တီက်စ္ ေက်ာက္မီးသြး စက္႐ုံ အနီးရွိ ကေလးငယ္မ်ား ဆံပင္တြင္ သတၱဳအဆိပ္သင့္ေန

Zawgyi
သွ်မ္းျပည္နယ္ ေတာင္ပိုင္း ပင္ေလာင္းၿမိဳ႕နယ္ တီက်စ္ ေက်ာက္မီးေသြး စက္႐ုံ အနီးပတ္ဝန္းက်င္ တြင္ေနထိုင္သည့္ ကေလးငယ္မ်ား၏ ဆံပင္တြင္ သတၱဳအဆိပ္သင့္ေနေၾကာင္း သတင္းရရွိသည္။

တီက်စ္ ေက်ာက္မီးေသြး စက္႐ုံ အနီး ပတ္ဝန္းက်င္ ေက်း႐ြာ ၃႐ြာ မွ ေဒသခံ ကေလးငယ္ ၁၂ဦး ၏ ဆံပင္ကို ယူကာ ၾသစေၾတးလ် ႏိုင္ငံ ဓာတ္ခြဲခန္းသို႔ ပို႔ေဆာင္ၿပီး စမ္းသပ္ခဲ့သည္။

ထိုစမ္းသပ္မႈတြင္ ကေလးငယ္မ်ား ၏ ဆံပင္တြင္ သတၱဳအဆိပ္ သင့္ေနေၾကာင္း ဟု ျမန္မာႏိုင္ငံ ပြင့္လင္းျမင္သာမႈ၊တာဝန္ယူမႈ ႏွင့္ တာဝန္ခံမႈဆိုင္ရာ အရပ္ဘက္ မဟာမိတ္ အဖြဲ႕ ( MATA) သွ်မ္းျပည္နယ္ ဗဟိုအလုပ္အေဆာင္ စိုင္းထူး က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ အစက ႏိုင္ငံျခားသား ပညာရွင္ေတြက က်ေနာ္တို႔ေသာက္သုံးေရ စိမ့္စမ္းေရ ကို အရင္ဆုံး သုေတသန လုပ္တယ္။ အဲ့မွာ ကမာၻ႔က်န္းမာေရး အဖြဲ႕အစည္း( WHO ) သတ္မွတ္ခ်က္ထက္ ၂၇ဆ ျမင့္ေနတာေတြ႕တယ္။ အဲ့ဒါနဲ႔ ကေလးငယ္ေတြ ဆံပင္ကို ယူၿပီး ၾသစေၾတးလ် ဓာတ္ခြဲခန္းကို ပို႔ၿပီး စမ္းသပ္လိုက္ေတာ့ သတၱဳအဆိပ္သင့္ေနတာကို အေျဖထြက္လာပါတယ္” ဟု စိုင္းထူး က ဆိုသည္။

တီက်စ္ ေဒသ ေနထိုင္သည့္ ကေလးငယ္မ်ား၏ ဆံပင္တြင္ သတၱဳဆိပ္သင့္ ျဖစ္ေနသျဖင့္ ေဒသခံျပည္သူမ်ား စိုးရိမ္ထိတ္လန႔္မႈမ်ား ရွိေၾကာင္း၊ ထို႔ေၾကာင့္ အစိုးရ အေနျဖင့္ ေက်ာက္မီးေသြး စက္႐ုံ ရပ္ဆိုင္းၿပီး ပတ္ဝန္းက်င္ ႏွင့္ လူမႈ စီးပြား ထိခိုက္ နစ္နာမႈဆိုင္ရာ စစ္တမ္း( EIA/SIA) ျပန္လည္ သုံးသပ္ေပးရန္လည္း ပင္ေလာင္းၿမိဳ႕နယ္ တီက်စ္ စက္႐ုံ တြင္ေနထိုင္သည့္ သူမ်ား က ေတာင္းဆိုလိုက္သည္။

“ ကေလးငယ္ ဆံပင္ ဓာတ္ခြဲခန္း အေျဖထြက္လာေတာ့ က်ေနာ္ လန႔္သြားတယ္။ စိုးရိမ္မႈလည္း အရင္ကထက္ ပိုရွိလာတယ္။ ဒါေတာင္ ကေလး ရဲ႕ ဆံပင္ အနည္းငယ္ပဲရွိေသးတယ္။ တကယ္လို အမ်ားႀကီး စမ္းသပ္ရင္အဲ့ထက္မကဘူးလို႔ ခံစားရတယ္” ဟု တီးက်စ္ေဒသခံ ခြန္ဝင္းထိန္ က ေျပာသည္။

တီက်စ္ေဒသအတြင္း ႀကဳံေတြ႕ေနရသည့္ က်န္းမာေရး ဆိုးက်ိဳးမ်ား၊ ကေလးငယ္မ်ား၏ အနာဂတ္ မ်ားအတြက္ အလြန္စိုးရိမ္ေနရေၾကာင္း လည္း ခြန္ဝင္းထိန္ က ေျပာသည္။

တီက်စ္စက္႐ုံ ကို ျမန္မာ E-Guard Environmental Services ကုမၸဏီ မွ EIA အစီရင္ခံစာ ထုတ္ျပန္ခဲ့ၿပီး၊ ထိုအစီရင္ခံစာတြင္ ေလ်ာ္ေခ်ာ္မႈရွိေနေၾကာင္း၊ အမွားအယြင္းရွိေနေသာ္လည္း ေက်ာက္မီးေသြး စက္႐ုံ အစမ္းသပ္ကာလ ၃ႏွစ္ ထပ္မံ သက္တမ္းတိုးလုပ္ပိုင္ခြင့္ ထပ္ေပးခဲ့သည္။

ထို အစမ္းသပ္ကာလ ၃ႏွစ္ ထပ္မံ တိုးလိုက္သည့္ အေပၚ တီက်ပ္ ေဒသခံ မ်ားစိုးရိမ္းမႈရွိေနသျဖင့္ ေက်ာက္မီးေသြးစက္႐ုံ ရပ္ဆိုင္းၿပီး EIA/SIA ကို ျပန္လည္ ဆန္းစစ္ရန္လည္း ေဒသခံမ်ားက ေတာင္းဆိုလိုက္သည္။

“ EIA/SIA ျပန္သုံးသပ္မည္ဆိုရင္ ေက်ာက္မီးေသြး စက္႐ုံကို ရပ္ဆိုင္ၿပီး လုပ္ရမယ္။ အခု EIA/SIA က ျပည္သူေတြကို မ်က္ကြယ္ျပဳတဲ့သေဘာပါပဲ” ဟု MATA မွ စိုင္းထူး က ေျပာသည္။

ယခု တီက်စ္ ေက်ာက္မီးေသြး စက္႐ုံ ၃ႏွစ္ အစမ္းသပ္ ထပ္မံေပးလိုက္ျခင္းသည္ ပြင့္လင္းျမင္သာမႈ မရွိေၾကာင္း၊ တီက်စ္ေဒသခံ မ်ား အစမ္းသပ္ခံ ဘဝ ျဖစ္ေနေၾကာင္း လည္း စိုင္းထူး က ထပ္ေလာင္းျဖည့္စြတ္ေျပာသည္။

ထို႔ျပင္ E-Guard Environmental Services မွ ထုတ္ျပန္ထားသည့္ တီက်စ္ စီမံကိန္း EIA အစီရင္ခံစာတြင္ ထိခိုက္မႈမ်ား ေသခ်ာစြာ ေလ့လာေဖာ္ျပမႈ မရွိျခင္း၊ စီမံကိန္း မွ ညစ္ညမ္းမႈ အဆင့္မမွ် အထိ ထုတ္လႊတ္ေနသည့္ကို ရွာေဖြ တင္ျပရန္ ပ်က္ကြက္ျခင္းမ်ားေၾကာင့္ တီက်စ္ေက်ာက္မီးေသြး သုံး လွ်ပ္စစ္ဓာတ္အားစက္႐ုံ စမ္းသပ္လည္ပတ္ေနမႈ အားရပ္တန္ေပးရန္လည္း MATA မွ ေအာက္တိုဘာ ၂၅ ရက္ တြင္ ထုတ္ျပန္ခ်က္ ထုတ္ခဲ့သည္။

“ ဒီစက္႐ုံ ကို ယာယီ ရပ္ထားတာနဲ႔ ၿပီးမသြားဘူး။ အစိုးရ အေနနဲ႔ အဲ့ဒီ ေဒသမွာ ရွိတဲ့ လူေတြ အတြက္ အနည္းဆုံး သန႔္ရွင္းတဲ့ ေသာက္ေရ နဲ႔ စိုက္ပ်ိဳးေရ ေတြ ရေအာင္ ခ်က္ခ်က္ငး လုပ္ေပးဖို႔လိုတယ္” ဟု MATA အဖြဲ႕ ကိုယ္စားလွယ္ ကိုေအာင္ေက်ာ္မိုး က ေျပာဆိုလိုက္သည္။

ျမန္မာႏိုင္ငံတြင္ ေက်ာက္မီးသုံး လွ်စပ္စစ္ထုတ္စက္႐ုံ (၃) ႐ုံ ရွိသည့္ အနက္ တီက်စ္ ေက်ာက္မီးေသြး သုံး လွ်ပ္စစ္႐ုံသည္ အႀကီးဆုံးႏွင့္ ပထမဦးဆုံး လည္ပတ္သည့္ စက္႐ုံ တ႐ုံျဖစ္ေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------------
Unicode
တီကျစ် ကျောက်မီးသွး စက်ရုံ အနီးရှိ ကလေးငယ်များ ဆံပင်တွင် သတ္တုအဆိပ်သင့်နေ

သျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ် ကျောက်မီးသွေး စက်ရုံ အနီးပတ်ဝန်းကျင် တွင်နေထိုင်သည့် ကလေးငယ်များ၏ ဆံပင်တွင် သတ္တုအဆိပ်သင့်နေကြောင်း သတင်းရရှိသည်။

တီကျစ် ကျောက်မီးသွေး စက်ရုံ အနီး ပတ်ဝန်းကျင် ကျေးရွာ ၃ရွာ မှ ဒေသခံ ကလေးငယ် ၁၂ဦး ၏ ဆံပင်ကို ယူကာ သြစတြေးလျ နိုင်ငံ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီး စမ်းသပ်ခဲ့သည်။

ထိုစမ်းသပ်မှုတွင် ကလေးငယ်များ ၏ ဆံပင်တွင် သတ္တုအဆိပ် သင့်နေကြောင်း ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု၊တာဝန်ယူမှု နှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့ ( MATA) သျှမ်းပြည်နယ် ဗဟိုအလုပ်အဆောင် စိုင်းထူး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အစက နိုင်ငံခြားသား ပညာရှင်တွေက ကျနော်တို့သောက်သုံးရေ စိမ့်စမ်းရေ ကို အရင်ဆုံး သုတေသန လုပ်တယ်။ အဲ့မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း( WHO ) သတ်မှတ်ချက်ထက် ၂၇ဆ မြင့်နေတာတွေ့တယ်။ အဲ့ဒါနဲ့ ကလေးငယ်တွေ ဆံပင်ကို ယူပြီး သြစတြေးလျ ဓာတ်ခွဲခန်းကို ပို့ပြီး စမ်းသပ်လိုက်တော့ သတ္တုအဆိပ်သင့်နေတာကို အဖြေထွက်လာပါတယ်” ဟု စိုင်းထူး က ဆိုသည်။

တီကျစ် ဒေသ နေထိုင်သည့် ကလေးငယ်များ၏ ဆံပင်တွင် သတ္တုဆိပ်သင့် ဖြစ်နေသဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ရှိကြောင်း၊ ထို့ကြောင့် အစိုးရ အနေဖြင့် ကျောက်မီးသွေး စက်ရုံ ရပ်ဆိုင်းပြီး ပတ်ဝန်းကျင် နှင့် လူမှု စီးပွား ထိခိုက် နစ်နာမှုဆိုင်ရာ စစ်တမ်း( EIA/SIA) ပြန်လည် သုံးသပ်ပေးရန်လည်း ပင်လောင်းမြို့နယ် တီကျစ် စက်ရုံ တွင်နေထိုင်သည့် သူများ က တောင်းဆိုလိုက်သည်။

“ ကလေးငယ် ဆံပင် ဓာတ်ခွဲခန်း အဖြေထွက်လာတော့ ကျနော် လန့်သွားတယ်။ စိုးရိမ်မှုလည်း အရင်ကထက် ပိုရှိလာတယ်။ ဒါတောင် ကလေး ရဲ့ ဆံပင် အနည်းငယ်ပဲရှိသေးတယ်။ တကယ်လို အများကြီး စမ်းသပ်ရင်အဲ့ထက်မကဘူးလို့ ခံစားရတယ်” ဟု တီးကျစ်ဒေသခံ ခွန်ဝင်းထိန် က ပြောသည်။

တီကျစ်ဒေသအတွင်း ကြုံတွေ့နေရသည့် ကျန်းမာရေး ဆိုးကျိုးများ၊ ကလေးငယ်များ၏ အနာဂတ် များအတွက် အလွန်စိုးရိမ်နေရကြောင်း လည်း ခွန်ဝင်းထိန် က ပြောသည်။

တီကျစ်စက်ရုံ ကို မြန်မာ E-Guard Environmental Services ကုမ္ပဏီ မှ EIA အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး၊ ထိုအစီရင်ခံစာတွင် လျော်ချော်မှုရှိနေကြောင်း၊ အမှားအယွင်းရှိနေသော်လည်း ကျောက်မီးသွေး စက်ရုံ အစမ်းသပ်ကာလ ၃နှစ် ထပ်မံ သက်တမ်းတိုးလုပ်ပိုင်ခွင့် ထပ်ပေးခဲ့သည်။

ထို အစမ်းသပ်ကာလ ၃နှစ် ထပ်မံ တိုးလိုက်သည့် အပေါ် တီကျပ် ဒေသခံ များစိုးရိမ်းမှုရှိနေသဖြင့် ကျောက်မီးသွေးစက်ရုံ ရပ်ဆိုင်းပြီး EIA/SIA ကို ပြန်လည် ဆန်းစစ်ရန်လည်း ဒေသခံများက တောင်းဆိုလိုက်သည်။

“ EIA/SIA ပြန်သုံးသပ်မည်ဆိုရင် ကျောက်မီးသွေး စက်ရုံကို ရပ်ဆိုင်ပြီး လုပ်ရမယ်။ အခု EIA/SIA က ပြည်သူတွေကို မျက်ကွယ်ပြုတဲ့သဘောပါပဲ” ဟု MATA မှ စိုင်းထူး က ပြောသည်။

ယခု တီကျစ် ကျောက်မီးသွေး စက်ရုံ ၃နှစ် အစမ်းသပ် ထပ်မံပေးလိုက်ခြင်းသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ တီကျစ်ဒေသခံ များ အစမ်းသပ်ခံ ဘဝ ဖြစ်နေကြောင်း လည်း စိုင်းထူး က ထပ်လောင်းဖြည့်စွတ်ပြောသည်။

ထို့ပြင် E-Guard Environmental Services မှ ထုတ်ပြန်ထားသည့် တီကျစ် စီမံကိန်း EIA အစီရင်ခံစာတွင် ထိခိုက်မှုများ သေချာစွာ လေ့လာဖော်ပြမှု မရှိခြင်း၊ စီမံကိန်း မှ ညစ်ညမ်းမှု အဆင့်မမျှ အထိ ထုတ်လွှတ်နေသည့်ကို ရှာဖွေ တင်ပြရန် ပျက်ကွက်ခြင်းများကြောင့် တီကျစ်ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားစက်ရုံ စမ်းသပ်လည်ပတ်နေမှု အားရပ်တန်ပေးရန်လည်း MATA မှ အောက်တိုဘာ ၂၅ ရက် တွင် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

“ ဒီစက်ရုံ ကို ယာယီ ရပ်ထားတာနဲ့ ပြီးမသွားဘူး။ အစိုးရ အနေနဲ့ အဲ့ဒီ ဒေသမှာ ရှိတဲ့ လူတွေ အတွက် အနည်းဆုံး သန့်ရှင်းတဲ့ သောက်ရေ နဲ့ စိုက်ပျိုးရေ တွေ ရအောင် ချက်ချက်ငး လုပ်ပေးဖို့လိုတယ်” ဟု MATA အဖွဲ့ ကိုယ်စားလှယ် ကိုအောင်ကျော်မိုး က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသုံး လျှစပ်စစ်ထုတ်စက်ရုံ (၃) ရုံ ရှိသည့် အနက် တီကျစ် ကျောက်မီးသွေး သုံး လျှပ်စစ်ရုံသည် အကြီးဆုံးနှင့် ပထမဦးဆုံး လည်ပတ်သည့် စက်ရုံ တရုံဖြစ်ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တီက်စ္ ေက်ာက္မီးသြး စက္႐ုံ အနီးရွိ ကေလးငယ္မ်ား ဆံပင္တြင္ သတၱဳအဆိပ္သင့္ေန တီက်စ္ ေက်ာက္မီးသြး စက္႐ုံ အနီးရွိ ကေလးငယ္မ်ား ဆံပင္တြင္ သတၱဳအဆိပ္သင့္ေန Reviewed by THITHTOOLWIN on 02:15 Rating: 5
Powered by Blogger.