တောမီးကြောင့် ကယ်လီဖိုးနီးယားမှာ လူ ၅ သောင်းလောက် ဘေးလွတ်ရာပြောင်းရွှေ့


(Zawgyi/Unicode)







[Unicode Version]

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်းတွေမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၅၀,၀၀၀ ထက်မနည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

တောမီးလောင်ကျွမ်းမှု မကူးစက်အောင်လုပ်တဲ့အနေနဲ့ Pacific ဓါတ်ငွေ့ နဲ့ လျှပ်စစ်ဓါတ်အားပေးကုမ္ပဏီတွေက သူတို့ရဲ့ လျှပ်စစ်ဓါတ်အားနဲ့ ဓါတ်ငွေ့ပေးနေတာတွေကို ရပ်တန့်ထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက ဝိုင်ထုတ်လုပ်တဲ့နေရာမှာတော့ ၅ ရာခိုင်နှုန်း ပဲ မီးကို ငြှိမ်းသတ်နိုင်သေးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုလောက်လောဆယ်မှာတော့ ဧက ၁၆,၀၀၀ လောက် လောင်ကျွမ်းနေပြီး၊ ၅ ရာခိုင်နှုန်း ပဲ ငြှိမ်းသတ်နိုင်သေးကြောင်း အဆောက်အအုံ နဲ့ အိမ်ခြေ ၄၉ လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏဘယ်လောက်ရှိတယ်ဆိုတာကို ဆက်လက် တိုင်းတာနေဆဲဖြစ်ကြောင်း အခုလောလောဆယ်မှာ မီးသတ်သမား ၁၃၀၀ က မီးကို ဝိုင်းပြီး ငြိမ်းသတ်နေကြပြီး မနက်ဖြန်မှာတော့ မီးသတ်သမား ပမာဏရဲ့ ထက်ဝက်လောက် ထပ်တိုးသွားမှာဖြစ်တယ်လို့ ပြည်နယ်မီးသတ်ဌာန အကြီးအကဲ Mike Parkes က ပြောပါတယ်။

တောမီးကြောင့် အန္တရာယ်တွေရှိနေပေမယ့်လည်း တချို့တွေကတော့ သူတို့ရဲ့ နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ဖို့ ငြင်းဆန်နေကြတယ်လို့ Sonoma ခရိုင်ရဲအရာရှိက ပြောပါတယ်။

ဒီတောမီးဟာ ဗုဒ္ဓဟူးနေ့ညက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com
တောမီးကြောင့် ကယ်လီဖိုးနီးယားမှာ လူ ၅ သောင်းလောက် ဘေးလွတ်ရာပြောင်းရွှေ့ တောမီးကြောင့် ကယ်လီဖိုးနီးယားမှာ လူ ၅ သောင်းလောက် ဘေးလွတ်ရာပြောင်းရွှေ့ Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.