ကြတ္ခုိင္နယ္မွာ တပ္မေတာ္နဲ႔ တအာင္းအဖြဲ႔ တုိက္ပြဲျဖစ္ပြား

ကြတ္ခိုင္ၿမိဳ႕နယ္ လိြဳင္ဆမ္ဆစ္ေတာင္ေျခမွာ တပ္မေတာ္သားတခ်ိဳ႕ကို ေတြ႔ရစဥ္
Zawgyi
ကြတ္ခိုင္ၿမိဳ႕နယ္ လိြဳင္ဆမ္ဆစ္ေတာင္ေျခက မန္ေနာင္ေက်းရြာတ၀ိုက္ တပ္မေတာ္နဲ႔ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႔တို႔ ဒီေန႔မနက္ တိုက္ပြဲျဖစ္ပြားေနၿပီး မူဆယ္-လားရႈိးအေ၀းေျပးလမ္းမွာ သံုးနာရီေက်ာ္ေလာက္ သြားလာမႈေတြ ေခတၱရပ္ဆုိင္းခဲ့ပါတယ္။

မူဆယ္ကေန ဆင္းလာတဲ့ကားေတြ ကြတ္ခိုင္မွာ ေခတၱနားေနရသလို လားရႈိးကေန မူဆယ္ဘက္ကုိ တက္လာတ့ဲ ကားေတြလည္း သိႏၷီနဲ႔ မန္ၿပိန္းရြာေတြမွာ ေခတၱေစာင့္ဆိုင္းခဲ့ရပါတယ္။ ကြတ္ခိုင္ ေဒသခံေဒၚခမ္းမတ္ကေတာ့ လက္ရွိမွာ စစ္ေရးတင္းမာေနတဲ့ အေျခအေနျဖစ္ေနတယ္လ႔ို RFA ကို ေျပာပါတယ္။ မနက္ ရွစ္နာရီေက်ာ္ကေန လမ္းေတြေခတၱပိတ္ခဲ့တာျဖစ္ၿပီး ေန႔လယ္ ဆယ့္တစ္နာရီထိုးကာနီးမွာ လမ္းျပန္ပြင့္သြားခဲ့တယ္လို႔ ကြတ္ခိုင္ေဒသ ခံက ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက

"ကြတ္ခိုင္မွာေတာ့ ဒီေန႔မနက္ ၉ နာရီကေန ၉ နာရီ ၅ မိနစ္အထိ ကြတ္ခိုင္ၿမိဳ႕ရဲ႕ေတာင္ဘက္ မီတာ ၅၀၀၀ ေလာက္မွာ ျပည္ေထာင္စုလမ္းမႀကီးေပၚမွာေပါ့ ကာလိုင္ရြာကို သြားတဲ့လမ္းခြဲေပါ့၊ လိြဳင္ဆမ္စစ္ေတာင္ေျခမွာ TNLA အေယာက္ ၂၀ ေလာက္ ဆက္ေၾကးေကာက္ခံေနတယ္ဆိုၿပီး ခရီးသြားျပည္ သူေတြက သတင္းေပးပို႔လာတာရွိတယ္၊ အဲဒါနဲ႔ပတ္သက္ၿပီး ကြတ္ခိုင္ၿမိဳ႕မွာရွိတဲ့ လံုျခံဳေရစစ္ေၾကာင္းက ထြက္ၿပီးေတာ့ နယ္ေျမစိုးမိုးေရးေဆာင္ရြက္ခဲ့တာရွိတယ္၊ အဲမွာ ကၽြန္ေတာ္တို႔ ၉ နာရီကေန ၉ နာရီ ၅ မိနစ္ေလာက္အထိ တိုက္ပြဲျဖစ္ပြားတာရွိတယ္၊ TNLA ဘက္က ျပန္လည္ၿပီးေတာ့ ဆုတ္ခြာသြားတယ္၊ အဲမွာေတာ့ ကၽြန္ေတာ္တို႔ ထိခုိက္ဒဏ္ရာရရွိမႈေတာ့ မရွိဘူး၊ TNLA အေနနဲ႔ ကေတာ့ ကၽြန္ေတာ္တို႔ ဒီျပည္ေထာင္စုလမ္းမႀကီးေပၚမွာ လစ္ရင္ လစ္သလို တက္ၿပီးေတာ့ ဆက္ေၾကးေကာက္တာတို႔ ၿခိမ္းေျခာက္ တာတို႔ ဒါေတြကိုေတာ့ လုပ္ေဆာင္ေနဆဲျဖစ္တယ္၊ နယ္ေျမစိုး မိုးေရးေတာ့ ကၽြန္ေတာ္တို႔ ေဆာင္ရြက္ေနပါတယ္ခင္ဗ်"

TNLA ေျပာခြင့္ရ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္ကေတာ့ လက္ရွိမွာ ကြတ္ခိုင္အထြက္ ေတာင္သံုးဆယ္ဘက္မွာ သူတို႔ တပ္ဖြဲ႔ေတြနဲ႔ တပ္မေတာ္တို ့စစ္ေရးတင္းမာေနၿပီး တပ္မေတာ္ဘက္က လက္နက္ႀကီးငယ္ေတြနဲ႔ ပစ္ခတ္ေနေၾကာင္း တပ္မေတာ္ဘက္က သူတို႔ရွိတဲ့ဘက္ကို ထပ္ၿပီးတက္လာရင္ တိုက္ပြဲျဖစ္လာႏိုင္လို႔ ခရီးသြားကားေတြ သတိနဲ႔ သြားလာၾကဖို႔၊ ပစ္ခတ္မႈျဖစ္ခ်ိန္မွာ မသြားၾကဖို႔ ေျပာပါတယ္။

တပ္မေတာ္နဲ႔ TNLA တပ္ဖြဲ႔ဟာ ေအာက္တိုဘာလ ၂၄ ရက္ေန ့မေန႔ကတည္းက နမ့္ခမ္းနဲ႔ ကြတ္ခိုင္ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြျဖစ္ပြားခဲ့တယ္လို႔ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာပါတယ္။ မေန႔ကမနက္ပိုင္းမွာ နမ့္ခမ္းၿမိဳ႕နယ္ နမ့္ဟြမ္ရြာနားမွာ တစ္ႀကိမ္ ကြတ္ခိုင္ၿမိဳ႕နယ္ ပန္လံုနဲ႔ တာထီးရြာနားမွာ တစ္ႀကိမ္ျဖစ္ပြားခဲ့ၿပီး ညေနပိုင္းမွာေတာ့ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ေဟြရြာအနီး သူတို႔တပ္ရင္း ၇၇၇ ရွိတဲ့ေနရာမွာ တိုက္ပြဲေတြရွိခဲ့ၿပီး ဒီမနက္မွာလည္း အဲဒိီေနရာေတြမွာ စစ္ေရးတင္းမာေနဆဲျဖစ္တယ္လို႔ ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------
Unicode
ကွတ်ခိုင်နယ်မှာ တပ်မတော်နဲ့ တအာင်းအဖွဲ့ တိုက်ပွဲဖြစ်ပွား

ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေမှာ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေက မန်နောင်ကျေးရွာတဝိုက် တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားနေပြီး မူဆယ်-လားရှိုးအဝေးပြေးလမ်းမှာ သုံးနာရီကျော်လောက် သွားလာမှုတွေ ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။

မူဆယ်ကနေ ဆင်းလာတဲ့ကားတွေ ကွတ်ခိုင်မှာ ခေတ္တနားနေရသလို လားရှိုးကနေ မူဆယ်ဘက်ကို တက်လာတဲ့ ကားတွေလည်း သိန္နီနဲ့ မန်ပြိန်းရွာတွေမှာ ခေတ္တစောင့်ဆိုင်းခဲ့ရပါတယ်။ ကွတ်ခိုင် ဒေသခံဒေါ်ခမ်းမတ်ကတော့ လက်ရှိမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်နေတယ်လ့ို RFA ကို ပြောပါတယ်။ မနက် ရှစ်နာရီကျော်ကနေ လမ်းတွေခေတ္တပိတ်ခဲ့တာဖြစ်ပြီး နေ့လယ် ဆယ့်တစ်နာရီထိုးကာနီးမှာ လမ်းပြန်ပွင့်သွားခဲ့တယ်လို့ ကွတ်ခိုင်ဒေသ ခံက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက

"ကွတ်ခိုင်မှာတော့ ဒီနေ့မနက် ၉ နာရီကနေ ၉ နာရီ ၅ မိနစ်အထိ ကွတ်ခိုင်မြို့ရဲ့တောင်ဘက် မီတာ ၅၀၀၀ လောက်မှာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာပေါ့ ကာလိုင်ရွာကို သွားတဲ့လမ်းခွဲပေါ့၊ လွိုင်ဆမ်စစ်တောင်ခြေမှာ TNLA အယောက် ၂၀ လောက် ဆက်ကြေးကောက်ခံနေတယ်ဆိုပြီး ခရီးသွားပြည် သူတွေက သတင်းပေးပို့လာတာရှိတယ်၊ အဲဒါနဲ့ပတ်သက်ပြီး ကွတ်ခိုင်မြို့မှာရှိတဲ့ လုံခြုံရေစစ်ကြောင်းက ထွက်ပြီးတော့ နယ်မြေစိုးမိုးရေးဆောင်ရွက်ခဲ့တာရှိတယ်၊ အဲမှာ ကျွန်တော်တို့ ၉ နာရီကနေ ၉ နာရီ ၅ မိနစ်လောက်အထိ တိုက်ပွဲဖြစ်ပွားတာရှိတယ်၊ TNLA ဘက်က ပြန်လည်ပြီးတော့ ဆုတ်ခွာသွားတယ်၊ အဲမှာတော့ ကျွန်တော်တို့ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး၊ TNLA အနေနဲ့ ကတော့ ကျွန်တော်တို့ ဒီပြည်ထောင်စုလမ်းမကြီးပေါ်မှာ လစ်ရင် လစ်သလို တက်ပြီးတော့ ဆက်ကြေးကောက်တာတို့ ခြိမ်းခြောက် တာတို့ ဒါတွေကိုတော့ လုပ်ဆောင်နေဆဲဖြစ်တယ်၊ နယ်မြေစိုး မိုးရေးတော့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်ခင်ဗျ"

TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ လက်ရှိမှာ ကွတ်ခိုင်အထွက် တောင်သုံးဆယ်ဘက်မှာ သူတို့ တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့စစ်ရေးတင်းမာနေပြီး တပ်မတော်ဘက်က လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်နေကြောင်း တပ်မတော်ဘက်က သူတို့ရှိတဲ့ဘက်ကို ထပ်ပြီးတက်လာရင် တိုက်ပွဲဖြစ်လာနိုင်လို့ ခရီးသွားကားတွေ သတိနဲ့ သွားလာကြဖို့၊ ပစ်ခတ်မှုဖြစ်ချိန်မှာ မသွားကြဖို့ ပြောပါတယ်။

တပ်မတော်နဲ့ TNLA တပ်ဖွဲ့ဟာ အောက်တိုဘာလ ၂၄ ရက်နေ့မနေ့ကတည်းက နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ မနေ့ကမနက်ပိုင်းမှာ နမ့်ခမ်းမြို့နယ် နမ့်ဟွမ်ရွာနားမှာ တစ်ကြိမ် ကွတ်ခိုင်မြို့နယ် ပန်လုံနဲ့ တာထီးရွာနားမှာ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ဟွေရွာအနီး သူတို့တပ်ရင်း ၇၇၇ ရှိတဲ့နေရာမှာ တိုက်ပွဲတွေရှိခဲ့ပြီး ဒီမနက်မှာလည်း အဲဒီနေရာတွေမှာ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org
ကြတ္ခုိင္နယ္မွာ တပ္မေတာ္နဲ႔ တအာင္းအဖြဲ႔ တုိက္ပြဲျဖစ္ပြား ကြတ္ခုိင္နယ္မွာ တပ္မေတာ္နဲ႔ တအာင္းအဖြဲ႔ တုိက္ပြဲျဖစ္ပြား Reviewed by THITHTOOLWIN on 08:53 Rating: 5
Powered by Blogger.