြအကုန္စုံမွ JICM အစည္းအေဝးကို လုပ္မယ္ဆိုတာမ်ိဳး ကန႔္သတ္တာမ်ိဳးမရွိေပမယ့္ လုပ္ခဲ့မယ္ဆိုရင္ေတာ့ အထစ္အေငါ့ေတြရွိလာခဲ့ရင္ ေႏွာင့္ေႏွးၾကန႔္ၾကာသြားႏိုင္တယ္လို႔ ဦးခြန္စိုင္းက ေျပာပါတယ္။

"မေန႔က JICM ကိုတင္ျပဖို႔ ပဏာမသေဘာတူညီခ်က္ကိုးခ်က္ကို ရရွိတယ္ၾကားတယ္။ ဒါကို JICM မွာ လုံးဝအတည္ျပဳၿပီးေတာ့မွ UPDJC ေခၚမယ္။ ဒီကေနမွ ပင္လုံညီလာခံျဖစ္ေပၚေရး လုပ္ေဆာင္မယ္။ အဲဒီ ကိုးခ်က္က ထြက္လာတဲ့ရလဒ္ေတြကလည္း ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျချပဳေသာ ျပည္ေထာင္စု တည္ေထာင္ေရး အေထာက္အကူေပးမွာျဖစ္တယ္။ တကယ္လို႔ JICM က မျဖစ္ဘူးဆိုရင္ အမ်ားႀကီး ေနာက္က်သြားမယ္။ လုပ္ခ်င္ရင္ လုပ္လို႔ေတာ့ရမယ္။ တကယ့္အေရးပါတဲ့ေခါင္းေဆာင္ေတြမပါဘဲလုပ္ရင္ အမ်ားႀကီးအထစ္ အေငါ့ျဖစ္ႏိုင္တာေပါ့" လို႔ သူက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------------
Unicode
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ဥက္ကဋ္ဌ တွေ့ဖို့ ညှိနေ

Image caption အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး မကျင်းပနိုင်တာ တစ်နှစ်ကျော်နေပြီဖြစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့နေမှုကို ဖြေရှင်းတဲ့နေရာမှာ ဆွေးနွေးဖက်အားလုံးပါဝင်ဖို့လိုအပ်ပြီး လူစုံတက်စုံမပါရင် အထစ်အငေါ့ရှိတဲ့အခါ ပြေလည်အောင်ညှိဖို့ နှောင့်နှေးနိုင်တယ်လို့ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ဖြစ်တဲ့ RCSS အဖွဲ့အကြံပေး ဦးခွန်စိုင်းက ပြောပါတယ်။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ နေပြည်တော် ခရီးစဉ် ပျက်တာဟာ လုံခြုံရေး အခြေအနေအရ စိတ်မချရတဲ့အတွက် တပ်မတော်ဘက်က ခွင့်မပြုရ တာဖြစ်တယ်လို့ တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးယွက်စစ်ကို လေယာဉ်နဲ့လာဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က အားလုံးစီစဉ်ပေးထား ပေမယ့် RCSS ဘက်က ကုန်းလမ်းဘက်က လာချင်တာဖြစ်ပြီး သူဖြတ်သန်းသွားမယ့်လမ်းကြောင်းမှာ ပြဿနာတချို့ရှိနေတယ်လို့ သူက ဆိုပါတယ်။

"သူဖြတ်သန်းသွားမယ့်လမ်းကြောင်းမှာ ပန်ပိ-ပန်တဝိနယ်မြေမှာ ပအိုဝ်းအဖွဲ့ PNO နဲ့ RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီ ပန်ပိပန်တဝိဘက်မှာ PNO ရွာတွေကို RCSS က မီးရှို့ခဲ့တာတွေ သတ်ဖြတ်ခဲ့တာတွေရှိတယ်ဆိုတဲ့အတွက်ကြောင့် သူဖြတ်သန်းမယ့်နယ်မြေတွေထဲမှာ အဲဒီအဖွဲ့တွေ လည်းရှိပါတယ်။ နောက်တစ်ခုက ရလခနယ်မြေထဲမှာ ထိတွေ့တိုက်ပွဲမရှိပေမယ့် ကျွန်တော်တို့ မူးယစ်ဆေးဝါးဖမ်းဆီးတာတွေရှိတယ်။ အဲဓီမှာလှုပ်ရှာေးနတဲ့အဖွဲ့တွေရှိတယ်။ ဒါကြောင့်ကုန်းလမ်းခရီးက လုံခြုံရေးအနေအထားအရ တော်တော်ကိုစိတ်မချရတဲ့အနေအထားဖြစ်ပါတယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption တစ်ခုခုဖြစ်သွားလို့ရှိရင် တပ်မတော်နယ်မြေထဲ ဝင်လာတာဖြစ်တဲ့အတွက် အဓိက တာဝန်ရှိ တာက လုံခြုံရေးအဖွဲ့တွေဖြစ်

ဒါကြောင့် တစ်ခုခုဖြစ်သွားလို့ရှိရင် တပ်မတော်နယ်မြေထဲ ဝင်လာတာဖြစ်တဲ့အတွက် အဓိက တာဝန်ရှိ တာက လုံခြုံရေးအဖွဲ့တွေဖြစ်ပြီး လုံခြုံရေးကိုအဓိကဆောင်ရွက်နေတာက တပ်မတော်နဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဖြစ်တာကြောင့် တာချီလိတ်ကနေ လေယာဉ်နဲ့လာဖို့ စီစဉ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ခရီး စဉ်နဲ့ ပတ်သက်လို့ ပြန်ညှိနှိုင်းစေ့စပ်မှုတွေလုပ်နေပေမယ့် လက်ခံတာမခံတာကတော့ RCSS အပိုင်း ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က သူ့ဌာနချုပ် လွယ်တိုင်းလျှံကနေ ဟိုမိန်း-လင်းခေး-တောင်ကြီး လမ်းကြောင်းက တစ်ဆင့် ကုန်းလမ်းကနေ နေပြည်တော်ကို လာဖို့ စီစဉ်ထားတာကို အစိုးရဘက်က ခွင့်ပြုထားပေမယ့် အရှေ့အလယ်ပိုင်းတိုင်း တိုင်းမှူးက ခွင့်မပြုတဲ့အတွက် အောက်တိုဘာ ၂၅ ရက်မှာ လမ်းတစ်ဝက်ကနေ ပြန်ခဲ့ရတယ်လို့ RCSS အကြံပေးဦးခွန်စိုင်းက ပြောပါတယ်။

"အစိုးရဘက်က တာချီလိတ်ကနေ လာဖို့ ထပ်အကြောင်းကြားပါတယ်။ ဒါပေမဲ့ တာချီလိတ်ကို ထိုင်းဘက် က ဝင်ဖို့ ထိုင်းအာဏာပိုင်တွေကို ငါးရက်ကြိုအကြောင်းကြားရမှာဆိုတော့ အချိန်လည်းမမီတော့တဲ့အတွက် အဆင်မပြေတော့ပါဘူး။ ဒီတော့ NCA လေးနှစ်ပြည့်လည်းမတက်နိုင်သလို JICM အစည်းအဝေး လုပ်ဖြစ်ခဲ့ ရင်တောင် လူစုံတက်စုံတော့ မဟုတ်တော့ဘူးပေါ့" လို့ ဦးခွန်စိုင်း က ပြောပါတယ်။

NCA စာချုပ်ဟာ အစိုးရပိုင်တာလည်းမဟုတ်၊ တပ်မတော်ပိုင်တာလည်းမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေက စဆွဲတာဖြစ်တယ်၊ ငြိမ်းချမ်းရေးစတင်ဖိတ်ခေါ်ချိန်ကနေ စာချုပ်လက်မှတ်ထိုး တဲ့အထိဖြစ်လာဖို့ လေးနှစ်ကြာခဲ့ပြီး ဒီနှစ်ပတ်လည်အခမ်းအနားလုပ်ရတာက စာချုပ်ဖြစ်ပေါ် လာဖို့ ကြိုးပမ်းမှု၊ စာချုပ်ရဲ့အနှစ်သာရနဲ့ စာချုပ်ဖြစ်လာဖို့ လုံးပန်းရတဲ့အချိန်က စည်းလုံးညီညွတ်မှုတွေကို အမှတ်ရစေဖို့ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒီလိုပွဲမျိုးကိုအနှောင့်အယှက်ကင်းကင်းနဲ့ တက်ရောက်ဖို့မျှော်လင့်ပြီး အားလုံးပူးပေါင်းဆောင်ရွက်တာက ငြိမ်းချမ်းရေးအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ သူက ဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ဘာကြောင့်တွေ့မှာလဲ

နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆယ်ဖွဲ့ လက်မှတ်ရေးထိုးထားပြီး လေးနှစ်မြောက်နှစ်ပတ်လည်ပွဲတက်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးလည်း ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မှာ ဌာနချုပ်ကနေ ထွက်ခွာလာတယ်လို့ အဲဒီအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် ROMEO GACAD
Image caption KNU ဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ ခွင့်တောင်းထားတာ ညှိနှိုင်းဆဲ

KNU ဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ ခွင့်တောင်းထားတာ ညှိနှိုင်းဆဲပဲဖြစ်ပြီး NCA လေးနှစ်ပြည့်ပွဲအပြီး နောက်ပိုင်းမှာတော့ ဖြစ်နိုင်ခြေရှိတယ်လို့ ပဒိုစော ကွယ်ထူးဝင်းကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက်ညှိနှိုင်းနေပြီး တွေ့ဆုံချိန်မှာ သတင်းထုတ်ပြန်သွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တဲ့အခါ အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စတွေတင်ပြဖို့ရှိပြီး အဲဒီက တစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာမှာ နားလည်မှုရှိရှိနဲ့ ပိုမိုသွက်လက်မြန်ဆန် အောင်လို့ ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။

NCA လေးနှစ်ပြည့်အခမ်းအနားအပြီးမှာ ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ရမယ့် အပစ်ရပ်စာချုပ် အကောင်အထည်ဖော်ရေးအစည်းအဝေး JICM ကို ကျင်းပဖို့ စီစဉ်ထားပေမယ့် ကြိုတင်ညှိနှိုင်း ပြင် ဆင်မှုတွေလုပ်ရမှာမို့ JICM အစည်းအဝေးကို ဆက်တိုက်လုပ်သွားနိုင်တဲ့အနေအထားတော့ မရှိသေးဘူးလို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် THET AUNG
Image caption အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး JICM ကို မကျင်းပနိုင်တာ တစ်နှစ်ကျော်နေပြီဖြစ်လို့ အမြန်ဆုံး ကျင်းပလို

NCA စာချုပ်ပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဖို့ သုံးလတစ်ကြိမ်ပြုလုပ်ရတဲ့ အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး JICM ကို မကျင်းပနိုင်တာ တစ်နှစ်ကျော်နေပြီဖြစ်လို့ အမြန်ဆုံး ကျင်းပဖို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေကနေ ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ ဒီအစည်းအဝေးလုပ်ဖို့ အကြိုညှိနှိုင်းမှုကို အောက်တိုဘာ ၂၅ ရက်က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြုလုပ်ခဲ့ပြီး ပဏာမသဘောတူညီချက် ကိုးချက်ရရှိထားပြီးဖြစ်ပါတယ်။

ခေါင်းဆောင်တွေအကုန်စုံမှ JICM အစည်းအဝေးကို လုပ်မယ်ဆိုတာမျိုး ကန့်သတ်တာမျိုးမရှိပေမယ့် လုပ်ခဲ့မယ်ဆိုရင်တော့ အထစ်အငေါ့တွေရှိလာခဲ့ရင် နှောင့်နှေးကြန့်ကြာသွားနိုင်တယ်လို့ ဦးခွန်စိုင်းက ပြောပါတယ်။

"မနေ့က JICM ကိုတင်ပြဖို့ ပဏာမသဘောတူညီချက်ကိုးချက်ကို ရရှိတယ်ကြားတယ်။ ဒါကို JICM မှာ လုံးဝအတည်ပြုပြီးတော့မှ UPDJC ခေါ်မယ်။ ဒီကနေမှ ပင်လုံညီလာခံဖြစ်ပေါ်ရေး လုပ်ဆောင်မယ်။ အဲဒီ ကိုးချက်က ထွက်လာတဲ့ရလဒ်တွေကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေပြုသော ပြည်ထောင်စု တည်ထောင်ရေး အထောက်အကူပေးမှာဖြစ်တယ်။ တကယ်လို့ JICM က မဖြစ်ဘူးဆိုရင် အများကြီး နောက်ကျသွားမယ်။ လုပ်ချင်ရင် လုပ်လို့တော့ရမယ်။ တကယ့်အရေးပါတဲ့ခေါင်းဆောင်တွေမပါဘဲလုပ်ရင် အများကြီးအထစ် အငေါ့ဖြစ်နိုင်တာပေါ့" လို့ သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ KNU ဥကၠ႒ ေတြ႕ဖို႔ ညႇိေန တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ KNU ဥကၠ႒ ေတြ႕ဖို႔ ညႇိေန Reviewed by THITHTOOLWIN on 02:21 Rating: 5
Powered by Blogger.