ျမန္မာႏိုင္ငံမွာ ဒုတိယအႀကီးဆုံးျဖစ္လာမယ့္ ပလက္ဝမွာေဆာက္မယ့္ ေရကာတာစီမံကိန္းကို ကန႔္ကြက္

ပလက္ဝၿမိဳ႕နယ္ေလးၿမိဳ႕ျမစ္ေပၚမွာ မဂၢါဝပ္ ၆၀၀ ထြက္မယ့္ ေရအားလွ်ပ္စစ္စီမံကိန္းကိုတည္ေဆာက္ဖို႔လုပ္ေန
Zawgyi
ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ ေလးၿမိဳ႕ျမစ္ေပၚမွာ မဂၢါဝပ္ ၆၀၀ ထြက္မယ့္ ေရအားလွ်ပ္စစ္စီမံကိန္းကို တည္ေဆာက္ဖို႔အတြက္ ျပင္သစ္ႏိုင္ငံက ကုမၸဏီတစ္ခုနဲ႔ ေရွ႕ေျပး ျဖစ္ႏိုင္ေျခ စူးစမ္းေလ့လာမႈေတြ ေဆာင္႐ြက္ဖို႔ ရွိေနပါတယ္။

စီမံကိန္းကို စတင္တာမ်ိဳးမရွိေသးေပမယ့္ ဒီေရအားလွ်ပ္စစ္စီမံကိန္းဟာ ပြင့္လင္းျမင္သာ မႈ မရွိတဲ့ အျပင္ ျပည္သူေတြရဲ႕ အိုးအိမ္စည္းစိမ္ေတြကို ထိခိုက္ႏိုင္တာေၾကာင့္ ဆိုၿပီးကန႔္ကြက္ဖို႔လုပ္ေနတယ္လို႔ Chin River witch အဖြဲ႕က ဆလိုင္းဆိုင္မြန္က ေျပာပါတယ္။

ေလးၿမိဳ႕ျမစ္ဟာ မတူပီ ဘုံတလာ ေရတံခြန္ေနရာမွာ ျမစ္ဖ်ားခံၿပီး ပလက္ဝကေန ရခိုင္ကို စီးဆင္းေနတဲ့အတြက္ အခု လုပ္မယ့္ စီမံကိန္းဟာ ခ်င္းျပည္နယ္မွာ အႀကီးဆုံး ေရအားလွ်ပ္စစ္ ထုတ္မယ့္စီမံကိန္းျဖစ္ၿပီး ျမန္မာႏိုင္ငံမွာေတာ့ ဒုတိယအႀကီးဆုံး လွ်ပ္စစ္ စီမံကိန္းျဖစ္ပါတယ။္

ဒီစီမံကိန္းကို လြန္ခဲ့တဲ့ သုံးႏွစ္က ႀကိဳတင္ေလ့လာကြင္းဆင္းတာေတြကို ျပင္သစ္ကုမၸဏီက လုပ္ခဲ့ေပမယ့္ MOU သက္တမ္းကုန္တဲ့အတြက္ အခုမွ ထပ္ၿပီး ျပန္လည္ကြင္းဆင္းေလ့လာေနတာျဖစ္ၿပီး ဆာေဗးဆင္းတာတင္ ၃ ႏွစ္ေလာက္ၾကာမွာျဖစ္တယ္လို႔ သူက ဆိုပါတယ္။

စီမံကိန္းအတြက္ ေနရာႏွစ္ေနရာ လ်ာထားသတ္မွတ္ထားၿပီး ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ သံေတာင္ေက်း႐ြာနားမွာ လုပ္မယ့္ စီမံကိန္း(၁)နဲ႔ ရခိုင္ျပည္နယ္နားက လွ်ပ္စစ္စီမံကိန္း ၂ တို႔ လ်ာထားတယ္လို႔ ခ်င္းျပည္နယ္ အစိုးရရဲ႕ စည္ပင္လွ်ပ္စစ္နဲ႔ စက္မႈဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

ဒီေလးၿမိဳ႕ျမစ္လွ်ပ္စစ္ စီမံကိန္းကေန ခ်င္းျပည္နယ္သာမက ျပည္မကိုပါ လွ်ပ္စစ္ေပးလို႔ရမွာျဖစ္ၿပီး ပိုလွ်ံပါက ႏိုင္ငံျခားကို ပါေရာင္းလို႔ရႏိုင္တယ္လို႔ ဦးစိုးထက္က ေျပာပါတယ္။

အခုလတ္တေလာ အေျခအေနမွာ နယ္ေျမမေအးခ်မ္းတာေၾကာင့္ ျပင္သစ္ကုမဏီက ဆာေဗးမဆင္းႏိုင္ေသးတဲ့အျပင္ တကယ္လို႔ ဒီစီမံကိန္းကို လုပ္ေဆာင္မယ္ ဆိုပါက ယူအက္ေဒၚလာ သုံးဘီလ်ံကေန ေလးဘီလ်ံၾကား ရင္းႏွီးျမႇဳပ္ႏွံမွာျဖစ္တယ္လို႔ ဦးစိုးထက္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
Unicode
ပလက်ဝမြို့နယ်လေးမြို့မြစ်ပေါ်မှာ မဂ္ဂါဝပ် ၆၀၀ ထွက်မယ့် ရေအားလျှပ်စစ်စီမံကိန်းကိုတည်ဆောက်ဖို့လုပ်နေ
မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးဖြစ်လာမယ့် ပလက်ဝမှာဆောက်မယ့် ရေကာတာစီမံကိန်းကို ကန့်ကွက်

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် လေးမြို့မြစ်ပေါ်မှာ မဂ္ဂါဝပ် ၆၀၀ ထွက်မယ့် ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ဖို့အတွက် ပြင်သစ်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ ရှေ့ပြေး ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုတွေ ဆောင်ရွက်ဖို့ ရှိနေပါတယ်။

စီမံကိန်းကို စတင်တာမျိုးမရှိသေးပေမယ့် ဒီရေအားလျှပ်စစ်စီမံကိန်းဟာ ပွင့်လင်းမြင်သာ မှု မရှိတဲ့ အပြင် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ထိခိုက်နိုင်တာကြောင့် ဆိုပြီးကန့်ကွက်ဖို့လုပ်နေတယ်လို့ Chin River witch အဖွဲ့က ဆလိုင်းဆိုင်မွန်က ပြောပါတယ်။

လေးမြို့မြစ်ဟာ မတူပီ ဘုံတလာ ရေတံခွန်နေရာမှာ မြစ်ဖျားခံပြီး ပလက်ဝကနေ ရခိုင်ကို စီးဆင်းနေတဲ့အတွက် အခု လုပ်မယ့် စီမံကိန်းဟာ ချင်းပြည်နယ်မှာ အကြီးဆုံး ရေအားလျှပ်စစ် ထုတ်မယ့်စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဒုတိယအကြီးဆုံး လျှပ်စစ် စီမံကိန်းဖြစ်ပါတယ။်

ဒီစီမံကိန်းကို လွန်ခဲ့တဲ့ သုံးနှစ်က ကြိုတင်လေ့လာကွင်းဆင်းတာတွေကို ပြင်သစ်ကုမ္ပဏီက လုပ်ခဲ့ပေမယ့် MOU သက်တမ်းကုန်တဲ့အတွက် အခုမှ ထပ်ပြီး ပြန်လည်ကွင်းဆင်းလေ့လာနေတာဖြစ်ပြီး ဆာဗေးဆင်းတာတင် ၃ နှစ်လောက်ကြာမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

စီမံကိန်းအတွက် နေရာနှစ်နေရာ လျာထားသတ်မှတ်ထားပြီး ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် သံတောင်ကျေးရွာနားမှာ လုပ်မယ့် စီမံကိန်း(၁)နဲ့ ရခိုင်ပြည်နယ်နားက လျှပ်စစ်စီမံကိန်း ၂ တို့ လျာထားတယ်လို့ ချင်းပြည်နယ် အစိုးရရဲ့ စည်ပင်လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ဒီလေးမြို့မြစ်လျှပ်စစ် စီမံကိန်းကနေ ချင်းပြည်နယ်သာမက ပြည်မကိုပါ လျှပ်စစ်ပေးလို့ရမှာဖြစ်ပြီး ပိုလျှံပါက နိုင်ငံခြားကို ပါရောင်းလို့ရနိုင်တယ်လို့ ဦးစိုးထက်က ပြောပါတယ်။

အခုလတ်တလော အခြေအနေမှာ နယ်မြေမအေးချမ်းတာကြောင့် ပြင်သစ်ကုမဏီက ဆာဗေးမဆင်းနိုင်သေးတဲ့အပြင် တကယ်လို့ ဒီစီမံကိန်းကို လုပ်ဆောင်မယ် ဆိုပါက ယူအက်ဒေါ်လာ သုံးဘီလျံကနေ လေးဘီလျံကြား ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ ဦးစိုးထက်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာႏိုင္ငံမွာ ဒုတိယအႀကီးဆုံးျဖစ္လာမယ့္ ပလက္ဝမွာေဆာက္မယ့္ ေရကာတာစီမံကိန္းကို ကန႔္ကြက္ ျမန္မာႏိုင္ငံမွာ ဒုတိယအႀကီးဆုံးျဖစ္လာမယ့္ ပလက္ဝမွာေဆာက္မယ့္ ေရကာတာစီမံကိန္းကို ကန႔္ကြက္ Reviewed by THITHTOOLWIN on 01:43 Rating: 5
Powered by Blogger.