ေ႐ႊေညာင္ၿမိဳ႕မွ HIJET ေမာ္ေတာ္ယာဥ္ခိုးယူလာသူကို ေ႐ႊဘို ယာဥ္ထိန္း တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ား ပူးေပါင္းဖမ္းဆီး

Zawgyi
ေ႐ႊဘို ေအာက္တိုဘာ ၂၇

စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုၿမိဳ႕တြင္ ယေန႔ နံနက္ ၉ နာရီ ၂၀ မိနစ္က လူမႈကြန္ယက္စာမ်က္ႏွာပါသတင္းအရ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕နယ္ ေ႐ႊေညာင္ၿမိဳ႕မွ ေမာ္ေတာ္ယာဥ္ခိုးယူလာသူကို ယာဥ္ႏွင့္ အတူ ဖမ္းဆီးရမိ ခဲ့ေၾကာင္း အမွတ္(၁၁၄)ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမႉး႐ုံး(ေ႐ြဘို) မွ သိရသည္။

 ျဖစ္စဥ္မွာ ေ႐ႊဘိုၿမိဳ႕တြင္ ေအာက္တိုဘာ ၂၇ ရက္ နံနက္ ၉ နာရီ ၂၀ မိနစ္က ေ႐ႊဘိုၿမိဳ႕ လမ္းေလးခြမီးပြိဳင့္အနီးတြင္ မသကၤာဖြယ္ရာ ယာဥ္တစ္စီး ေရာက္ရွိေနေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဖတ္ရႈရသျဖင့္ အမွတ္ (၁၁၄) ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမႉး႐ုံး(ေ႐ႊဘို) မွ ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမႉး ဒုရဲမႉး ညီညီလြင္ ဦးစီးေသာ ယာဥ္ထိန္းရဲတပ္ ဖြဲ႕ဝင္မ်ားႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ (ေ႐ႊဘို)မွ ဦးေနမ်ိဳးထြန္း ဦးေဆာင္ ေသာ လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားမွ ဝိုင္းဝန္းပိတ္ဆို႔ဖမ္းဆီးခဲ့ရာ ရွမ္းျပည္နယ္ေတာင္ႀကီးၿမိဳ႕နယ္ ေ႐ႊေညာင္နယ္ေျမရဲစခန္းမွ အမႈဖြင့္ အေရးယူခံထားရေသာသူႏွင့္ ေမာ္ေတာ္ယာဥ္ျဖစ္ေၾကာင္းသိရၿပီး MDY - 2N / - - - - DAIHATSUHIJET အျဖဴေရာင္ယာဥ္ႏွင့္ ၎ယာဥ္အား ခိုးယူေမာင္းႏွင္လာသူ ေဇာ္မင္းထြန္း (သ) ၄၁ ႏွစ္ ပုံထြန္းရပ္ကြက္ တာခ်ီလိတ္ၿမိဳ႕ေနသူကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္စပ္လ်၍ ေမာ္ေတာ္ယာဥ္ခိုးယူလာသူေဇာ္မင္းထြန္း (သ) ၄၁ ႏွစ္ ႏွင့္ HIJET ယာဥ္ကိုေ႐ႊေညာင္နယ္ေျမ ရဲစခန္းသို႔ အျမန္လႊဲေျပာင္းေပးႏိုင္ေရးစီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

မိုးေသာက္(ေ႐ႊဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-----------------
Unicode
ရွှေညောင်မြို့မှ HIJET မော်တော်ယာဉ်ခိုးယူလာသူကို ရွှေဘို ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီး
===============================================

ရွှေဘို အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်က လူမှုကွန်ယက်စာမျက်နှာပါသတင်းအရ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရွှေညောင်မြို့မှ မော်တော်ယာဉ်ခိုးယူလာသူကို ယာဉ်နှင့် အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း အမှတ်(၁၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ရွေဘို) မှ သိရသည်။

 ဖြစ်စဉ်မှာ ရွှေဘိုမြို့တွင် အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်က ရွှေဘိုမြို့ လမ်းလေးခွမီးပွိုင့်အနီးတွင် မသင်္ကာဖွယ်ရာ ယာဉ်တစ်စီး ရောက်ရှိနေကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် ဖတ်ရှုရသဖြင့် အမှတ် (၁၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ရွှေဘို) မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ညီညီလွင် ဦးစီးသော ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘို)မှ ဦးနေမျိုးထွန်း ဦးဆောင် သော လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ ရှမ်းပြည်နယ်တောင်ကြီးမြို့နယ် ရွှေညောင်နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူခံထားရသောသူနှင့် မော်တော်ယာဉ်ဖြစ်ကြောင်းသိရပြီး MDY - 2N / - - - - DAIHATSUHIJET အဖြူရောင်ယာဉ်နှင့် ၎င်းယာဉ်အား ခိုးယူမောင်းနှင်လာသူ ဇော်မင်းထွန်း (သ) ၄၁ နှစ် ပုံထွန်းရပ်ကွက် တာချီလိတ်မြို့နေသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျ၍ မော်တော်ယာဉ်ခိုးယူလာသူ ဇော်မင်းထွန်း (သ) ၄၁ နှစ် နှင့် HIJET ယာဉ်ကိုရွှေညောင်နယ်မြေ ရဲစခန်းသို့ အမြန်လွှဲပြောင်းပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မိုးသောက်(ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေ႐ႊေညာင္ၿမိဳ႕မွ HIJET ေမာ္ေတာ္ယာဥ္ခိုးယူလာသူကို ေ႐ႊဘို ယာဥ္ထိန္း တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ား ပူးေပါင္းဖမ္းဆီး ေ႐ႊေညာင္ၿမိဳ႕မွ HIJET ေမာ္ေတာ္ယာဥ္ခိုးယူလာသူကို ေ႐ႊဘို ယာဥ္ထိန္း တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ား ပူးေပါင္းဖမ္းဆီး Reviewed by THITHTOOLWIN on 01:22 Rating: 5
Powered by Blogger.