ေနျပည္ေတာ္ လႊတ္ေတာ္႐ုံး တခုအတြင္းက အမတ္မ်ား |
လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လိုက္နာရမယ့္ က်င့္ဝတ္ေတြကို ျပည္သူ႔လႊတ္ေတာ္အခြင့္အေရးေကာ္မတီက မူၾကမ္းေရးဆြဲေနၿပီး ဒီႏွစ္မကုန္ခင္ ကိုယ္စားလွယ္ေတြဆီကို ျဖန႔္ေဝႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ျပည္သူ႔လႊတ္ေတာ္အခြင့္အေရးေကာ္မတီ အတြင္းေရးမႉး ေဒါက္တာလွမိုးက ေျပာပါတယ္။
ကိုယ္စားလွယ္ တစ္ေယာက္အေနနဲ႔ ဝတ္စားဆင္ယင္ပုံကအစ ျပဳမႈေနထိုင္ပုံ၊ ေျပာဆိုဆက္ဆံပုံ စတဲ့ မလုပ္ရဘူးဆိုတဲ့ တားျမစ္ထားတဲ့ အခ်က္ေတြနဲ႔ လုပ္သင့္တဲ့အခ်က္ေတြကို ထည့္သြင္းေရးဆြဲထားတာ ျဖစ္ပါတယ္။
"မဲဆႏၵနယ္ေတြမွာ ျပည္သူနဲ႔ ေတြ႕ကိုေတြ႕ရမယ္၊ ေတြ႕တဲ့အခါမွာ ယဥ္ေက်းစြာ ေျပာရမယ္၊ ျပည္သူပိုင္ ပစၥည္းေတြကို မျဖဳန္းတီးရဘူး၊ မလိုအပ္ဘဲနဲ႔ အလြဲသုံးစား မလုပ္ရဘူး" စတဲ့ အခ်က္ေတြ ထည့္သြင္းေရးထားတယ္လို႔ ျပည္သူ႔လႊတ္ေတာ္အခြင့္အေရးေကာ္မတီ အတြင္းေရးမႉး ေဒါက္တာလွမိုးက ေျပာပါတယ္။
ေနျပည္ေတာ္ လႊတ္ေတာ္႐ုံး တခုအတြင္းက တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား |
တကယ္ေတာ့ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တိုင္းေဒသႀကီး၊ ျပည္နယ္ လႊတ္ေတာ္ေတြမွာ ကိုယ္စားလွယ္ေတြရဲ႕ တာဝန္ လုပ္ပိုင္ခြင့္နဲ႔ အခြင့္အေရးေတြနဲ႔ ပတ္သက္လို႔ လႊတ္ေတာ္ဆိုင္ရာ ဥပေဒနဲ႔ နည္းဥပေဒေတြ ျပ႒ာန္းထားၿပီးျဖစ္ပါတယ္။
အခု လႊတ္ေတာ္ကိုယ္စားလွယ္မ်ားဆိုင္ရာ က်င့္ဝတ္ကိုေတာ့ ၂၀၁၆ ခုႏွစ္ကတည္းက ေရးဆြဲခဲ့ပါတယ္။ ေဒါက္တာလွမိုးကေတာ့ ဒီက်င့္ဝတ္ေတြဟာ လိုက္နာရမယ့္ ဥပေဒ မဟုတ္ဘဲ လိုက္နာဖို႔လိုတဲ့ စည္းမ်ဥ္းစည္းကမ္းေတြပဲ ျဖစ္တယ္လို႔ ေျပာပါတယ္။
လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕ကေတာ့ ဒီက်င့္ဝတ္ေတြဟာ လႊတ္ေတာ္ကိုယ္စားလွယ္ အားလုံးနဲ႔ သက္ဆိုင္ဖို႔လိုၿပီး အားလုံးလိုက္နာလာေအာင္ လုပ္ေဆာင္ဖို႔လည္း လိုတယ္လို႔ ေျပာပါတယ္။
"ကြၽန္မတို႔ဆီမွာ လႊတ္ေတာ္ကိုယ္စားလွယ္က ၂ ခုရွိတာေပါ့၊ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြရွိတယ္၊ ေ႐ြးခ်ယ္ခံ ကိုယ္စားလွယ္ေတြ ရွိတယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ အားလုံးကို ၿခဳံမိသလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာေပါ့၊ အားလုံးၿခဳံတယ္၊ အားလုံးနဲ႔ လိုက္နာရမယ္ဆိုရင္ေတာ့ မဆိုးလွဘူးေပါ့၊ ႏို႔မို႔ဆိုရင္ေတာ့ ဒါက ေဆြးေႏြးစရာ ျဖစ္လာမွာေပါ့" လို႔ အိမ္မဲၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ မသႏၲာက ေျပာပါတယ္။
ျပည္သူ႔လႊတ္ေတာ္အခြင့္အေရးေကာ္မတီ အတြင္းေရးမႉး ေဒါက္တာလွမိုး ကေတာ့ ဒီက်င့္ဝတ္မူၾကမ္းထြက္လာဖို႔ သက္ဆိုင္ရာ လႊတ္ေတာ္ေကာ္မတီေတြက ကိုယ္စားလွယ္ေတြနဲ႔ အႀကိမ္ႀကိမ္ေတြ႕ဆုံေဆြးေႏြးခဲ့ရတယ္လို႔ ေျပာပါတယ္။
အခုေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားဆိုင္ရာ က်င့္ဝတ္မူၾကမ္းကို ကိုယ္စားလွယ္ေတြၾကား ခ်ျပ သေဘာတူညီခ်က္ယူမွာျဖစ္ၿပီး အဲ့ဒီေနာက္ ဒီႏွစ္မကုန္ခင္ က်င့္ဝတ္ထြက္ရွိလာႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေဒါက္တာလွမိုးက ေျပာပါတယ္။
BBC Burmese
https://www.bbc.com
------------------
Unicode
လွှတ်တော်အမတ်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ အခုနှစ်မကုန်ခင်ထွက်လာနိုင်ဖို့ ပြင်ဆင်နေ
Image caption နေပြည်တော် လွှတ်တော်ရုံး တခုအတွင်းက အမတ်များ
လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မတီက မူကြမ်းရေးဆွဲနေပြီး ဒီနှစ်မကုန်ခင် ကိုယ်စားလှယ်တွေဆီကို ဖြန့်ဝေနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောပါတယ်။
ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဝတ်စားဆင်ယင်ပုံကအစ ပြုမှုနေထိုင်ပုံ၊ ပြောဆိုဆက်ဆံပုံ စတဲ့ မလုပ်ရဘူးဆိုတဲ့ တားမြစ်ထားတဲ့ အချက်တွေနဲ့ လုပ်သင့်တဲ့အချက်တွေကို ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
"မဲဆန္ဒနယ်တွေမှာ ပြည်သူနဲ့ တွေ့ကိုတွေ့ရမယ်၊ တွေ့တဲ့အခါမှာ ယဉ်ကျေးစွာ ပြောရမယ်၊ ပြည်သူပိုင် ပစ္စည်းတွေကို မဖြုန်းတီးရဘူး၊ မလိုအပ်ဘဲနဲ့ အလွဲသုံးစား မလုပ်ရဘူး" စတဲ့ အချက်တွေ ထည့်သွင်းရေးထားတယ်လို့ ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောပါတယ်။
Image caption နေပြည်တော် လွှတ်တော်ရုံး တခုအတွင်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ
တကယ်တော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တွေမှာ ကိုယ်စားလှယ်တွေရဲ့ တာဝန် လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေတွေ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။
အခု လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ ကျင့်ဝတ်ကိုတော့ ၂၀၁၆ ခုနှစ်ကတည်းက ရေးဆွဲခဲ့ပါတယ်။ ဒေါက်တာလှမိုးကတော့ ဒီကျင့်ဝတ်တွေဟာ လိုက်နာရမယ့် ဥပဒေ မဟုတ်ဘဲ လိုက်နာဖို့လိုတဲ့ စည်းမျဉ်းစည်းကမ်းတွေပဲ ဖြစ်တယ်လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ ဒီကျင့်ဝတ်တွေဟာ လွှတ်တော်ကိုယ်စားလှယ် အားလုံးနဲ့ သက်ဆိုင်ဖို့လိုပြီး အားလုံးလိုက်နာလာအောင် လုပ်ဆောင်ဖို့လည်း လိုတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ဆီမှာ လွှတ်တော်ကိုယ်စားလှယ်က ၂ ခုရှိတာပေါ့၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရှိတယ်၊ ရွေးချယ်ခံ ကိုယ်စားလှယ်တွေ ရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ် အားလုံးကို ခြုံမိသလား ဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့၊ အားလုံးခြုံတယ်၊ အားလုံးနဲ့ လိုက်နာရမယ်ဆိုရင်တော့ မဆိုးလှဘူးပေါ့၊ နို့မို့ဆိုရင်တော့ ဒါက ဆွေးနွေးစရာ ဖြစ်လာမှာပေါ့" လို့ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မသန္တာက ပြောပါတယ်။
ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး ကတော့ ဒီကျင့်ဝတ်မူကြမ်းထွက်လာဖို့ သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေက ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရတယ်လို့ ပြောပါတယ်။
အခုတော့ လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ ကျင့်ဝတ်မူကြမ်းကို ကိုယ်စားလှယ်တွေကြား ချပြ သဘောတူညီချက်ယူမှာဖြစ်ပြီး အဲ့ဒီနောက် ဒီနှစ်မကုန်ခင် ကျင့်ဝတ်ထွက်ရှိလာနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေါက်တာလှမိုးက ပြောပါတယ်။
BBC Burmese
https://www.bbc.com
လႊတ္ေတာ္အမတ္ေတြ လိုက္နာရမယ့္ က်င့္ဝတ္ေတြ အခုႏွစ္မကုန္ခင္ထြက္လာႏိုင္ဖို႔ ျပင္ဆင္ေန
Reviewed by THITHTOOLWIN
on
08:42
Rating: