ရာထူးက ႏုတ္ထြက္တဲ့ ကုန္သြယ္ေရးဝန္ႀကီး |
ေ႐ြးေကာက္ပြဲ ဥပေဒကို ခ်ိဳးေဖာက္တယ္ဆိုၿပီး စြပ္စြဲခံရတဲ့ ဂ်ပန္ႏိုင္ငံက ဝန္ႀကီးတစ္ေယာက္ ရာထူးက ႏုတ္ထြက္သြားပါတယ္။
အစ္ရႈ ဆူဂါဝါရာဆိုတဲ့ ကုန္သြယ္ေရး ဝန္ႀကီးသစ္ဟာ သူ႔မဲဆႏၵနယ္ တိုက်ိဳက လူေတြကို ေဈးႀကီးတဲ့ ဖရဲသီး၊ လိေမၼာ္သီး၊ ငါးဥနဲ႔ ပ်ားႏို႔ေတြ ေပးခဲ့တယ္လို႔ ဂ်ပန္ မီဒီယာေတြက ေဖာ္ျပၾကပါတယ္။
ဒါ့အျပင္ သူ႔ကို ေထာက္ခံတဲ့ မိသားစု တစ္စုကို နာေရးအတြက္ အကူေငြ ဂ်ပန္ယန္း ႏွစ္ေသာင္း (အေမရိကန္ေဒၚလာ ၁၈၅ ေဒၚလာ) ေပးခဲ့တယ္လို႔ ဆိုပါတယ္။
ဂ်ပန္ ေ႐ြးေကာက္ပြဲ ဥပေဒအရ ႏိုင္ငံေရးသမားေတြ သူတို႔ မဲဆႏၵနယ္က မဲဆႏၵရွင္ေတြကို လႉဒါန္းတာ တားျမစ္ထားပါတယ္။
ဒီသတင္းေတြ စထြက္လာတာက သူ႔ရဲ႕ အတြင္းေရးမႉးက သူ႔မဲဆႏၵနယ္က ကြယ္လြန္သူတစ္ေယာက္ရဲ႕ မိသားစုေတြကို ဂ်ပန္း ယန္း ႏွစ္ေသာင္း ကူညီေပးခဲ့တယ္လို႔ ရႉကန္ ဘန္႐ႊန္း အပတ္စဥ္ မဂၢဇင္းတစ္ခုမွာ စေဖာ္ျပခဲ့ပါတယ္။
ဂ်ပန္မွာ ကြယ္လြန္သူမိသားစုေတြကို အကူေငြေပးတာ ထုံးတမ္းစဥ္လာ ျဖစ္ပါတယ္။
မဂၢဇင္းထဲမွာ သူ႔႐ုံးက ေပးလိုက္တဲ့ လက္ေဆာင္ စာရင္းကိုလည္း ေဖာ္ျပပါတယ္။ ငါးဥ၊ လိေမၼာ္သီး စတာေတြသူ ေပးပို႔တဲ့ စာရင္းမွာ ပါၿပီး လက္ခံရတဲ့သူေတြက ေက်းဇူးတင္ေၾကာင္း သူ႔ဆီပို႔လိုက္တဲ့ စာလည္း ပါပါတယ္။
ေအာက္တိုဘာလ ၂၅ ရက္ ေသာၾကာေန႔မွာ မစၥတာ ဆူဂါဝါရာက သူ ေ႐ြးေကာက္ပြဲ ဥပေဒကို ခ်ိဳးေဖာက္မႈရွိမရွိ အတည္ျပဳႏိုင္ဖို႔ စိစစ္ဆဲ ျဖစ္တယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။
ဒါေပမဲ့ ဒီလုပ္ေနဆဲမွာပဲ သူရာထူး ႏုတ္ထြက္လိုက္ၿပီလို႔လည္း ေျပာတယ္လို႔ Nikkei Asian Review မွာ ေဖာ္ျပထားပါတယ္။
သူ႔ျပႆနာေတြေၾကာင့္ လႊတ္ေတာ္ကို အလုပ္မရႈပ္ေစခ်င္ဘူးလို႔ သူက ေျပာပါတယ္။
ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးကေတာ့ "သူ႔ကို ရာထူး ခန႔္အပ္တာ ကြၽန္ေတာ့္မွာ တာဝန္ရွိပါတယ္။ ဂ်ပန္ ျပည္သူေတြကို ေလးေလးနက္နက္ ေတာင္းပန္ပါတယ္" လို႔ ေျပာပါတယ္။
BBC Burmese
https://www.bbc.com
------------------
Unicode
မဲပေးသူတွေကို ဖရဲသီးနဲ့ကဏန်း လက်ဆောင်ပေးတဲ့ ဝန်ကြီး ဂျပန်အစိုးရအဖွဲ့က နုတ်ထွက်ရ
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ရာထူးက နုတ်ထွက်တဲ့ ကုန်သွယ်ရေးဝန်ကြီး
ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ဂျပန်နိုင်ငံက ဝန်ကြီးတစ်ယောက် ရာထူးက နုတ်ထွက်သွားပါတယ်။
အစ်ရှု ဆူဂါဝါရာဆိုတဲ့ ကုန်သွယ်ရေး ဝန်ကြီးသစ်ဟာ သူ့မဲဆန္ဒနယ် တိုကျိုက လူတွေကို ဈေးကြီးတဲ့ ဖရဲသီး၊ လိမ္မော်သီး၊ ငါးဥနဲ့ ပျားနို့တွေ ပေးခဲ့တယ်လို့ ဂျပန် မီဒီယာတွေက ဖော်ပြကြပါတယ်။
ဒါ့အပြင် သူ့ကို ထောက်ခံတဲ့ မိသားစု တစ်စုကို နာရေးအတွက် အကူငွေ ဂျပန်ယန်း နှစ်သောင်း (အမေရိကန်ဒေါ်လာ ၁၈၅ ဒေါ်လာ) ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန် ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးသမားတွေ သူတို့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို လှူဒါန်းတာ တားမြစ်ထားပါတယ်။
ဒီသတင်းတွေ စထွက်လာတာက သူ့ရဲ့ အတွင်းရေးမှူးက သူ့မဲဆန္ဒနယ်က ကွယ်လွန်သူတစ်ယောက်ရဲ့ မိသားစုတွေကို ဂျပန်း ယန်း နှစ်သောင်း ကူညီပေးခဲ့တယ်လို့ ရှူကန် ဘန်ရွှန်း အပတ်စဉ် မဂ္ဂဇင်းတစ်ခုမှာ စဖော်ပြခဲ့ပါတယ်။
ဂျပန်မှာ ကွယ်လွန်သူမိသားစုတွေကို အကူငွေပေးတာ ထုံးတမ်းစဉ်လာ ဖြစ်ပါတယ်။
မဂ္ဂဇင်းထဲမှာ သူ့ရုံးက ပေးလိုက်တဲ့ လက်ဆောင် စာရင်းကိုလည်း ဖော်ပြပါတယ်။ ငါးဥ၊ လိမ္မော်သီး စတာတွေသူ ပေးပို့တဲ့ စာရင်းမှာ ပါပြီး လက်ခံရတဲ့သူတွေက ကျေးဇူးတင်ကြောင်း သူ့ဆီပို့လိုက်တဲ့ စာလည်း ပါပါတယ်။
အောက်တိုဘာလ ၂၅ ရက် သောကြာနေ့မှာ မစ္စတာ ဆူဂါဝါရာက သူ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်မှုရှိမရှိ အတည်ပြုနိုင်ဖို့ စိစစ်ဆဲ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ ဒီလုပ်နေဆဲမှာပဲ သူရာထူး နုတ်ထွက်လိုက်ပြီလို့လည်း ပြောတယ်လို့ Nikkei Asian Review မှာ ဖော်ပြထားပါတယ်။
သူ့ပြဿနာတွေကြောင့် လွှတ်တော်ကို အလုပ်မရှုပ်စေချင်ဘူးလို့ သူက ပြောပါတယ်။
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ "သူ့ကို ရာထူး ခန့်အပ်တာ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဂျပန် ပြည်သူတွေကို လေးလေးနက်နက် တောင်းပန်ပါတယ်" လို့ ပြောပါတယ်။
BBC Burmese
https://www.bbc.com
မဲေပးသူေတြကို ဖရဲသီးနဲ႔ကဏန္း လက္ေဆာင္ေပးတဲ့ ဝန္ႀကီး ဂ်ပန္အစိုးရအဖြဲ႕က ႏုတ္ထြက္ရ
Reviewed by THITHTOOLWIN
on
09:35
Rating: