စက္တင္ဘာလတုန္းက ေျမာက္ပုိင္း မဟာမိတ္ ႏွင့္ အစိုးရ ကိုယ္စားလွယ္တို႔ ေတြ႔ဆံုစဥ္ |
( Zawgyi/ Unicode )
ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕နဲ႔ အစိုးရတို႔အၾကား အခုလအတြင္းက်င္းပဖို႔သေဘာထူထားတဲ့ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲကို စီစဥ္ထားတဲ့အတိုင္း မက်င္းပႏိုင္ေတာ့ဘဲ လာမယ့္ ႏိုဝင္ဘာလဆန္းပိုင္းမွာ က်င္းပဖို႔ အစိုးရဘက္က အဆိုျပဳထားတယ္လို႔ သမၼတ႐ုံးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ဒီကေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။
“မၾကာခင္မွာ ေျမာက္ပိုင္းအဖြဲ႔ေတြနဲ႔ ေဆြးေႏြးဖို႔ က်ေနာ္တုိ႔ လုပ္ေနပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ ႏို၀င္ဘာလဆန္း ေပါ့ေနာ္။ ေအာက္တိုဘာလမွာေတာ့ အခုပဲ NCA ပြဲနဲ႔ေပါ့ေနာ္ ၃၁ ရက္ေရာက္သြားမွာ ျဖစ္တဲ့အတြက္ ေအာက္တိုဘာလမွာေတာ့ ေတြ႔ဖို႔မရွိေတာ့ဘူး။ မရွိေတာ့ ႏို၀င္ဘာလမွာ က်ေနာ္တို႔ ျပန္ေတြ႔ဖို႔ ညိွေနတယ္။ ေတြ႔တဲ့အခါမွာလည္း နံပတ္ ၁ ကေတာ့ ရက္ေပါ့ေနာ္။ အၾကမ္းဖ်င္းကေတာ့ ႏို၀င္ဘာ ၅ ရက္ကေန ၁၀ ရက္အတြင္းမွာ ေတြ႔ဆံုဖို႔ ဒါကေတာ့ က်ေနာ္တို႔ ၂ ဖက္ညိွေနတယ္ ဘယ္ရက္က အဆင္ေျပမလဲေပါ့၊ ေနာက္တခ်က္ကေတာ့ ေတြ႔မယ့္ေနရာေပါ့။ အရင္ကေတာ့ က်ိဳင္းတံုမွာ ၂ ႀကိမ္ဆက္တိုက္က်ေနာ္တို႔ ေတြ႔ၿပီးၿပီ။ အဲဒီေတာ့ က်ိဳင္းတံုမွာ ဆက္ေတြ႔မလားေပါ့။ တဖက္ကလည္း အဆိုျပဳထားတာေတြရွိတယ္။ အဲဒီ အဆိုျပဳထားတဲ့ ေနရာေတြအေပၚမွာ က်ေနာ္တို႔ လူႀကီးေတြကို တင္ျပၿပီးေတာ့ ႏွစ္ဦး ႏွစ္ဖက္ လက္ခံတဲ့ေနရာမွာ ေတြ႔မယ္ဆိုရင္ က်ေနာ္တို႔ ရက္ျပန္ညိွဖို႔ ရွိပါတယ္။ အဲဒီေတာ့ ၄ ဖြဲ႔လံုးနဲ႔ က်ေနာ္တို႔ ပဏာမ အပစ္အခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူညီခ်က္ လက္မွတ္ေရးထိုးဖို႔ရွိပါတယ္။”
ပထမသေဘာတူညီအရ ႏွစ္ဘက္ ေတြ႕ဆုံမယ့္ရက္ဟာ သီတင္းကြၽတ္ အမ်ားျပည္သူ႐ုံးပိတ္ရက္ျဖစ္တာကတေၾကာင္း၊ NCA တႏိုင္ငံလုံးဆိုင္ရာ ပစ္ခတ္တိုက္ခိုက္မႈရပ္ဆိုင္းေရး သေဘာတူညီခ်က္ လက္မွတ္ထိုးတဲ့ ၄ ႏွစ္ျပည့္ အခမ္းအနားတို႔နဲ႔ တိုက္ဆိုင္ေနတာေၾကာင့္ ေအာက္တိုဘာလအတြင္း မက်င္းပႏိုင္ေတာ့ဘဲ ႏိုဝင္ဘာလဆန္းမွာ က်င္းပဖို႔ အစိုးရဘက္က အဆိုျပဳထားတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၇ ရက္ေန႔က က်ိဳင္းတုံမွာ ေနာက္ဆုံးအႀကိမ္ ေတြ႕ဆုံခဲ့တဲ့ ေဆြးေႏြးပြဲကေန ေအာက္တိုဘာလအတြင္း ေတြ႕ဆုံဖို႔ သေဘာတူခဲ့ၾကတာပါ။ အဲဒီေဆြးေႏြးအတြင္း သေဘာတူညီခ်က္တခ်ိဳ႕ ရခဲ့တယ္ဆိုေပမယ့္ တိက်ခိုင္မာတဲ့ ဆုံးျဖတ္ေတာ့ မခ်ႏိုင္ခဲ့ၾကပါဘူး။
အဓိက သေဘာတူညီလို႔ မရႏိုင္တဲ့အေၾကာင္းဟာ တပ္ေနရာခ်ထားေရးကိစၥျဖစ္တယ္လို႔ ေဆြးေႏြးပြဲမွာ ပါဝင္သူေတြက ထုတ္ေဖာ္ ေျပာဆိုၾကပါတယ္။ ဒါ့အျပင္ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲေတြမွာ တ႐ုတ္ပါဝင္မယ့္အခန္းက႑နဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္က ကန႔္ကြက္ခဲ့တယ္လို႔ ဆိုပါတယ္။
ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ MNDAA ၊ TNLA နဲ႔ AA တို႔ကေတာ့ အခုႏွစ္ကုန္ပိုင္းအထိ တဘက္သတ္ အပစ္အခတ္ ရပ္စဲေၾကာင္း ေၾကညာထားေပမယ့္ တပ္မေတာ္ကေတာ့ စက္တင္ဘာ ၂၁ ရက္ေန႔မွာ သက္တမ္းကုန္သြားတဲ့ အပစ္အခတ္ရပ္စဲေရး ေၾကညာခ်က္ကို သက္တမ္း ထပ္မတိုးေတာ့ပါဘူး။ ညီေနာင္ ၃ ဖြဲ႕ဘက္ကေတာ့ တပ္မေတာ္ရဲ႕ ထိုးစစ္ေတြရွိေနေသးရင္ တိုက္ပြဲေတြ ဆက္ျဖစ္ေနဦးမယ္လို႔ သတိေပးထားပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ ညီေနာင္ ၃ ဖြဲ႕တည္ရွိရာ ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္တို႔မွာ တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနပါတယ္။
.............
( Unicode )
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နဲ့ ရှေ့လထဲတွေ့ဖို့ မြန်မာအစိုးရ အဆိုပြု
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရတို့အကြား အခုလအတွင်းကျင်းပဖို့သဘောထူထားတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို စီစဉ်ထားတဲ့အတိုင်း မကျင်းပနိုင်တော့ဘဲ လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
“မကြာခင်မှာ မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ကျနော်တို့ လုပ်နေပါတယ်။ အဲဒီတော့ ကျနော်တို့ နိုဝင်ဘာလဆန်း ပေါ့နော်။ အောက်တိုဘာလမှာတော့ အခုပဲ NCA ပွဲနဲ့ပေါ့နော် ၃၁ ရက်ရောက်သွားမှာ ဖြစ်တဲ့အတွက် အောက်တိုဘာလမှာတော့ တွေ့ဖို့မရှိတော့ဘူး။ မရှိတော့ နိုဝင်ဘာလမှာ ကျနော်တို့ ပြန်တွေ့ဖို့ ညှိနေတယ်။ တွေ့တဲ့အခါမှာလည်း နံပတ် ၁ ကတော့ ရက်ပေါ့နော်။ အကြမ်းဖျင်းကတော့ နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်အတွင်းမှာ တွေ့ဆုံဖို့ ဒါကတော့ ကျနော်တို့ ၂ ဖက်ညှိနေတယ် ဘယ်ရက်က အဆင်ပြေမလဲပေါ့၊ နောက်တချက်ကတော့ တွေ့မယ့်နေရာပေါ့။ အရင်ကတော့ ကျိုင်းတုံမှာ ၂ ကြိမ်ဆက်တိုက်ကျနော်တို့ တွေ့ပြီးပြီ။ အဲဒီတော့ ကျိုင်းတုံမှာ ဆက်တွေ့မလားပေါ့။ တဖက်ကလည်း အဆိုပြုထားတာတွေရှိတယ်။ အဲဒီ အဆိုပြုထားတဲ့ နေရာတွေအပေါ်မှာ ကျနော်တို့ လူကြီးတွေကို တင်ပြပြီးတော့ နှစ်ဦး နှစ်ဖက် လက်ခံတဲ့နေရာမှာ တွေ့မယ်ဆိုရင် ကျနော်တို့ ရက်ပြန်ညှိဖို့ ရှိပါတယ်။ အဲဒီတော့ ၄ ဖွဲ့လုံးနဲ့ ကျနော်တို့ ပဏာမ အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ရှိပါတယ်။”
ပထမသဘောတူညီအရ နှစ်ဘက် တွေ့ဆုံမယ့်ရက်ဟာ သီတင်းကျွတ် အများပြည်သူရုံးပိတ်ရက်ဖြစ်တာကတကြောင်း၊ NCA တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရေး သဘောတူညီချက် လက်မှတ်ထိုးတဲ့ ၄ နှစ်ပြည့် အခမ်းအနားတို့နဲ့ တိုက်ဆိုင်နေတာကြောင့် အောက်တိုဘာလအတွင်း မကျင်းပနိုင်တော့ဘဲ နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကျိုင်းတုံမှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲကနေ အောက်တိုဘာလအတွင်း တွေ့ဆုံဖို့ သဘောတူခဲ့ကြတာပါ။ အဲဒီဆွေးနွေးအတွင်း သဘောတူညီချက်တချို့ ရခဲ့တယ်ဆိုပေမယ့် တိကျခိုင်မာတဲ့ ဆုံးဖြတ်တော့ မချနိုင်ခဲ့ကြပါဘူး။
အဓိက သဘောတူညီလို့ မရနိုင်တဲ့အကြောင်းဟာ တပ်နေရာချထားရေးကိစ္စဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ထုတ်ဖော် ပြောဆိုကြပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ တရုတ်ပါဝင်မယ့်အခန်းကဏ္ဍနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA တို့ကတော့ အခုနှစ်ကုန်ပိုင်းအထိ တဘက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားပေမယ့် တပ်မတော်ကတော့ စက်တင်ဘာ ၂၁ ရက်နေ့မှာ သက်တမ်းကုန်သွားတဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို သက်တမ်း ထပ်မတိုးတော့ပါဘူး။ ညီနောင် ၃ ဖွဲ့ဘက်ကတော့ တပ်မတော်ရဲ့ ထိုးစစ်တွေရှိနေသေးရင် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်လို့ သတိပေးထားပါတယ်။ လက်ရှိအချိန်အထိတော့ ညီနောင် ၃ ဖွဲ့တည်ရှိရာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေျမာက္ပုိင္းမဟာမိတ္ ၄ ဖဲြ႔နဲ႔ ေရွ႕လထဲေတြ႔ဖုိ႔ ျမန္မာအစုိးရ အဆုိျပဳ
Reviewed by THITHTOOLWIN
on
08:55
Rating: