Zawgyi
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
---------------
Unicode
တောင်ကြီး - နေပြည်တော်ခရီးစဉ် ဗိုလ်ချုပ်ကြီးယွက်စစ်ဖျက်သိမ်းသည့်အတွက် နိုင်ငံတော်အဆင့်အစည်းအဝေးအချို့လည်းပျက်
သျှမ်းသံတော်ဆင့်-ဟွမ်ဟိန်း
အောက်တိုဘာလ ၂၆ ရက် ၂၀၁၉
တောင်ကြီး - နေပြည်တော် ခရီးစဉ်အား လျာထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဖျက်သိမ်းလိုက်သည့်အပေါ် နိုင်ငံတော်အဆင့်ကျင်းပမည့် JICM အစည်းအဝေး၊ လက်န က်ကိုင်တိုင်းရင်းသားတို့၏ PPST အစည်းအဝေးအားလည်း ကျင်းပနိုင်တော့မည်မဟုတ်သိရသည်။
တောင်ကြီး - နေပြည်တော် ခရီးစဉ်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ဖျက်သိမ်းလိုက်သည့် အတွက် အောက်တိုဘာ ၂၆-၂၇ ရက်နေ့ အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ၏ PPST အစည်းအဝေးလည်းဖျ က်သိမ်းလိုက်သည့် အပြင် အောက်တိုဘာ ၂၉ ရက်နေ့ ကျင်းပမည့် နိုင်ငံတော်အဆင့် JICM အစည်းအဝေး အားလည်း ကျင်းပတော့မည်မဟုတ်ကြောင်း သိရှိရသည်။
“အရင်ကဆိုရင် တာချီလိတ်ကနေအမြဲတမ်းသွားနေကျလေ။ ဒီတခေါက်က လက်ဆောင်တွေဘာတွေ ပေးဖို့ ယူသွားရမယ့် ပစ္စည်းပစ္စယတွေကလည်းများတော့ လွယ်တိုင်းလျဲန်းက နေ ဟိုမိန်း - လင်းခေး - တောင်ကြီး လမ်းဘက်သွားဖို့ စီစဉ်တာ နိုင်ငံတော်က လာပါလို့ ပြောပေမယ့် ရလခ (အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က) ခွင့်မပြုဘူး၊ ဒီအကြောင်း ကို ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်။ ဒီရက်ပိုင်းအတွင်း ” - ဟု RCSS အရာရှိကြီးတဦးက ပြောသည်။
၂၀၁၉ ခု အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ၄ နှစ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခမ်းအနား ကျင်းပမည်ဖြစ်သော်လည်း သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့်တက် ရောက် တော့မည်မဟုတ်ဟုလည်း သိရှိရသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ခေါင်းဆောင်များပါဝင်ဖွဲ့စည်းထားသည် PPST (Peace Process Steering Team - ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ) ၏ ယာယီဥက္ကဌ တာဝန်ယူထားသည်။

Reviewed by THITHTOOLWIN
on
02:12
Rating: