ဆီးရီးယားေရနံတြင္းေတြ အိုင္အက္စ္ရန္က ကန္ကာကြယ္ေပးမည္

အေမရိကန္ကာကြယ္ေရးဝန္ႀကီး Mark Esper

( Zawgyi/ Unicode )

ဆီးရီးယားႏုိင္ငံအေရွ႕ပိုင္းကေန အေမရိကန္တပ္ဖြဲ႔ဝင္အမ်ားစုကို ႐ုပ္သိမ္းေနၿပီျဖစ္ေပမယ့္လည္း ေရနံတြင္းေတြနဲ႔ ေရနံလုပ္ငန္း ေနရာေတြကို IS အၾကမ္းဖက္ဝါဒီအဖြဲ႔ရန္ကေန ကာကြယ္ေနတဲ့ တပ္ဖြဲ႔အင္အားကို တိုးျမႇင့္မယ္လုိ႔ အေမရိကန္ တာဝန္ရွိသူေတြ ကေျပာပါတယ္။

ေရနံတြင္းေတြကို ISIS ရန္ကေန ကာကြယ္ဖို႔ Deir el-Zour ေဒသက တပ္ဖြဲ႔အင္အားကို တိုးျမႇင့္ေရး လုပ္ေဆာင္ေနပါတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Mark Esper က ေသာၾကာေန႔မွာ သတင္းေထာက္ေတြကို ေျပာေပမယ့္ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။ ဘရပ္ဆဲလ္စ္ၿမိဳ႕ေတာ္မွာ ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖြဲ႔ NATO နဲ႔ ေဆြးေႏြးပြဲေတြ လုပ္ၿပီးတဲ့ေနာက္ ဝန္ႀကီး Esper က အဲဒီလိုေျပာတာပါ။

ဆီးရီးယား အေရွ႕ေျမာက္ပိုင္းမွာ အေမရိကန္ အထူးတပ္ဖြဲ႔ဝင္ ၁,၁၀၀ ေလာက္ကို ဆက္ထားၿပီးေတာ့ IS အစြန္းေရာက္အဖြဲ႔ကို အၿပီးတိုင္ေျခမႈန္းႏုိင္ေရး အေမရိကန္ဦးေဆာင္တဲ့ ႀကိဳးပမ္းမႈ တစိတ္တပိုင္းအျဖစ္ အမ်ားအားျဖင့္ ကာ့ဒ္ ဆီးရီးယား ဒီမုိကရက္ တစ္တပ္ဖြဲ႔ SDF နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ပူးတြဲလုပ္ေဆာင္ေနတာပါ။

IS ေတြထိန္းခ်ဳပ္ထားတဲ့ ေနာက္ဆံုးနယ္ေျမကို ၿပီးခဲ့တဲ့မတ္လမွာ သိမ္းပိုက္ခဲ့ၿပီးတဲ့ေနာက္ အေမရိကန္နဲ႔ SDF တပ္ဖြဲ႔ေတြဟာ က်န္ေနေသးတဲ့ IS လွ်ဳိ႕ဝွက္အဖြဲ႔ေလးေတြကို ရွင္းလင္းတာ၊ ေခါင္းျပန္မေထာင္လာႏုိ္င္ေအာင္ တားဆီးတာေတြကို လုပ္ခဲ့ၾကပါ တယ္။ ဒါေပမယ့္ ဒီလအေစာပိုင္းမွာေတာ့ အေမရိကန္တပ္ဖြဲ႔ေတြကို ျပန္႐ုပ္သိမ္းဖို႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က ၫႊန္ၾကားခဲ့ပါ တယ္။ အဲဒီေနာက္မွာ တူရကီအစိုးရက အၾကမ္းဖက္ဝါဒီေတြအျဖစ္ သတ္မွတ္ထားတဲ့ ကာ့ဒ္လက္နက္ကိုင္ေတြကို အဲဒီေဒသက ေနရွင္းထုတ္ဖို႔ ဝင္တိုက္ခဲ့ပါတယ္။

.................

( Unicode )

ဆီးရီးယားရေနံတွင်းတွေ အိုင်အက်စ်ရန်က ကန်ကာကွယ်ပေးမည်

ဆီးရီးယားနိုင်ငံအရှေ့ပိုင်းကနေ အမေရိကန်တပ်ဖွဲ့ဝင်အများစုကို ရုပ်သိမ်းနေပြီဖြစ်ပေမယ့်လည်း ရေနံတွင်းတွေနဲ့ ရေနံလုပ်ငန်း နေရာတွေကို IS အကြမ်းဖက်ဝါဒီအဖွဲ့ရန်ကနေ ကာကွယ်နေတဲ့ တပ်ဖွဲ့အင်အားကို တိုးမြှင့်မယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ကပြောပါတယ်။

ရေနံတွင်းတွေကို ISIS ရန်ကနေ ကာကွယ်ဖို့ Deir el-Zour ဒေသက တပ်ဖွဲ့အင်အားကို တိုးမြှင့်ရေး လုပ်ဆောင်နေပါတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ ဘရပ်ဆဲလ်စ်မြို့တော်မှာ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO နဲ့ ဆွေးနွေးပွဲတွေ လုပ်ပြီးတဲ့နောက် ဝန်ကြီး Esper က အဲဒီလိုပြောတာပါ။

ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ အမေရိကန် အထူးတပ်ဖွဲ့ဝင် ၁,၁၀၀ လောက်ကို ဆက်ထားပြီးတော့ IS အစွန်းရောက်အဖွဲ့ကို အပြီးတိုင်ခြေမှုန်းနိုင်ရေး အမေရိကန်ဦးဆောင်တဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် အများအားဖြင့် ကာ့ဒ် ဆီးရီးယား ဒီမိုကရက် တစ်တပ်ဖွဲ့ SDF နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးတွဲလုပ်ဆောင်နေတာပါ။

IS တွေထိန်းချုပ်ထားတဲ့ နောက်ဆုံးနယ်မြေကို ပြီးခဲ့တဲ့မတ်လမှာ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ SDF တပ်ဖွဲ့တွေဟာ ကျန်နေသေးတဲ့ IS လျှို့ဝှက်အဖွဲ့လေးတွေကို ရှင်းလင်းတာ၊ ခေါင်းပြန်မထောင်လာနိုင်အောင် တားဆီးတာတွေကို လုပ်ခဲ့ကြပါ တယ်။ ဒါပေမယ့် ဒီလအစောပိုင်းမှာတော့ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ညွှန်ကြားခဲ့ပါ တယ်။ အဲဒီနောက်မှာ တူရကီအစိုးရက အကြမ်းဖက်ဝါဒီတွေအဖြစ် သတ်မှတ်ထားတဲ့ ကာ့ဒ်လက်နက်ကိုင်တွေကို အဲဒီဒေသက နေရှင်းထုတ်ဖို့ ဝင်တိုက်ခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဆီးရီးယားေရနံတြင္းေတြ အိုင္အက္စ္ရန္က ကန္ကာကြယ္ေပးမည္ ဆီးရီးယားေရနံတြင္းေတြ အိုင္အက္စ္ရန္က ကန္ကာကြယ္ေပးမည္ Reviewed by THITHTOOLWIN on 09:38 Rating: 5
Powered by Blogger.