ခ်ီဘာခ႐ုိင္တြင္ မုိးႀကီးမႈေၾကာင့္ ေျမၿပိဳၿပီး ၿပိဳက်ပ်က္စီးေနသည့္ အေဆာက္အဦတခ်ဳိ႕။ (ေအာက္တုိဘာ ၂၅၊ ၂၀၁၉) |
(Zawgyi / Unicode)
ဂ်ပန္ႏုိင္ငံ အေရွ႕ပိုင္းမွာ မုိးအႀကီးအက်ယ္ ရြာသြန္းတာေၾကာင့္ ေရႀကီးတာေတြနဲ႔ ေျမၿပိဳက်တာေတြ ျဖစ္ခဲ့ၿပီး ေသဆုံးသူဦးေရဟာ ဒီကေန႔မွာ ၁၀ ေယာက္အထိ ရွိသြားခဲ့ၿပီျဖစ္တယ္လို႔ ဂ်ပန္ႏုိင္ငံရဲ႕ NHK သတင္းက ေျပာလိုက္ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ၃ ေယာက္လည္း ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ေျပာပါတယ္။
ဂ်ပန္ႏုိင္ငံဟာ လြန္ခဲ့တဲ့ သီတင္းပတ္ ၂ ပတ္ကလည္း အင္အားျပင္း တုိင္ဖုန္းမုန္တုိင္းဒဏ္ကို အႀကီးအက်ယ္ ခံခဲ့ရတာျဖစ္ပါတယ္။
မေန႔ ေသာၾကာေန႔တုန္းကတာ့ ဂ်ပန္ႏုိင္ငံ အေရွ႕ပိုင္းနဲ႔ အေရွ႕ေျမာက္ပိုင္းက ခ်ီဘာနဲ႔ ဖူကူရွီမာ ခ႐ုိင္ေတြက ေရလႊမ္းထားတဲ့ ေနရာေတြမွာ ေျမၿပိဳက်တာေတြ ျဖစ္ခဲ့ပါတယ္။ တခ်ိဳ႕ေနရာေတြမွာဆုိရင္ ေလဖိအားနည္းတာေၾကာင့္ တလစာေလာက္ ရြာသြန္းရမယ့္ မိုးေရခ်ိန္ပမာဏကို ေန႔တ၀က္တည္းနဲ႔ ရြာသြန္းသြားခဲ့ပါတယ္။
ခ်ီဘာခ႐ုိင္က UShiku ၿမိဳ႕မွာေတာ့ ၁၂ နာရီအတြင္း မိုးေရခ်ိန္ ၁၁ လက္မေလာက္ မုိးရြာသြန္းခဲ့တယ္လို႔ ေျပာပါတယ္။
ဒါ့အျပင္ ၿပီးခဲ့တဲ့လက တုိင္ဖုန္းမုန္တုိင္း ၂ ခုဒဏ္ ခံလိုက္ရတဲ့ ဂ်ပန္ႏုိင္ငံရဲ႕ အေရွ႕ေျမာက္ပိုင္းနဲ႔ ေျမာက္ပိုင္းတေလွ်ာက္ ေဘးလြတ္ရာကို ေျပာင္းေရႊ႕ေနၾကဖို႔ အမိန္႔ေတြ ထုတ္ျပန္ထားသလို တျခား ေရေဘးဒဏ္ကယ္ဆယ္ေရး အႀကံေပးခ်က္ေတြကိုလည္း ထုတ္ထားပါတယ္။
ဂ်ပန္ႏုိင္ငံမွာ ဒီကေန႔ မုန္တုိင္းဒဏ္ကေန ေက်ာ္လြန္သြားၿပီ ျဖစ္ေပမယ့္လည္း ေဒသခံ ရာေပါင္းမ်ားစြာဟာ အေရးေပၚကယ္ဆယ္ေရး စခန္းေတြမွာ ဆက္ေနေနၾကရဆဲျဖစ္ၿပီး တခ်ိဳ႕ ရထားနဲ႔ ဘတ္စ္ကား ခရီးစဥ္ေတြကိုလည္း ဆက္ၿပီး ရပ္ဆုိင္းထားရပါတယ္။
မုိးအႀကီးအက်ယ္ ရြာသြန္းတာေၾကာင့္ ခ်ီဘာခ႐ုိင္မွာဆုိရင္လည္း လမ္းေတြေပၚမွာ ေရေတြႀကီးၿပီး ပိတ္လိုက္ရသလို အိမ္ေျခ ၄၇၀၀ ေလာက္လည္း ေရသန္႔မရရွိဘဲ ေနေနရတယ္လို႔ ဂ်ပန္သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။
ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးကလည္း ဒီကေန႔မွာ ေဘးဒုကၡကယ္ဆယ္ေရးအဖဲြ႔ အစည္းအေ၀းကို ဒီကေန႔က်င္းပခဲ့ၿပီး ကူညီကယ္ဆယ္ေရး လုပ္ငန္းေတြကို အစြမ္းကုန္ လုပ္ေဆာင္ၾကဖို႔ ေတာင္းဆုိလိုက္ပါတယ္။
---------------------------------------
(Unicode)
ဂျပန်မိုး လူ ၁၀ ဦးသေ
ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် ရေကြီးတာတွေနဲ့ မြေပြိုကျတာတွေ ဖြစ်ခဲ့ပြီး သေဆုံးသူဦးရေဟာ ဒီကနေ့မှာ ၁၀ ယောက်အထိ ရှိသွားခဲ့ပြီဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲ့ NHK သတင်းက ပြောလိုက်ပါတယ်။ ဒါ့အပြင် နောက်ထပ် ၃ ယောက်လည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်ကလည်း အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံခဲ့ရတာဖြစ်ပါတယ်။
မနေ့ သောကြာနေ့တုန်းကတာ့ ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ချီဘာနဲ့ ဖူကူရှီမာ ခရိုင်တွေက ရေလွှမ်းထားတဲ့ နေရာတွေမှာ မြေပြိုကျတာတွေ ဖြစ်ခဲ့ပါတယ်။ တချို့နေရာတွေမှာဆိုရင် လေဖိအားနည်းတာကြောင့် တလစာလောက် ရွာသွန်းရမယ့် မိုးရေချိန်ပမာဏကို နေ့တဝက်တည်းနဲ့ ရွာသွန်းသွားခဲ့ပါတယ်။
ချီဘာခရိုင်က UShiku မြို့မှာတော့ ၁၂ နာရီအတွင်း မိုးရေချိန် ၁၁ လက်မလောက် မိုးရွာသွန်းခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လက တိုင်ဖုန်းမုန်တိုင်း ၂ ခုဒဏ် ခံလိုက်ရတဲ့ ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းတလျှောက် ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြဖို့ အမိန့်တွေ ထုတ်ပြန်ထားသလို တခြား ရေဘေးဒဏ်ကယ်ဆယ်ရေး အကြံပေးချက်တွေကိုလည်း ထုတ်ထားပါတယ်။
ဂျပန်နိုင်ငံမှာ ဒီကနေ့ မုန်တိုင်းဒဏ်ကနေ ကျော်လွန်သွားပြီ ဖြစ်ပေမယ့်လည်း ဒေသခံ ရာပေါင်းများစွာဟာ အရေးပေါ်ကယ်ဆယ်ရေး စခန်းတွေမှာ ဆက်နေနေကြရဆဲဖြစ်ပြီး တချို့ ရထားနဲ့ ဘတ်စ်ကား ခရီးစဉ်တွေကိုလည်း ဆက်ပြီး ရပ်ဆိုင်းထားရပါတယ်။
မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် ချီဘာခရိုင်မှာဆိုရင်လည်း လမ်းတွေပေါ်မှာ ရေတွေကြီးပြီး ပိတ်လိုက်ရသလို အိမ်ခြေ ၄၇၀၀ လောက်လည်း ရေသန့်မရရှိဘဲ နေနေရတယ်လို့ ဂျပန်သတင်းတွေက ဖော်ပြလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ဒီကနေ့မှာ ဘေးဒုက္ခကယ်ဆယ်ရေးအဖွဲ့ အစည်းအဝေးကို ဒီကနေ့ကျင်းပခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အစွမ်းကုန် လုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဂ်ပန္မိုး လူ ၁၀ ဦးေသ
Reviewed by THITHTOOLWIN
on
02:52
Rating: