အသက္ ၁၈ ႏွစ္ေနာက္ပိုင္းမွာ အရပ္ထပ္ရွည္ခ်င္တယ္ဆိုရင္ ဒါေတြလုပ္ၾကည့္ပါ

Zawgyi
ကိုယ့္အရပ္ကို စိတ္တိုင္းမက် ျဖစ္တဲ့အခါတိုင္း အရပ္ရွည္ေအာင္ ဘာေတြလုပ္ရမလဲလို႔ သူမ်ားကို ေမးဖူးတဲ့သူေတြရွိၾကမွာပါ။ အဲဒီမွာ အမ်ားစုျပန္ေျဖၾကတာကေတာ့ အသက္ ၁၈ ႏွစ္ေက်ာ္သြားရင္ အရပ္ဆက္ရွည္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးဆိုတာပါပဲ။ ဒါတကယ္ပဲလား၊ အရပ္ထပ္ရွည္ေအာင္ ဘာမွ လုပ္လို႔မရေတာ့ဘူးလား။

ဒီေနရာမွာ ေျပာစရာတစ္ခုေတာ့ရွိပါတယ္။ ကိုယ့္မ်ိဳး႐ိုးက အရပ္ပုတဲ့မ်ိဳး႐ိုးျဖစ္ေနရင္၊ အေဖေရာ အေမေရာ အရပ္ပုေနရင္ ကိုယ့္က်မွ ထူးၿပီး ရွည္လာစရာ အေၾကာင္းေတာ့မရွိပါဘူး။ ဒါေပမယ့္ မိဘႏွစ္ပါးမွာ တစ္ေယာက္က အရပ္ရွည္ေနမယ္၊ အမ်ိဳးေတြကလည္း အရပ္ပုတဲ့အထဲ မပါဘူးဆိုရင္ေတာ့ ၁၈ ႏွစ္ေနာက္ပိုင္းမွာ အရပ္ထပ္ရွည္လာဖို႔လို ေမွ်ာ္လင့္လို႔ရပါေသးတယ္။ အရပ္ရွည္လာပါေစဆိုၿပီး ထိုင္ၿပီး ဆုေတာင္းေန႐ုံနဲ႔ေတာ့ ဘာမွ ျဖစ္မလာမွာ ေသခ်ာတာမို႔ ကိုယ့္ဘက္ က နည္းနည္း အားစိုက္ရမယ့္ အပိုင္းေလးေတြရွိပါတယ္။ ဒီေတာ့ ကိုယ္ကလည္း အသက္ ၁၈ ႏွစ္ေက်ာ္ေနၿပီ ကိုယ့္အရပ္ကိုလည္း စိတ္တိုင္းမက်ဘူးဆိုရင္ ထပ္ၿပီး အရပ္ရွည္လာေအာင္ ဒါေလးေတြ လုပ္ၾကည့္ပါ။

အစားကို ေသခ်ာေ႐ြးစားပါ။

ကိုယ္ခႏၶာရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈ အားလုံးဟာ အစားအေသာက္ေပၚမွာ ၁၀ဝ ရာခိုင္ႏႈန္းမွီခိုေနတာပါ။ ဒီေတာ့ အရပ္ရွည္ေစတဲ့ အစားအေသာက္ေတြ မ်ားမ်ားစားပါမွ ႀကီးထြား ေဟာ္မုန္းေတြပါ လႈံ႕ေဆာ္ေပးသလိုျဖစ္လို႔ ပုေနတဲ့အရပ္ ရွည္ထြက္လာမွာပါ။ ဒီေတာ့ဘယ္လို အစားအေသာက္ေတြ စားရမွာလဲ။

ကယ္လ္ဆီယမ္ႂကြယ္ဝတဲ့ အစားစားမ်ား – ေခါင္းတစ္ရာသား၊ အ႐ိုးျပဳတ္ဟင္းခ်ိဳ

ဗီတာမင္ D – အ႐ိုးက်န္းမာေရးအတြက္ ကယ္လ္ဆီယမ္နဲ႔ တူတူေပါင္းအလုပ္လုပ္တဲ့ ဗီတာမင္ D ကို မနက္ပိုင္းေနေရာင္ျခည္ခံေပးတာနဲ႔တင္ရပါတယ္။

ဗီတာမင္ B1 – အမဲသား၊ အသဲအျမစ္ ၊ အုတ္ဂ်ဳံ

ဇင့္ – အေစ့အဆံမ်ား၊ ေကာက္ပဲသီးႏွံ အမ်ိဳးမ်ိဳး၊ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြဟာ အရွည္တဲ့ျဖစ္စဥ္ကို ကူညီေပးတဲ့ အ စားအေသာက္ေတြပါ။

မနက္စာ မွန္မွန္စားပါ။

လူတိုင္း အမွတ္မွားေနၾကတဲ့ ကိစၥတစ္ခုက မနက္စာမစားရင္ ကိုယ္အေလးခ်ိန္က်တယ္ဆိုတာပါပဲ။ တကယ္ေတာ့မွားေနပါတယ္။ မနက္စာမစားရင္ ကိုယ္တြင္းဇီဝကမၼျဖစ္စဥ္ေတြ ကေမာက္ကမျဖစ္မယ့္အျပင္ အစာအိမ္ေရာဂါေတာင္ရႏိုင္ပါေသးတယ္။ ဒါ့အျပင္ ႀကီးထြားဖို႔အတြက္ လိုအပ္တဲ့ အာဟာရေတြကိုေတာင္ မရေတာ့လို႔မနက္စာ မွန္မွန္မစားတဲ့သူတစ္ေယာက္ဟာ အရပ္ထပ္ရွည္ဖို႔ မျဖစ္ႏိုင္ပါဘူး။

ေလ့က်င့္ခန္းလုပ္ပါ။

ႂကြက္သားေတြကို ဆြဲဆန္႔ေပးႏိုင္တဲ့ ေလ့က်င့္ခန္းေတြဟာ အရပ္ရွည္ခ်င္တဲ့သူတစ္ေယာက္အတြက္ အေရးပါလွတဲ့ ေလ့က်င့္ခန္းေတြပါ။ အဲထဲမွာ အထူးျခားဆုံးကေတာ့ ဘားတန္းခိုၿပီး ဘားတန္းေပၚ ေခါင္းေရာက္ေအာင္တင္တာနဲ႔၊ ေျခဖ်ားေထာက္ၿပီး မတ္တပ္ရပ္တာနဲ႔ ေယာေဂလ့က်င့္တာတို႔ ျဖစ္ပါတယ္။

အိပ္ေရးဝဝအိပ္ပါ။

အိပ္ခ်ိန္ အေျပာင္းအလဲကလည္း ႀကီးထြားေစတဲ့ ေဟာ္မုန္းအေပၚကို အမ်ားႀကီးသက္ေရာက္တဲ့ အရာတစ္ခုပါ။ တစ္ရက္ကို ၈နာရီကေန ၁၀ နာရီ အထိအိပ္ေပးမွ ကိုယ္ခႏၶါက ႂကြက္သားေတြ ေျပေလ်ာ့သြားၿပီး ဆန္႔ႏိုင္မွာျဖစ္လို႔ အရပ္ရွည္ထြက္လာမွာပါ။

အားကစားတစ္ခုခု လိုက္စားပါ။

အားကစားသမားေတြထဲမွာ ေသးေသးေကြးေကြး ဘယ္ႏွစ္ေယာက္မ်ား ေတြ႕ဖူးပါလဲ။ အားကစားသမားေတြကို ၾကည့္လိုက္ရင္ အရပ္ေတြ အရွည္ႀကီး လူေကာင္ေတြ အႀကီးႀကီးေတြ မ်ားပါတယ္။ ဘက္စ္စကက္ေဘာ သမားေတြဆိုပိုၿပီးရွည္တာေပါ့။ ဒီႏိုင္ငံမွာက ဘက္စ္စကက္ေဘာကို အားကစားက သိပ္ၿပီး မတြင္က်ယ္ေသးတာေၾကာင့္ အရပ္ရွည္တဲ့ အားကစားတစ္ခုခု လိုက္စားခ်င္ရင္ ၾကက္ေတာင္႐ိုက္တာတို႔၊ ေရကူးတာတို႔ လုပ္ေပးလို႔ရပါတယ္။

ခါးကိုမတ္မတ္ထားပါ။

ထိုင္တဲ့အခ်ိန္မွာ ခါးကိုကုန္းၿပီးထိုင္တာမ်ိဳး၊ ပ်င္းတြဲတြဲနဲ႔ ေနာက္ေလွ်ာထိုင္ေနတာမ်ိဳးေတြက အရပ္ရွည္ဖို႔အတြက္ ေႏွာင့္ယွက္ေနတဲ့ အရာေတြပါ။ အရပ္ကေလး ဆန္႔ဆန္႔ရွည္ထြက္ဖို႔ဆိုရင္ေတာ့ ခါးကိုမတ္မတ္ထားၿပီ ထိုင္တဲ့အက်င့္ကို ေမြးရပါမယ္။

ေဆးလိပ္ အရက္တို႔ကေန ေဝးေဝးေရွာင္ပါ။

ေဆးလိပ္တို႔ အရက္တို႔ဆိုတာ ကိုယ္ခႏၶါအတြက္ ဆိုးက်ိဳးေတြပဲ ေပးတယ္ဆိုတာ အားလုံးသိၿပီးၾကၿပီးျဖစ္မွာပါ။ ဆယ္ေက်ာ္သက္အ႐ြယ္တည္းက ေဆးလိပ္ေတြ အရက္ေတြ ေသာက္တတ္ေနၿပီဆိုရင္ေတာ့ ရွည္ထြက္ဖို႔တာဆူေနတဲ့ အရပ္လည္း တန္႔သြားပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ္က အရပ္ရွည္ခ်င္ရင္ ေဆးလိပ္ အရက္တို႔နဲ႔ ေဝးေဝးေရွာင္ပါ။

ေရးသားသူ- Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
Unicode
အသက် ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်ချင်တယ်ဆိုရင်
ဒါတွေလုပ်ကြည့်ပါ

ကိုယ့်အရပ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါတိုင်း အရပ်ရှည်အောင် ဘာတွေလုပ်ရမလဲလို့ သူများကို မေးဖူးတဲ့သူတွေရှိကြမှာပါ။ အဲဒီမှာ အများစုပြန်ဖြေကြတာကတော့ အသက် ၁၈ နှစ်ကျော်သွားရင် အရပ်ဆက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါတကယ်ပဲလား၊ အရပ်ထပ်ရှည်အောင် ဘာမှ လုပ်လို့မရတော့ဘူးလား။

ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ ကိုယ့်မျိုးရိုးက အရပ်ပုတဲ့မျိုးရိုးဖြစ်နေရင်၊ အဖေရော အမေရော အရပ်ပုနေရင် ကိုယ့်ကျမှ ထူးပြီး ရှည်လာစရာ အကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးမှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ အမျိုးတွေကလည်း အရပ်ပုတဲ့အထဲ မပါဘူးဆိုရင်တော့ ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာဖို့လို မျှော်လင့်လို့ရပါသေးတယ်။ အရပ်ရှည်လာပါစေဆိုပြီး ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာမှာ သေချာတာမို့ ကိုယ့်ဘက် က နည်းနည်း အားစိုက်ရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဒီတော့ ကိုယ်ကလည်း အသက် ၁၈ နှစ်ကျော်နေပြီ ကိုယ့်အရပ်ကိုလည်း စိတ်တိုင်းမကျဘူးဆိုရင် ထပ်ပြီး အရပ်ရှည်လာအောင် ဒါလေးတွေ လုပ်ကြည့်ပါ။

အစားကို သေချာရွေးစားပါ။

ကိုယ်ခန္ဓာရဲ့ ကြီးထွားဖွံ့ဖြိုးမှု အားလုံးဟာ အစားအသောက်ပေါ်မှာ ၁၀ဝ ရာခိုင်နှုန်းမှီခိုနေတာပါ။ ဒီတော့ အရပ်ရှည်စေတဲ့ အစားအသောက်တွေ များများစားပါမှ ကြီးထွား ဟော်မုန်းတွေပါ လှုံ့ဆော်ပေးသလိုဖြစ်လို့ ပုနေတဲ့အရပ် ရှည်ထွက်လာမှာပါ။ ဒီတော့ဘယ်လို အစားအသောက်တွေ စားရမှာလဲ။

ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားစားများ – ခေါင်းတစ်ရာသား၊ အရိုးပြုတ်ဟင်းချို

ဗီတာမင် D – အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ တူတူပေါင်းအလုပ်လုပ်တဲ့ ဗီတာမင် D ကို မနက်ပိုင်းနေရောင်ခြည်ခံပေးတာနဲ့တင်ရပါတယ်။

ဗီတာမင် B1 – အမဲသား၊ အသဲအမြစ် ၊ အုတ်ဂျုံ

ဇင့် – အစေ့အဆံများ၊ ကောက်ပဲသီးနှံ အမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ အရှည်တဲ့ဖြစ်စဉ်ကို ကူညီပေးတဲ့ အ စားအသောက်တွေပါ။

မနက်စာ မှန်မှန်စားပါ။

လူတိုင်း အမှတ်မှားနေကြတဲ့ ကိစ္စတစ်ခုက မနက်စာမစားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတာပါပဲ။ တကယ်တော့မှားနေပါတယ်။ မနက်စာမစားရင် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်မယ့်အပြင် အစာအိမ်ရောဂါတောင်ရနိုင်ပါသေးတယ်။ ဒါ့အပြင် ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကိုတောင် မရတော့လို့မနက်စာ မှန်မှန်မစားတဲ့သူတစ်ယောက်ဟာ အရပ်ထပ်ရှည်ဖို့ မဖြစ်နိုင်ပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ။

ကြွက်သားတွေကို ဆွဲဆန့်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေဟာ အရပ်ရှည်ချင်တဲ့သူတစ်ယောက်အတွက် အရေးပါလှတဲ့ လေ့ကျင့်ခန်းတွေပါ။ အဲထဲမှာ အထူးခြားဆုံးကတော့ ဘားတန်းခိုပြီး ဘားတန်းပေါ် ခေါင်းရောက်အောင်တင်တာနဲ့၊ ခြေဖျားထောက်ပြီး မတ်တပ်ရပ်တာနဲ့ ယောဂေလ့ကျင့်တာတို့ ဖြစ်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ။

အိပ်ချိန် အပြောင်းအလဲကလည်း ကြီးထွားစေတဲ့ ဟော်မုန်းအပေါ်ကို အများကြီးသက်ရောက်တဲ့ အရာတစ်ခုပါ။ တစ်ရက်ကို ၈နာရီကနေ ၁၀ နာရီ အထိအိပ်ပေးမှ ကိုယ်ခန္ဓါက ကြွက်သားတွေ ပြေလျော့သွားပြီး ဆန့်နိုင်မှာဖြစ်လို့ အရပ်ရှည်ထွက်လာမှာပါ။

အားကစားတစ်ခုခု လိုက်စားပါ။

အားကစားသမားတွေထဲမှာ သေးသေးကွေးကွေး ဘယ်နှစ်ယောက်များ တွေ့ဖူးပါလဲ။ အားကစားသမားတွေကို ကြည့်လိုက်ရင် အရပ်တွေ အရှည်ကြီး လူကောင်တွေ အကြီးကြီးတွေ များပါတယ်။ ဘက်စ်စကက်ဘော သမားတွေဆိုပိုပြီးရှည်တာပေါ့။ ဒီနိုင်ငံမှာက ဘက်စ်စကက်ဘောကို အားကစားက သိပ်ပြီး မတွင်ကျယ်သေးတာကြောင့် အရပ်ရှည်တဲ့ အားကစားတစ်ခုခု လိုက်စားချင်ရင် ကြက်တောင်ရိုက်တာတို့၊ ရေကူးတာတို့ လုပ်ပေးလို့ရပါတယ်။

ခါးကိုမတ်မတ်ထားပါ။

ထိုင်တဲ့အချိန်မှာ ခါးကိုကုန်းပြီးထိုင်တာမျိုး၊ ပျင်းတွဲတွဲနဲ့ နောက်လျှောထိုင်နေတာမျိုးတွေက အရပ်ရှည်ဖို့အတွက် နှောင့်ယှက်နေတဲ့ အရာတွေပါ။ အရပ်ကလေး ဆန့်ဆန့်ရှည်ထွက်ဖို့ဆိုရင်တော့ ခါးကိုမတ်မတ်ထားပြီ ထိုင်တဲ့အကျင့်ကို မွေးရပါမယ်။

ဆေးလိပ် အရက်တို့ကနေ ဝေးဝေးရှောင်ပါ။

ဆေးလိပ်တို့ အရက်တို့ဆိုတာ ကိုယ်ခန္ဓါအတွက် ဆိုးကျိုးတွေပဲ ပေးတယ်ဆိုတာ အားလုံးသိပြီးကြပြီးဖြစ်မှာပါ။ ဆယ်ကျော်သက်အရွယ်တည်းက ဆေးလိပ်တွေ အရက်တွေ သောက်တတ်နေပြီဆိုရင်တော့ ရှည်ထွက်ဖို့တာဆူနေတဲ့ အရပ်လည်း တန့်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်က အရပ်ရှည်ချင်ရင် ဆေးလိပ် အရက်တို့နဲ့ ဝေးဝေးရှောင်ပါ။

ရေးသားသူ- Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အသက္ ၁၈ ႏွစ္ေနာက္ပိုင္းမွာ အရပ္ထပ္ရွည္ခ်င္တယ္ဆိုရင္ ဒါေတြလုပ္ၾကည့္ပါ အသက္ ၁၈ ႏွစ္ေနာက္ပိုင္းမွာ အရပ္ထပ္ရွည္ခ်င္တယ္ဆိုရင္ ဒါေတြလုပ္ၾကည့္ပါ Reviewed by THITHTOOLWIN on 03:10 Rating: 5
Powered by Blogger.