ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ |
အပစ္ရပ္သေဘာတူစာခ်ဳပ္ NCA ေလးႏွစ္ျပည့္ အခမ္းအနား ေနျပည္ေတာ္ကို လာတက္ေရာက္ဖို႔ စီစဥ္ထားတဲ့ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ဒီအခမ္းအနားကို မတက္ေရာက္ျဖစ္ေတာ့ဘူးလို႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေဆာင္႐ြက္ေနသူေတြ ဆီကေန သိရပါတယ္။
ေနျပည္ေတာ္မွာ ေအာက္တိုဘာလ ၂၈ ရက္မွာ က်င္းပမယ့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ - NCA ေလးႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔နဲ႔ တစ္ႏိုင္ငံလုံး ပစ္ခိုက္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး- JICM တို႔ကို တက္ေရာက္ဖို႔ စီစဥ္ထားၿပီးမွ ခရီးစဥ္ကို ဖ်က္သိမ္းလိုက္တာလို႔ သိရပါတယ္။
NCA ေလးႏွစ္ျပည့္ အခမ္းအနားကို ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ တက္ေရာက္မယ္ဆိုၿပီး သွ်မ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ-RCSS က ေအာက္တိုဘာလ ၂၄ ရက္မွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါေသးတယ္။
ဒါေပမဲ့ ေနျပည္ေတာ္ကို သူလာမယ့္ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္နဲ႔ ညႇိႏႈိင္းလို႔ မရခဲ့တဲ့အတြက္ မတက္ေရာက္ျဖစ္ေတာ့တာလို႔ ေနျပည္ေတာ္မွာ ေအာက္တိုဘာလ ၂၅ ရက္က ျပဳလုပ္တဲ့ အႀကိဳညႇိႏႈိင္းေဆြးေႏြးပြဲကို တက္ေရာက္ခဲ့တဲ့ တိုင္းရင္းသား အဖြဲ႕ေခါင္းေဆာင္ တစ္ဦးဆီက သိရပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္တို႔က ေနျပည္ေတာ္ကို ကားနဲ႔လာေရာက္လိုၿပီး တပ္မေတာ္ဘက္က ကားလမ္းအစား ေလယာဥ္နဲ႔ လာဖို႔ ေျပာခဲ့ၿပီး ဒါကို ညႇိႏႈိင္းမရခဲ့တာလို႔ သိရပါတယ္။
သူဟာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္မႈအဖြဲ႕ PPST ယာယီအဖြဲ႕ေခါင္းေဆာင္လည္း ျဖစ္ပါတယ္။
RCSS ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ဗိုလ္ခ်ဴပ္ႀကီး ယြက္ဆစ္ဟာ ေအာက္တိုဘာလ ၂၅ ရက္မွာ လြယ္တိုင္းလ်ဲန္း ဗဟိုဌာနခ်ဳပ္ကေန-ေတာင္ႀကီး-ေနျပည္ေတာ္ကို သြားမယ္လို႔ ေဖာ္ျပထားပါတယ္။
၂၀၁၇ အတြင္းက ေနျပည္ေတာ္ေရာက္ RCSSကိုယ္စားလွယ္အဖြဲ႕ |
ဒီေဆြးေႏြးပြဲေတြက ဘယ္လိုအေရးႀကီးလဲ
NCA စာခ်ဳပ္အရ သုံးလ တစ္ႀကိမ္ က်င္းပ ဖို႔ သတ္မွတ္ထားတဲ့ JICM အစည္းအေဝးေတြကို မက်င္းပႏိုင္ခဲ့တာ တစ္ႏွစ္ေက်ာ္ၾကာ ျမင့္ေနၿပီ ျဖစ္ပါတယ္။
ဒီလုပ္ငန္းေတြ ျပန္စႏိုင္ဖို႔ အစိုးရ၊ တပ္မေတာ္နဲ႔ အပစ္ရပ္အဖြဲ႕ေတြရဲ႕ အႀကိဳညႇိႏႈိင္းပြဲကို ေအာက္ တိုဘာ ၂၅ ရက္က ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ့ပါတယ္။
NCA စာခ်ဳပ္က ၂၀၁၅ ေအာက္တိုဘာလ ၁၅ ရက္မွာ လက္မွတ္ထိုးခဲ့ၾကတာ ျဖစ္ၿပီး ေလးႏွစ္ျပည့္အခမ္းအနားကိုေတာ့ အခု ေအာက္တိုဘာလ ၂၈ ရက္မွာ က်င္းပတာ ျဖစ္ပါတယ္။
အႀကိဳေဆြးေႏြးပြဲ ရလဒ္
ေအာက္တိုဘာလ ၂၅ ရက္မွာ က်င္းပတဲ့ JICM အႀကိဳညႇိႏႈိင္းအစည္းအေဝးကေန ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္ႏိုင္ဖို႔ သေဘာထား စုစည္းခ်က္ ကိုးခ်က္ ရရွိခဲ့ၿပီး ရလဒ္ေကာင္းေတြ ရခဲ့တယ္လို႔ အပစ္ရပ္လက္မွတ္ထိုး အဖြဲ႕ တစ္ဖြဲ႕ျဖစ္တဲ့ RCSS အဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္ႏိုင္ဖို႔ သေဘာထား စုစည္းခ်က္ ကိုးခ်က္ရခဲ့တယ္လို႔ဆို |
အဲဒီလိုအစည္းအေဝးမ်ိဳးကို အစိုးရဘက္က ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တက္ေရာက္ၿပီး တပ္မေတာ္ဘက္က ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းတို႔ တက္ေရာက္ေလ့ရွိ တဲ့ အစည္းအေဝးျဖစ္ပါတယ္။
ေဆြးေႏြးပြဲ တက္ေရာက္သူေတြ သေဘာထား
ေအာက္တိုဘာလ ၂၅ ရက္ အႀကိဳညႇိႏႈိင္းမႈကေန သေဘာတူညီခ်က္ ကိုးခ်က္ရရွိခဲ့ၿပီး ဒီအခ်က္ေတြကို တရားဝင္မထုတ္ျပန္ ေသးဘဲ သက္ဆိုင္ရာ ေခါင္းေဆာင္ေတြကို ျပန္လည္တင္ရဖို႔ရွိေနတယ္လို႔ အပစ္ရပ္ အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ခ်င္းအမ်ိဳးသားတပ္ဦးရဲ႕ ဒုဥကၠ႒ ေဒါက္တာ လ်န္မႈန္းဆာေခါင္းက ေျပာပါတယ္။
"ဆုံးျဖတ္ခ်က္ ကိုးခ်က္ထဲကေန ေရွ႕ဆက္ေဆာင္႐ြက္ ရမယ့္လုပ္ငန္းေတြ အမ်ားႀကီး ေပၚလာမွာ ျဖစ္ပါတယ္။ ဒီလုပ္ငန္းေတြကို တစ္စိုက္မတ္မတ္ ေဆာင္႐ြက္ႏိုင္ဖို႔ အတြက္လည္း JICM ကေန လုပ္ပိုင္ခြင့္ေပးဖို႔ လိုပါတယ္"လို႔ သူက ေျပာပါတယ္။
"ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၈ ေအာက္တိုဘာလကေန ယေန႔အထိ တရားဝင္ေဆြးေႏြးပြဲေတြ မလုပ္ႏိုင္ေသးဘူး။ အားလုံး ျပန္စတင္ႏိုင္ဖို႔အတြက္ဆိုရင္ လာမယ့္ JICM အစည္းအေဝးက အင္မတန္မွ အေရးႀကီးတာ ျဖစ္ပါတယ္" လို႔ ေဒါက္တာလ်န္မႈန္းဆာေခါင္းက ေျပာပါတယ္။
လာမယ့္ေဆြးေႏြးပြဲေတြမွာ တစ္ဆို႔ေနတဲ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေရွ႕ဆက္ႏိုင္ေရး၊ တရားဝင္ႏိုင္ငံေရးေဆြး ေႏြးပြဲေတြ ျပန္က်င္းပႏိုင္ေရး၊ ၂၀၂၀ ႏွစ္ဆန္းပိုင္းမွာ ၂၁ ရာစုပင္လုံညီလာခံက်င္းပႏိုင္ေရးနဲ႔ ဖယ္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ေရးတို႔အတြက္ ဦးတည္ေဆြးေႏြးၾကဖို႔ JICM ဆိုင္ရာ ညႇိႏႈိင္းေရး ေခါင္းေဆာင္ ျဖစ္တဲ့ ဗိုလ္မႉးႀကီးစိုင္းငင္းက ဒီကေန႔ ညႇိႏႈိင္းအစည္းအေဝးမွာ တိုက္တြန္းပါတယ္။
ဒါေၾကာင့္ JICM အစည္းအေဝး ျပန္က်င္းပတဲ့အခါ အရင္လို လြဲေခ်ာ္မႈေတြထပ္မျဖစ္ဖို႔၊ မွ်တတဲ့ အခင္း အက်င္းနဲ႔ ႏွစ္ဖက္လက္ခံႏိုင္တဲ့အေျဖရေအာင္ ႀကိဳးပမ္းဖို႔လည္း သူက ေျပာပါတယ္။
အစိုးရရဲ႕ အစီအစဥ္
ဒီလုပ္ငန္းေတြ ေဆာင္႐ြက္မယ့္ ကိစၥေတြနဲ႔ ပတ္သက္ၿပီး အႀကိဳ ညႇိႏႈိင္းအစည္းအေဝး ကို အစိုးရအဖြဲ႕ဘက္က တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္သမၼတ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ဆက္လက္ေဆာင္႐ြက္မယ့္ လုပ္ငန္းစဥ္ေတြကို ေျပာပါတယ္။
"အခုေလာေလာဆယ္မွာ NCA ေလးႏွစ္ျပည့္ ႏွစ္ပတ္လည္ အခမ္းအနား ၂၈ ရက္မွာ က်င္းပဖို႔ ရွိတယ္။ ဒီမွာ EAO ေခါင္းေဆာင္ေတြလည္း စုံစုံညီညီ တက္ေရာက္ဖို႔ရွိတယ္။ အဲဒီကာလမွာ တစ္ဆက္တစ္စပ္တည္း က်င္းပႏိုင္ဖို႔ ဆက္ၿပီး ညႇိႏႈိင္းသြားဖို႔ရွိတယ္" လို႔ ေျပာပါတယ္။
"ကြၽန္ေတာ္တို႔သြားေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ပိုမို ခိုင္မာေအာင္ ႏွစ္ပိုင္းရွိတယ္။ Ceasefire ပိုင္းနဲ႔ ႏိုင္ငံေရး ေဆြးေႏြးမႈ အပိုင္း၊ ဒီအပိုင္းေတြမွာ ဘယ္လိုမ်ိဳး သေဘာတူညီခ်က္ေတြ ယူမလဲ၊ ေနာက္ Ceasefire ဆိုလည္း ဘယ္လို ခိုင္မာေအာင္လုပ္မလ၊ဲ ဒီေပၚမွာ ႏွစ္ဦးႏွစ္ဖက္ ကတိကဝတ္၊ အဲဒါက နံပါတ္ ၁၊ နံပါတ္ ၂ က ဘယ္လို ပုံစံနဲ႔သြားမလဲ ဆိုတဲ့ပုံစံေပါ့။ နံပါတ္ ၃ ကေတာ့ ဒီေပၚမွာ အဆင့္လိုက္ အဆင့္လိုက္ သုံးခ်က္နဲ႔ ႏွစ္ဖက္ မူအားျဖင့္ လက္ခံထားတယ္" လို႔ ေျပာပါတယ္။
ဒါ့အျပင္ ေအာက္တိုဘာလ ၂၅ ရက္က ႏိုင္ငံေတာ္ သမၼတ႐ုံးမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာလည္း ဦးေဇာ္ေဌးက အပစ္ရပ္ လက္မွတ္မထိုးရေသးတဲ့ အဖြဲ႕ေတြနဲ႔ အစိုးရက ေဆာင္႐ြက္မယ့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ေတြ အေၾကာင္း ေျပာခဲ့ပါတယ္။
တပ္မေတာ္နဲ႔ တိုက္ပြဲေတြ ျဖစ္ေနတဲ့ တအာင္း/ပေလာင္တပ္ဖြဲ႕ TNLA၊ ကိုးကန႔္တပ္ဖြဲ႕ MNDAA၊ ရခိုင္တပ္ဖြဲ႕ AA တို႔ပါဝင္တဲ့ ညီေနာင္မဟာမိတ္သုံးဖြဲ႕နဲ႔ ကခ်င္တပ္ဖြဲ႕ KIA စုစုေပါင္း ေလးဖြဲ႕နဲ႔ ေတြ႕ဆုံေဆြးေႏြးပြဲကို ႏိုဝင္ဘာလ ၅ ရက္ေနာက္ပိုင္းမွာ က်င္းပႏိုင္ဖြယ္ ရွိတယ္လို႔ ေျပာပါတယ္။
ဒီေတြ႕ဆုံပြဲကို ေအာက္တိုဘာလထဲမွာ က်င္းပဖို႔ ညႇိႏႈိင္းထားခဲ့ေပမဲ့ မက်င္းပျဖစ္ဘဲ ရက္ေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။
BBC Burmese
https://www.bbc.com
----------------
Unicode
ဗိုလ်ချုပ်ကြီး ယွက်ဆစ် နေပြည်တော်လာပြီး အစိုးရနဲ့တွေ့မယ့် အစီအစဉ်ဖျက်
Image caption ဗိုလ်ချုပ်ကြီး ယွက်စစ်
အပစ်ရပ်သဘောတူစာချုပ် NCA လေးနှစ်ပြည့် အခမ်းအနား နေပြည်တော်ကို လာတက်ရောက်ဖို့ စီစဉ်ထားတဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဒီအခမ်းအနားကို မတက်ရောက်ဖြစ်တော့ဘူးလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေသူတွေ ဆီကနေ သိရပါတယ်။
နေပြည်တော်မှာ အောက်တိုဘာလ ၂၈ ရက်မှာ ကျင်းပမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် - NCA လေးနှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ တစ်နိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး- JICM တို့ကို တက်ရောက်ဖို့ စီစဉ်ထားပြီးမှ ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာလို့ သိရပါတယ်။
NCA လေးနှစ်ပြည့် အခမ်းအနားကို ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်မယ်ဆိုပြီး သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ-RCSS က အောက်တိုဘာလ ၂၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါပေမဲ့ နေပြည်တော်ကို သူလာမယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ညှိနှိုင်းလို့ မရခဲ့တဲ့အတွက် မတက်ရောက်ဖြစ်တော့တာလို့ နေပြည်တော်မှာ အောက်တိုဘာလ ၂၅ ရက်က ပြုလုပ်တဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့ခေါင်းဆောင် တစ်ဦးဆီက သိရပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့က နေပြည်တော်ကို ကားနဲ့လာရောက်လိုပြီး တပ်မတော်ဘက်က ကားလမ်းအစား လေယာဉ်နဲ့ လာဖို့ ပြောခဲ့ပြီး ဒါကို ညှိနှိုင်းမရခဲ့တာလို့ သိရပါတယ်။
သူဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုအဖွဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
RCSS ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဗိုလ်ချူပ်ကြီး ယွက်ဆစ်ဟာ အောက်တိုဘာလ ၂၅ ရက်မှာ လွယ်တိုင်းလျဲန်း ဗဟိုဌာနချုပ်ကနေ-တောင်ကြီး-နေပြည်တော်ကို သွားမယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ မူပိုင် SAI LEARN
Image caption ၂၀၁၇ အတွင်းက နေပြည်တော်ရောက် RCSSကိုယ်စားလှယ်အဖွဲ့
ဆွေးနွေးပွဲတွေမှာတော့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်တာတွေကို အစိုးရအပါအဝင် တာဝန်ရှိသူတွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဆွေးနွေးပွဲတွေက ဘယ်လိုအရေးကြီးလဲ
NCA စာချုပ်အရ သုံးလ တစ်ကြိမ် ကျင်းပ ဖို့ သတ်မှတ်ထားတဲ့ JICM အစည်းအဝေးတွေကို မကျင်းပနိုင်ခဲ့တာ တစ်နှစ်ကျော်ကြာ မြင့်နေပြီ ဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေ ပြန်စနိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ အကြိုညှိနှိုင်းပွဲကို အောက် တိုဘာ ၂၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
NCA စာချုပ်က ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်မှာ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပြီး လေးနှစ်ပြည့်အခမ်းအနားကိုတော့ အခု အောက်တိုဘာလ ၂၈ ရက်မှာ ကျင်းပတာ ဖြစ်ပါတယ်။
အကြိုဆွေးနွေးပွဲ ရလဒ်
အောက်တိုဘာလ ၂၅ ရက်မှာ ကျင်းပတဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ သဘောထား စုစည်းချက် ကိုးချက် ရရှိခဲ့ပြီး ရလဒ်ကောင်းတွေ ရခဲ့တယ်လို့ အပစ်ရပ်လက်မှတ်ထိုး အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ RCSS အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် NCA-S EAO
Image caption ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ သဘောထား စုစည်းချက် ကိုးချက်ရခဲ့တယ်လို့ဆို
JICM ဟာ အပစ်ရပ်စာချုပ် NCA အရ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တစ်ဆို့မှုတွေ ရှိနေရင် နှစ်ဖက် တွေ့ဆုံ ညှိနှိုင်းရတဲ့ အမြင့်ဆုံးအစည်းအဝေးလည်း ဖြစ်ပါတယ်။
အဲဒီလိုအစည်းအဝေးမျိုးကို အစိုးရဘက်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တက်ရောက်ပြီး တပ်မတော်ဘက်က ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တက်ရောက်လေ့ရှိ တဲ့ အစည်းအဝေးဖြစ်ပါတယ်။
ဆွေးနွေးပွဲ တက်ရောက်သူတွေ သဘောထား
အောက်တိုဘာလ ၂၅ ရက် အကြိုညှိနှိုင်းမှုကနေ သဘောတူညီချက် ကိုးချက်ရရှိခဲ့ပြီး ဒီအချက်တွေကို တရားဝင်မထုတ်ပြန် သေးဘဲ သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ပြန်လည်တင်ရဖို့ရှိနေတယ်လို့ အပစ်ရပ် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြောပါတယ်။
"ဆုံးဖြတ်ချက် ကိုးချက်ထဲကနေ ရှေ့ဆက်ဆောင်ရွက် ရမယ့်လုပ်ငန်းတွေ အများကြီး ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်ဖို့ အတွက်လည်း JICM ကနေ လုပ်ပိုင်ခွင့်ပေးဖို့ လိုပါတယ်"လို့ သူက ပြောပါတယ်။
"ပြီးခဲ့တဲ့နှစ် ၂၀၁၈ အောက်တိုဘာလကနေ ယနေ့အထိ တရားဝင်ဆွေးနွေးပွဲတွေ မလုပ်နိုင်သေးဘူး။ အားလုံး ပြန်စတင်နိုင်ဖို့အတွက်ဆိုရင် လာမယ့် JICM အစည်းအဝေးက အင်မတန်မှ အရေးကြီးတာ ဖြစ်ပါတယ်" လို့ ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောပါတယ်။
လာမယ့်ဆွေးနွေးပွဲတွေမှာ တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေး၊ တရားဝင်နိုင်ငံရေးဆွေး နွေးပွဲတွေ ပြန်ကျင်းပနိုင်ရေး၊ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးနဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ဦးတည်ဆွေးနွေးကြဖို့ JICM ဆိုင်ရာ ညှိနှိုင်းရေး ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်မှူးကြီးစိုင်းငင်းက ဒီကနေ့ ညှိနှိုင်းအစည်းအဝေးမှာ တိုက်တွန်းပါတယ်။
ဒါကြောင့် JICM အစည်းအဝေး ပြန်ကျင်းပတဲ့အခါ အရင်လို လွဲချော်မှုတွေထပ်မဖြစ်ဖို့၊ မျှတတဲ့ အခင်း အကျင်းနဲ့ နှစ်ဖက်လက်ခံနိုင်တဲ့အဖြေရအောင် ကြိုးပမ်းဖို့လည်း သူက ပြောပါတယ်။
အစိုးရရဲ့ အစီအစဉ်
ဒီလုပ်ငန်းတွေ ဆောင်ရွက်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး အကြို ညှိနှိုင်းအစည်းအဝေး ကို အစိုးရအဖွဲ့ဘက်က တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ပြောပါတယ်။
"အခုလောလောဆယ်မှာ NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ၂၈ ရက်မှာ ကျင်းပဖို့ ရှိတယ်။ ဒီမှာ EAO ခေါင်းဆောင်တွေလည်း စုံစုံညီညီ တက်ရောက်ဖို့ရှိတယ်။ အဲဒီကာလမှာ တစ်ဆက်တစ်စပ်တည်း ကျင်းပနိုင်ဖို့ ဆက်ပြီး ညှိနှိုင်းသွားဖို့ရှိတယ်" လို့ ပြောပါတယ်။
"ကျွန်တော်တို့သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပိုမို ခိုင်မာအောင် နှစ်ပိုင်းရှိတယ်။ Ceasefire ပိုင်းနဲ့ နိုင်ငံရေး ဆွေးနွေးမှု အပိုင်း၊ ဒီအပိုင်းတွေမှာ ဘယ်လိုမျိုး သဘောတူညီချက်တွေ ယူမလဲ၊ နောက် Ceasefire ဆိုလည်း ဘယ်လို ခိုင်မာအောင်လုပ်မလ၊ဲ ဒီပေါ်မှာ နှစ်ဦးနှစ်ဖက် ကတိကဝတ်၊ အဲဒါက နံပါတ် ၁၊ နံပါတ် ၂ က ဘယ်လို ပုံစံနဲ့သွားမလဲ ဆိုတဲ့ပုံစံပေါ့။ နံပါတ် ၃ ကတော့ ဒီပေါ်မှာ အဆင့်လိုက် အဆင့်လိုက် သုံးချက်နဲ့ နှစ်ဖက် မူအားဖြင့် လက်ခံထားတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၅ ရက်က နိုင်ငံတော် သမ္မတရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဦးဇော်ဌေးက အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ အစိုးရက ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ အကြောင်း ပြောခဲ့ပါတယ်။
တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ တအာင်း/ပလောင်တပ်ဖွဲ့ TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရခိုင်တပ်ဖွဲ့ AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ကချင်တပ်ဖွဲ့ KIA စုစုပေါင်း လေးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၅ ရက်နောက်ပိုင်းမှာ ကျင်းပနိုင်ဖွယ် ရှိတယ်လို့ ပြောပါတယ်။
ဒီတွေ့ဆုံပွဲကို အောက်တိုဘာလထဲမှာ ကျင်းပဖို့ ညှိနှိုင်းထားခဲ့ပေမဲ့ မကျင်းပဖြစ်ဘဲ ရက်ရွှေ့ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com
ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ ေနျပည္ေတာ္လာၿပီး အစိုးရနဲ႔ေတြ႕မယ့္ အစီအစဥ္ဖ်က္
Reviewed by THITHTOOLWIN
on
08:47
Rating: