ျမစ္ဆုံစီမံကိန္းရပ္စဲေရးအတြက္ ထာဝရတားဝရမ္းထုတ္ေပးဖို႔ လာေရာက္ေလွ်ာက္ထားတဲ့ ျမစ္ဆုံေဒသခံမ်ား။ / Photo: RFA |
ျမစ္ဆုံစီမံကိန္းရပ္စဲေရးအတြက္ ထာဝရတားဝရမ္းထုတ္ေပးဖို႔ အလုပ္သမားအခြင့္ေရးဆိုင္ရာ အႀကံေပး အထက္တန္းေရွ႕ေန ဦးဖိုးျဖဴနဲ႔ ျမစ္ဆုံေဒသခံ အေယာက္သုံးရာေက်ာ္ ဒီကေန႔ ျမစ္ႀကီးနားတရား႐ုံးသို႔ လာေရာက္ၿပီးေတာ့ အမႈဖြင့္ေပးဖို႔ လာေရာက္ေလွ်ာက္ထားခဲ့ၾကပါတယ္။
ေလွ်ာက္ထားရာမွာ ျမစ္ဆုံစီမံကိန္တည္ေဆာက္မယ့္ေနရာနားက ေအာင္ျမင္သာ၊ မလိယန္၊ က်ိန္ခရန္၊ စတဲ့ သုံး႐ြာ ေဒသခံေတြပါ ဝင္ၿပီးေတာ့ ျမစ္ဆုံစီမံကိန္း အေကာင္အထည္ေဖာ္မယ့္ CPI/SPIC နဲ႔ ေအးရွားေဝါကုမၸဏီအေနနဲ႔ စီမံကိန္းရပ္စဲဖို႔၊ ထာဝရတားဝရမ္း ထုတ္ေပးဖို႔ လာေရာက္ေလွ်ာက္ထားတာျဖစ္တယ္လို႔ အထက္တန္းေရွ႕ေန ဦးဖိုးျဖဴက ေျပာပါတယ္။
အမႈလက္ခံ သင့္၊ မသင့္ကို တရား႐ုံးက ဒီေန႔ ညေနဖက္မွာ ထုတ္ျပန္မယ္လို႔ သိရပါတယ္။
ျမစ္ဆုံစီမံကိန္းကို ျပည္သူေတြကန႔္ကြက္မႈရွိတဲ့အတြက္၂၀၁၁ခုႏွစ္မွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဦးသိန္းစိန္အစိုးရ လက္ထက္ကတည္းက ရပ္ဆိုင္းထားခဲ့တာျဖစ္ၿပီးေတာ့၊ လက္ရွိ ေဒၚေဆာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အာဏာရ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) လက္ထက္မွာလည္း အၿပီးတိုင္ရပ္ဆိုင္းဖို႔ ရွိ၊ မရွိ တိတိက်က်ထုတ္ျပန္ထားျခင္း မရွိေသးပါဘူး။
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျမစ္ဆုံစီမံကိန္းအပါအဝင္ ႀကီးမားတဲ့စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြအေနနဲ႔ အျမင္က်ယ္က်ယ္နဲ႔ စဥ္းစားေစခ်င္တယ္လို႔ ပဲခူးတိုင္း ျပည္ၿမိဳ႕မွာ ၂၀၁၉ မတ္လ ၁၅ ရက္ေန႔က ေဒသခံေတြနဲ႔ ေတြ႕ဆုံရာမွာ ေျပာဆိုထားတာရွိပါတယ္။
ျမစ္ဆုံဟာ ဧရာဝတီရဲ႕အသက္ေသြးေၾကာျဖစ္တာမို႔၊ ဆည္ႀကီးပိတ္ဆို႔တည္ေဆာက္ရင္ ဧရာဝတီကိုသတ္တာနဲ႔ တူတယ္လို႔ သဘာဝပတ္ဝန္းက်င္အေရး လႈပ္ရွားသူေတြအစ၊ ခရစ္ယာန္ဘုန္းေတာ္ႀကီးေတြနဲ႔ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးေတြကပါ ကန႔္ကြက္ေနၾကတာပါ။
RFA Burmese
https://www.rfa.org
--------------
Unicode
မြစ်ဆုံစီမံကိန်းကို ထာဝရတားဝရမ်းထုတ်ဖို့ ဒေသခံတွေကြိုးပမ်း
မြစ်ဆုံစီမံကိန်းရပ်စဲရေးအတွက် ထာဝရတားဝရမ်းထုတ်ပေးဖို့ လာရောက်လျှောက်ထားတဲ့ မြစ်ဆုံဒေသခံများ။
Photo: RFA
မြစ်ဆုံစီမံကိန်းရပ်စဲရေးအတွက် ထာဝရတားဝရမ်းထုတ်ပေးဖို့ အလုပ်သမားအခွင့်ရေးဆိုင်ရာ အကြံပေး အထက်တန်းရှေ့နေ ဦးဖိုးဖြူနဲ့ မြစ်ဆုံဒေသခံ အယောက်သုံးရာကျော် ဒီကနေ့ မြစ်ကြီးနားတရားရုံးသို့ လာရောက်ပြီးတော့ အမှုဖွင့်ပေးဖို့ လာရောက်လျှောက်ထားခဲ့ကြပါတယ်။
လျှောက်ထားရာမှာ မြစ်ဆုံစီမံကိန်တည်ဆောက်မယ့်နေရာနားက အောင်မြင်သာ၊ မလိယန်၊ ကျိန်ခရန်၊ စတဲ့ သုံးရွာ ဒေသခံတွေပါ ဝင်ပြီးတော့ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မယ့် CPI/SPIC နဲ့ အေးရှားဝေါကုမ္ပဏီအနေနဲ့ စီမံကိန်းရပ်စဲဖို့၊ ထာဝရတားဝရမ်း ထုတ်ပေးဖို့ လာရောက်လျှောက်ထားတာဖြစ်တယ်လို့ အထက်တန်းရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
အမှုလက်ခံ သင့်၊ မသင့်ကို တရားရုံးက ဒီနေ့ ညနေဖက်မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။
မြစ်ဆုံစီမံကိန်းကို ပြည်သူတွေကန့်ကွက်မှုရှိတဲ့အတွက်၂၀၁၁ခုနှစ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီးတော့၊ လက်ရှိ ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်တဲ့ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်မှာလည်း အပြီးတိုင်ရပ်ဆိုင်းဖို့ ရှိ၊ မရှိ တိတိကျကျထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းအပါအဝင် ကြီးမားတဲ့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကျယ်နဲ့ စဉ်းစားစေချင်တယ်လို့ ပဲခူးတိုင်း ပြည်မြို့မှာ ၂၀၁၉ မတ်လ ၁၅ ရက်နေ့က ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုထားတာရှိပါတယ်။
မြစ်ဆုံဟာ ဧရာဝတီရဲ့အသက်သွေးကြောဖြစ်တာမို့၊ ဆည်ကြီးပိတ်ဆို့တည်ဆောက်ရင် ဧရာဝတီကိုသတ်တာနဲ့ တူတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေအစ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကပါ ကန့်ကွက်နေကြတာပါ။
RFA Burmese
https://www.rfa.org
ျမစ္ဆုံစီမံကိန္းကို ထာဝရတားဝရမ္းထုတ္ဖို႔ ေဒသခံေတြႀကိဳးပမ္း
Reviewed by THITHTOOLWIN
on
08:51
Rating: