ဒုတိယအႀကိမ္ က်ိဳင္းတုံေဆြးေႏြးပြဲမွာ ရလဒ္ထြက္ေပၚခဲ့ျခင္းမရွိ |
ၿပီးခဲ့တဲ့ စက္တင္ဘာတုန္းက ဒုတိယအႀကိမ္ က်ိဳင္းတုံေဆြးေႏြးပြဲမွာ ရလဒ္ထြက္ေပၚခဲ့ျခင္းမရွိဘဲ ေအာက္တိုဘာအထိ ေ႐ႊ႕လာခဲ့တဲ့ ဒီေဆြးေႏြးပြဲကို အခုအခါ ႏိုဝင္ဘာ ၅ ရက္ကေန ၁၀ ရက္အတြင္း ျပန္လုပ္ဖို႔ ႏွစ္ဖက္ညႇိႏႈိင္းေနၿပီျဖစ္ပါတယ္။
ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ အစိုးရက ပဏာမ ပစ္ခတ္တိုက္ခတ္မႈရပ္စဲေရးသေဘာတူညီခ်က္ လက္မွတ္ေရးထိုးဖို႔ ညႇိႏႈိင္းေနတာ တစ္ႏွစ္နီးပါးရွိေနၿပီျဖစ္ပါတယ္။
လာမယ့္ ႏိုဝင္ဘာေဆြးေႏြးပြဲမွာေတာ့ ဒီသေဘာတူညီခ်က္ကို ဆက္အေကာင္အထည္ေဖာ္ဖို႔ ေဆြးေႏြးမယ္လို႔ သမၼတ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေအာက္တိုဘာ ၂၅ ရက္က သမၼတ႐ုံးသတင္းစာ ရွင္းလင္း ပြဲမွာ ေျပာၾကားခဲ့ပါတယ္။
"ေလးဖြဲ႕လုံးနဲ႔ ပဏာမပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူညီခ်က္ လက္မွတ္ေရးထိုးဖို႔ရွိပါတယ္။ ထိုးၿပီး သြားရင္ ေနာက္တစ္ဆင့္က်ရင္ ေဆြးေႏြးမယ္။ တစ္ဖြဲ႕ခ်င္း၊ တစ္ဖြဲ႕ခ်င္း သေဘာတူညီခ်က္ ယူသြားဖို႔ွရွိ တယ္။ ၿပီးရင္ေတာ့ NCA သြားဖို႔ရွိပါတယ္" လို႔ သူက လုပ္ငန္းစဥ္ကို ရွင္းျပပါတယ္။
တပ္မေတာ္နဲ႔ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA/KIO တို႔ တစ္ေက်ာ့ျပန္တိုက္ပြဲေတြျဖစ္ခဲ့တာ ကိုးႏွစ္ေက်ာ္လာ |
တပ္မေတာ္နဲ႔ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA/KIO တို႔ တစ္ေက်ာ့ျပန္တိုက္ပြဲေတြျဖစ္ခဲ့တာ ကိုးႏွစ္ေက်ာ္ လာၿပီျဖစ္ၿပီး စစ္ပြဲေၾကာင့္ ေဒသခံတစ္သိန္းေက်ာ္ စစ္ေရွာင္စခန္းေတြမွာ ခိုလႈံေနရပါတယ္။
အပစ္ရပ္စာခ်ဳပ္ NCA ကို လက္မွတ္ထိုးႏိုင္ဖို႔ ပထမအဆင့္အေနနဲ႔ ပဏာမသေဘာတူညီခ်က္ bilateral ကို ေရးထိုးႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ KIA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လက ေအာက္တိုဘာ ၂၅ ရက္မွာ က်ေရာက္တဲ့ ၅၉ ႏွစ္ေျမာက္ KIO အထိမ္းအမွတ္ေန႔ အခမ္း အနားမွာ ကခ်င္လူထုကို အသိေပးခဲ့တယ္လို႔ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕ PCG က ဦးလမိုင္ဂြန္ဂ်ာက ေျပာပါတယ္။
"ပထမအဆင့္အေနနဲ႔ Bi lateral လက္မွတ္ေရးထိုးႏိုင္ဖို႔ႀကိဳးစားေနတာျဖစ္တယ္။ ၿပီးမွ NCA လမ္းေၾကာင္း ကိုဆက္သြားမွာျဖစ္တယ္။ အဲဒီလိုသြားတဲ့ေနရာမွာ လိုအပ္တာျဖည့္စြက္စရာရွိတာေတြကို ဆက္လက္ ေဆြးေႏြးမယ္။ ေဆြးေႏြးလို႔ အားလုံးအဆင္ေျပရင္ေတာ့ NCA ထိုးသြားမယ္ဆိုတဲ့သေဘာပါ" လို႔ ကခ်င္ ဘာသာနဲ႔ ထုတ္ျပန္ခဲ့တဲ့ KIO ရဲ႕ ထုတ္ျပန္ခ်က္ကို သူက ျပန္ရွင္းျပပါတယ္။
ဒီလိုအပစ္ရပ္ေရးစာခ်ဳပ္ေတြလက္မွတ္ထိုးမွ ႏိုင္ငံေရးစားပြဲဝိုင္းေပၚေရာက္ႏိုင္မွာျဖစ္ၿပီး ကိုယ္လိုခ်င္ တာေတာင္းဆိုႏိုင္မွာျဖစ္လို႔ တခ်ိဳ႕ ျပည္သူေတြအေနနဲ႔ စိတ္ဝမ္းမကြဲဖို႔နဲ႔ အပစ္ရပ္စာခ်ဳပ္ထိုးဖို႔ကိုလည္း အျပန္ျပန္အလွန္လွန္သုံးသပ္ေဆြးေႏြးၿပီးမွလုပ္မယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လက ရွင္းျပခဲ့တယ္လို႔ သူက ဆိုပါတယ္။
ဒီလိုအပစ္ရပ္စာခ်ဳပ္လက္မွတ္ထိုးမထိုး ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လ ေျပာၾကားခ်က္နဲ႔ပတ္သက္ၿပီး KIA ဘက္ ကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ မရရွိေသးပါဘူး။
ကခ်င္ျပည္နယ္မွာ တပ္မေတာ္က အပစ္ရပ္ထားတဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာကေန လက္ရွိအခ်ိန္အထိ ထိ ေတြ႕တိုက္ပြဲေတြမရွိသေလာက္ျဖစ္ခဲ့ၿပီး တခ်ိဳ႕ စစ္ေရွာင္ေတြဆိုရင္ ေနရပ္ျပန္တာေတြရွိလာေနပါတယ္။ ေဒသလုံၿခဳံေရးအေျခအေနကို အာမမခံႏိုင္ေသးဘဲ ကိုယ့္သေဘာနဲ႔ကိုယ္ ျပန္ၾကတာေတြရွိေနေပမယ့္ အဲဒီေနရာေတြမွာ ႏွစ္ဖက္တပ္ေတြ မရွိေတာ့တဲ့အတြက္ အထိုက္အေလ်ာက္လုံၿခဳံစိတ္ခ်ရမႈရွိ တယ္လို႔ လည္း ေနရပ္ျပန္သူေတြက ေျပာပါတယ္။
ကခ်င္အဖြဲ႕ KIA ၊ ကိုးကန႔္အဖြဲ႕ MNDAA ၊ တအာင္းအဖြဲ႕ TNLA နဲ႔ ရခိုင္အဖြဲ႕ AA စတဲ့ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ အစိုးရဟာ ၾသဂုတ္လကုန္ပိုင္းက က်ိဳင္းတုံမွာ ပထမအႀကိမ္ေတြ႕ဆုံထားပါတယ္။ စက္တင္ဘာမွာ ဒုတိယ အႀကိမ္ ေတြ႕ဆုံေနခ်ိန္မွာပဲ AA နဲ႔ TNLA အဖြဲ႕တို႔နဲ႔ တိုက္ပြဲေတြျဖစ္ပြားခဲ့တဲ့အတြက္ ေဆြးေႏြးပြဲဟာ မ ေအာင္ျမင္ဘူးလို႔ AA ဘက္က ေျပာတာေတြရွိခဲ့ပါတယ္။
ဒီကေန႔ ေအာက္တိုဘာ ၂၆ ရက္က က်င္းပတဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက AA ဟာ အၾကမ္းဖက္လုပ္ရပ္ ေတြလုပ္ေနတဲ့အတြက္ အၾကမ္းဖက္သမားေတြလို႔ ေျပာၾကားသြားပါတယ္။
လက္ရွိမွာ အစိုးရ၊ တပ္မေတာ္နဲ႔ အပစ္ရပ္အဖြဲ႕ဆယ္ဖြဲ႕ထိပ္သီးေခါင္းေဆာင္ေတြပါဝင္တက္ေရာက္ရတဲ့ အပစ္ရပ္စာခ်ဳပ္အေကာင္အထည္ေဖာ္ေရးအစည္းအေဝး JICM ကို အျမန္ဆုံးက်င္းပဖို႔ အလြတ္သေဘာ ေတြ႕ဆုံမႈေတြကေနတစ္ဆင့္ ညႇိႏႈိင္းခဲ့တာ အခုဆို အႀကိဳအစည္းအေဝးလုပ္ထားႏိုင္ခဲ့ၿပီး သေဘာထားစု စည္းခ်က္ ကိုးခ်က္ရရွိထားၿပီးျဖစ္ပါတယ္။
BBC Burmese
https://www.bbc.com
------------------
Unicode
မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရ တွေ့ဆုံဖို့ အချိန်နဲ့နေရာ ညှိနှိုင်းနေ
ဓာတ်ပုံ မူပိုင် Tachileik News Agency
Image caption ဒုတိယအကြိမ် ကျိုင်းတုံဆွေးနွေးပွဲမှာ ရလဒ်ထွက်ပေါ်ခဲ့ခြင်းမရှိ
ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ဒုတိယအကြိမ် ကျိုင်းတုံဆွေးနွေးပွဲမှာ ရလဒ်ထွက်ပေါ်ခဲ့ခြင်းမရှိဘဲ အောက်တိုဘာအထိ ရွှေ့လာခဲ့တဲ့ ဒီဆွေးနွေးပွဲကို အခုအခါ နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်အတွင်း ပြန်လုပ်ဖို့ နှစ်ဖက်ညှိနှိုင်းနေပြီဖြစ်ပါတယ်။
မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရက ပဏာမ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းနေတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာဆွေးနွေးပွဲမှာတော့ ဒီသဘောတူညီချက်ကို ဆက်အကောင်အထည်ဖော်ဖို့ ဆွေးနွေးမယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အောက်တိုဘာ ၂၅ ရက်က သမ္မတရုံးသတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြားခဲ့ပါတယ်။
"လေးဖွဲ့လုံးနဲ့ ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ ထိုးပြီး သွားရင် နောက်တစ်ဆင့်ကျရင် ဆွေးနွေးမယ်။ တစ်ဖွဲ့ချင်း၊ တစ်ဖွဲ့ချင်း သဘောတူညီချက် ယူသွားဖို့ှရှိ တယ်။ ပြီးရင်တော့ NCA သွားဖို့ရှိပါတယ်" လို့ သူက လုပ်ငန်းစဉ်ကို ရှင်းပြပါတယ်။
ဓာတ်ပုံ မူပိုင် AUNG HTET
Image caption တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA/KIO တို့ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့တာ ကိုးနှစ်ကျော်လာ
တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA/KIO တို့ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့တာ ကိုးနှစ်ကျော် လာပြီဖြစ်ပြီး စစ်ပွဲကြောင့် ဒေသခံတစ်သိန်းကျော် စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။
အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးနိုင်ဖို့ ပထမအဆင့်အနေနဲ့ ပဏာမသဘောတူညီချက် bilateral ကို ရေးထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာ ၂၅ ရက်မှာ ကျရောက်တဲ့ ၅၉ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ အခမ်း အနားမှာ ကချင်လူထုကို အသိပေးခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
"ပထမအဆင့်အနေနဲ့ Bi lateral လက်မှတ်ရေးထိုးနိုင်ဖို့ကြိုးစားနေတာဖြစ်တယ်။ ပြီးမှ NCA လမ်းကြောင်း ကိုဆက်သွားမှာဖြစ်တယ်။ အဲဒီလိုသွားတဲ့နေရာမှာ လိုအပ်တာဖြည့်စွက်စရာရှိတာတွေကို ဆက်လက် ဆွေးနွေးမယ်။ ဆွေးနွေးလို့ အားလုံးအဆင်ပြေရင်တော့ NCA ထိုးသွားမယ်ဆိုတဲ့သဘောပါ" လို့ ကချင် ဘာသာနဲ့ ထုတ်ပြန်ခဲ့တဲ့ KIO ရဲ့ ထုတ်ပြန်ချက်ကို သူက ပြန်ရှင်းပြပါတယ်။
ဒီလိုအပစ်ရပ်ရေးစာချုပ်တွေလက်မှတ်ထိုးမှ နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်နိုင်မှာဖြစ်ပြီး ကိုယ်လိုချင် တာတောင်းဆိုနိုင်မှာဖြစ်လို့ တချို့ ပြည်သူတွေအနေနဲ့ စိတ်ဝမ်းမကွဲဖို့နဲ့ အပစ်ရပ်စာချုပ်ထိုးဖို့ကိုလည်း အပြန်ပြန်အလှန်လှန်သုံးသပ်ဆွေးနွေးပြီးမှလုပ်မယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ရှင်းပြခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီလိုအပစ်ရပ်စာချုပ်လက်မှတ်ထိုးမထိုး ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြားချက်နဲ့ပတ်သက်ပြီး KIA ဘက် ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရရှိသေးပါဘူး။
ကချင်ပြည်နယ်မှာ တပ်မတော်က အပစ်ရပ်ထားတဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကနေ လက်ရှိအချိန်အထိ ထိ တွေ့တိုက်ပွဲတွေမရှိသလောက်ဖြစ်ခဲ့ပြီး တချို့ စစ်ရှောင်တွေဆိုရင် နေရပ်ပြန်တာတွေရှိလာနေပါတယ်။ ဒေသလုံခြုံရေးအခြေအနေကို အာမမခံနိုင်သေးဘဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်ကြတာတွေရှိနေပေမယ့် အဲဒီနေရာတွေမှာ နှစ်ဖက်တပ်တွေ မရှိတော့တဲ့အတွက် အထိုက်အလျောက်လုံခြုံစိတ်ချရမှုရှိ တယ်လို့ လည်း နေရပ်ပြန်သူတွေက ပြောပါတယ်။
ကချင်အဖွဲ့ KIA ၊ ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ ရခိုင်အဖွဲ့ AA စတဲ့မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရဟာ သြဂုတ်လကုန်ပိုင်းက ကျိုင်းတုံမှာ ပထမအကြိမ်တွေ့ဆုံထားပါတယ်။ စက်တင်ဘာမှာ ဒုတိယ အကြိမ် တွေ့ဆုံနေချိန်မှာပဲ AA နဲ့ TNLA အဖွဲ့တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဆွေးနွေးပွဲဟာ မ အောင်မြင်ဘူးလို့ AA ဘက်က ပြောတာတွေရှိခဲ့ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၆ ရက်က ကျင်းပတဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက AA ဟာ အကြမ်းဖက်လုပ်ရပ် တွေလုပ်နေတဲ့အတွက် အကြမ်းဖက်သမားတွေလို့ ပြောကြားသွားပါတယ်။
လက်ရှိမှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့ဆယ်ဖွဲ့ထိပ်သီးခေါင်းဆောင်တွေပါဝင်တက်ရောက်ရတဲ့ အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး JICM ကို အမြန်ဆုံးကျင်းပဖို့ အလွတ်သဘော တွေ့ဆုံမှုတွေကနေတစ်ဆင့် ညှိနှိုင်းခဲ့တာ အခုဆို အကြိုအစည်းအဝေးလုပ်ထားနိုင်ခဲ့ပြီး သဘောထားစု စည်းချက် ကိုးချက်ရရှိထားပြီးဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com
ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ အစိုးရ ေတြ႕ဆုံဖို႔ အခ်ိန္နဲ႔ေနရာ ညႇိႏႈိင္းေန
Reviewed by THITHTOOLWIN
on
02:39
Rating: