ေဘဘီေလးေတြရဲ႕ ဆီးသြားျခင္းနဲ႔ပတ္သက္ၿပီး သိထားသင့္တာအခ်ိဳ႕

Zawgyi
ေဘဘီအတြက္ အရာရာကို စိုးရိမ္တတ္တာက ေမေမေဖေဖတို႔ရဲ႕ မသင္ဘဲတတ္တဲ့ အေလ့အထတစ္ခုေပါ့။ ကေလးငိုရင္လည္းစိတ္ပူ။ အိပ္ေနရင္လည္း ဘာလို႔မ်ား အၾကာႀကီးအိပ္ေနတာလဲ ဆိုၿပီးပူျပန္ေရာဟုတ္။ ဒီတစ္ေခါက္ ေမေမေဖေဖတို႔စိတ္ပူမိေနတဲ့ အေၾကာင္းအရာေလးတစ္ခုျဖစ္တဲ့ ေဘဘီေလးရဲ႕ ဆီးသြားတာနဲ႔ပတ္သက္လို႔ ေျပာပါရေစေနာ္။

ေဘဘီေလးေတြက ဆီးခဏဏသြားတတ္လား

ပုံမွန္အားျဖင့္ေတာ့ ကေလးက ဆီးခဏခဏ သြားတတ္ၾကပါတယ္။ အေၾကာင္းကေတာ့ ကေလးေတြရဲ႕ ဆီးအိမ္ႂကြက္သားက အျပည့္အဝ မဖြံ႕ၿဖိဳးေသးတာေၾကာင့္ ဆီးကိုမထိန္းတာေၾကာင့္ ဆီးခဏခဏ သြားႏိုင္ပါတယ္။ မိခင္ႏို႔ေသာက္တဲ့ ကေလးေတြထက္ ႏို႔ဗူးေသာက္တဲ့ကေလးေတြက ဆီးပိုသြားႏိုင္ပါတယ္။ ေမြးစကေလးက ႏို႔မဝရင္ေတာ့ ဆီးသိပ္မသြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္ေနာ္။

ကေလးကေမြးစမွာ ဆီးမသြားတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ မိခင္ႏို႔ကိုျပည့္ျပည့္ဝဝရမွ ကေလးရဲ႕စနစ္ကေကာင္းေကာင္းလည္ပတ္မွာမို႔ ကေလးက မိခင္ႏို႔ဝမွ ဆီးသြားမယ္ဆိုတာကို သိထားဖို႔ေတာ့လိုအပ္ပါမယ္။

ကေလးရဲ႕ ဆီးအေရာင္က ဘယ္လိုေျပာင္းလာမလဲ

ေမြးၿပီး ပထမေန႔မွာ ကေလးဆီးအေရာင္က ပန္းေရာင္ ဒါမွမဟုတ္ လိေမၼာ္ေရာင္ျဖစ္ႏိုင္ပါတယ္။

ေမြးၿပီး ဒုတိယေန႔မွာ ကေလးဆီးအေရာင္က လိေမၼာ္ေရာင္ခပ္ေဖ်ာ့ေဖ်ာ့ေလးေျပာင္းလာပါမယ္။

ေမြးၿပီး တတိယေန႔မွာ ကေလးဆီးအေရာင္က အဝါေရာင္ေတာက္ေတာက္ ဒါမွမဟုတ္ လိေမၼာ္ေရာင္ျဖစ္ႏိုင္ပါတယ္။

ေမြးၿပီး စတုတၳေန႔မွာ ကေလးဆီးအေရာင္က သံပရာခြံေရာင္ေတာက္ေတာက္ေလး ျဖစ္ႏိုင္ပါတယ္။

ေမြးၿပီး ပၪၥမေျမာက္ေန႔မွာေတာ့ ဆီးအေရာင္က အဝါေရာင္ေဖ်ာ့ေဖ်ာ့ေလးျဖစ္ႏိုင္ပါတယ္။

ေဘဘီေလးေတြက ဘယ္ေလာက္တစ္ႀကိမ္ဆီးသြားတတ္လဲ

ေမြးၿပီး ပထမေန႔မွာ တစ္ေန႔တာအတြင္း တစ္ႀကိမ္ဆီးသြားပါမယ္။

ေမြးၿပီး ဒုတိယေန႔မွာ တစ္ေန႔တာအတြင္း ႏွစ္ႀကိမ္ခန္႔ဆီးသြားႏိုင္ပါတယ္။

ေမြးၿပီး တတိယေန႔မွာ တစ္ေန႔တာအတြင္း ၃ ႀကိမ္ခန္႔ဆီးသြားႏိုင္ပါတယ္။

ေမြးၿပီး စတုတၳေန႔မွာ တစ္ေန႔တာအတြင္း ၄ ႀကိမ္ေလာက္ဆီးသြားႏိုင္ပါတယ္။

ေမြးၿပီး ပၪၥမေျမာက္ေန႔မွာေတာ့ တစ္ေန႔တာအတြင္း ၆ ႀကိမ္ ကေန ၈ ႀကိမ္ေလာက္အထိဆီးသြားႏိုင္ပါတယ္။

ေဘဘီေလးဘာေၾကာင့္ ဆီးမသြားတာလဲ

ေဘဘီေလးက ဆီးမသြားတာဟာ မိခင္ႏို႔မဝတာေၾကာင့္ ျဖစ္ႏိုင္သလို ေရေသာက္သုံးမႈနည္းတာေၾကာင့္ ဆီးမသြားတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ေဘာင္းဘီ သားေရႀကိဳး က်ပ္က်ပ္ဝတ္ေပးမိတဲ့အခါမွာလည္း ေဘဘီေလးေတြက ဆီးမသြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ေရေသာက္သုံးမႈပမာဏ၊ အဖ်ားရွိေနတာ၊ ဝမ္းေလွ်ာေနတာ၊ ရာသီဥတုပူျပင္းတာေတြေၾကာင့္လည္း ကေလးကဆီးမသြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒါေတြအျပင္ ဆီးလမ္းေၾကာင္းပိုးဝင္တာ၊ ေက်ာက္ကပ္ထိခိုကတာေတြေၾကာင့္လည္း ကေလးက ဆီးမသြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

စိုးရိမ္ရမယ့္အေျခအေနေတြ

ကေလးကဆီးသြားတဲ့အႀကိမ္ေရ တိုးမလာဘူးဆိုရင္

ကေလးကအ႐ြယ္ရလာတာနဲ႔အမွ် ဆီးသြာတဲ့အႀကိမ္ေရတိုးလာရပါမယ္။ ဒီလိုတိုးမလာဘူး။ တစ္ေန႔ကို ၆ ႀကိမ္ေတာင္ ဆီးမသြားဘူးျဖစ္ေနမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသၾကည့္ပါေနာ္။

ဆီးသြားတဲ့အခါနာက်င္ေနမယ္ဆိုရင္

ကေလးကဆီးသြားတိုင္းငိုေနမယ္၊ ဆီးသြားတိုင္း မသက္မသာျဖစ္ေနတယ္ဆိုရင္ ဆီးလမ္းေၾကာင္း ပိုးဝင္တာျဖစ္ႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ဆုံးသြားျပသင့္ပါတယ္။

ဆီးအေရာင္ရင့္ေနမယ္ဆိုရင္

ကေလးရဲ႕ဆီးအေရာင္က အဝါေရာင္ရင့္ရင့္ျဖစ္ေနမယ္ဆိုရင္ ကေလးက ေရေသာက္နည္းေနတာ ျဖစ္ႏိုင္ပါတယ္။ ေမြးစအ႐ြယ္မွာေတာ့ မိခင္ကေရမ်ားမ်ားေသာက္ၿပီး ကေလးကို ႏို႔မ်ားမ်ားတိုက္ေပးပါ။

ဆီးသြားရင္ေသြးပါမယ္ဆိုရင္

ပုံမွန္အားျဖင့္ကေတာ့ မီးမီးေလးေတြမွာ ျဖစ္တတ္ပါတယ္။ ေမြးၿပီးသိပ္မၾကာခင္မွာ ေဟာ္မုန္းေျပာင္းလဲမႈေၾကာင့္ ျဖစ္တာပါ။ စိုးရိမ္စရာမရွိပါဘူး။

ေဘဘီေလးကို ဆီးပုံမွန္သြားေစဖို႔ဆိုရင္ ဆီးတည္ေပးရပါမယ္။ အိပ္ရာကႏိုးလာတဲ့ အခ်ိန္မွာျဖစ္ျဖစ္ ဒါမွမဟုတ္ သိပ္ခါနီးမွာ ျဖစ္ျဖစ္ေပါ့။ ေနာက္တစ္ခ်က္က ေရဓါတ္လုံေလာက္ေအာင္ လုပ္ေပးဖို႔ပါ။ အဝတ္အစားေတြကိုလည္း သက္ေတာင့္သက္သာ ေခ်ာင္ေခ်ာင္ခ်ိခ်ိ ဝတ္ေပးဖို႔လည္း ေမ့လို႔မျဖစ္ပါဘူးေနာ္။

ေရးသားသူ- Aye Thi Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------------
Unicode
ဘေဘီလေးတွေရဲ့ ဆီးသွားခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တာအချို့

ဘေဘီအတွက် အရာရာကို စိုးရိမ်တတ်တာက မေမေဖေဖေတို့ရဲ့ မသင်ဘဲတတ်တဲ့ အလေ့အထတစ်ခုပေါ့။ ကလေးငိုရင်လည်းစိတ်ပူ။ အိပ်နေရင်လည်း ဘာလို့များ အကြာကြီးအိပ်နေတာလဲ ဆိုပြီးပူပြန်ရောဟုတ်။ ဒီတစ်ခေါက် မေမေဖေဖေတို့စိတ်ပူမိနေတဲ့ အကြောင်းအရာလေးတစ်ခုဖြစ်တဲ့ ဘေဘီလေးရဲ့ ဆီးသွားတာနဲ့ပတ်သက်လို့ ပြောပါရစေနော်။

ဘေဘီလေးတွေက ဆီးခဏဏသွားတတ်လား

ပုံမှန်အားဖြင့်တော့ ကလေးက ဆီးခဏခဏ သွားတတ်ကြပါတယ်။ အကြောင်းကတော့ ကလေးတွေရဲ့ ဆီးအိမ်ကြွက်သားက အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် ဆီးကိုမထိန်းတာကြောင့် ဆီးခဏခဏ သွားနိုင်ပါတယ်။ မိခင်နို့သောက်တဲ့ ကလေးတွေထက် နို့ဗူးသောက်တဲ့ကလေးတွေက ဆီးပိုသွားနိုင်ပါတယ်။ မွေးစကလေးက နို့မဝရင်တော့ ဆီးသိပ်မသွားတာမျိုး ဖြစ်နိုင်ပါတယ်နော်။

ကလေးကမွေးစမှာ ဆီးမသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ မိခင်နို့ကိုပြည့်ပြည့်ဝဝရမှ ကလေးရဲ့စနစ်ကကောင်းကောင်းလည်ပတ်မှာမို့ ကလေးက မိခင်နို့ဝမှ ဆီးသွားမယ်ဆိုတာကို သိထားဖို့တော့လိုအပ်ပါမယ်။

ကလေးရဲ့ ဆီးအရောင်က ဘယ်လိုပြောင်းလာမလဲ

မွေးပြီး ပထမနေ့မှာ ကလေးဆီးအရောင်က ပန်းရောင် ဒါမှမဟုတ် လိမ္မော်ရောင်ဖြစ်နိုင်ပါတယ်။

မွေးပြီး ဒုတိယနေ့မှာ ကလေးဆီးအရောင်က လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးပြောင်းလာပါမယ်။

မွေးပြီး တတိယနေ့မှာ ကလေးဆီးအရောင်က အဝါရောင်တောက်တောက် ဒါမှမဟုတ် လိမ္မော်ရောင်ဖြစ်နိုင်ပါတယ်။

မွေးပြီး စတုတ္ထနေ့မှာ ကလေးဆီးအရောင်က သံပရာခွံရောင်တောက်တောက်လေး ဖြစ်နိုင်ပါတယ်။

မွေးပြီး ပဉ္စမမြောက်နေ့မှာတော့ ဆီးအရောင်က အဝါရောင်ဖျော့ဖျော့လေးဖြစ်နိုင်ပါတယ်။

ဘေဘီလေးတွေက ဘယ်လောက်တစ်ကြိမ်ဆီးသွားတတ်လဲ

မွေးပြီး ပထမနေ့မှာ တစ်နေ့တာအတွင်း တစ်ကြိမ်ဆီးသွားပါမယ်။

မွေးပြီး ဒုတိယနေ့မှာ တစ်နေ့တာအတွင်း နှစ်ကြိမ်ခန့်ဆီးသွားနိုင်ပါတယ်။

မွေးပြီး တတိယနေ့မှာ တစ်နေ့တာအတွင်း ၃ ကြိမ်ခန့်ဆီးသွားနိုင်ပါတယ်။

မွေးပြီး စတုတ္ထနေ့မှာ တစ်နေ့တာအတွင်း ၄ ကြိမ်လောက်ဆီးသွားနိုင်ပါတယ်။

မွေးပြီး ပဉ္စမမြောက်နေ့မှာတော့ တစ်နေ့တာအတွင်း ၆ ကြိမ် ကနေ ၈ ကြိမ်လောက်အထိဆီးသွားနိုင်ပါတယ်။

ဘေဘီလေးဘာကြောင့် ဆီးမသွားတာလဲ

ဘေဘီလေးက ဆီးမသွားတာဟာ မိခင်နို့မဝတာကြောင့် ဖြစ်နိုင်သလို ရေသောက်သုံးမှုနည်းတာကြောင့် ဆီးမသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘောင်းဘီ သားရေကြိုး ကျပ်ကျပ်ဝတ်ပေးမိတဲ့အခါမှာလည်း ဘေဘီလေးတွေက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။ ရေသောက်သုံးမှုပမာဏ၊ အဖျားရှိနေတာ၊ ဝမ်းလျှောနေတာ၊ ရာသီဥတုပူပြင်းတာတွေကြောင့်လည်း ကလေးကဆီးမသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါတွေအပြင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ ကျောက်ကပ်ထိခိုကတာတွေကြောင့်လည်း ကလေးက ဆီးမသွားတာမျိုး ဖြစ်နိုင်ပါတယ်။

စိုးရိမ်ရမယ့်အခြေအနေတွေ

ကလေးကဆီးသွားတဲ့အကြိမ်ရေ တိုးမလာဘူးဆိုရင်

ကလေးကအရွယ်ရလာတာနဲ့အမျှ ဆီးသွာတဲ့အကြိမ်ရေတိုးလာရပါမယ်။ ဒီလိုတိုးမလာဘူး။ တစ်နေ့ကို ၆ ကြိမ်တောင် ဆီးမသွားဘူးဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါနော်။

ဆီးသွားတဲ့အခါနာကျင်နေမယ်ဆိုရင်

ကလေးကဆီးသွားတိုင်းငိုနေမယ်၊ ဆီးသွားတိုင်း မသက်မသာဖြစ်နေတယ်ဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။

ဆီးအရောင်ရင့်နေမယ်ဆိုရင်

ကလေးရဲ့ဆီးအရောင်က အဝါရောင်ရင့်ရင့်ဖြစ်နေမယ်ဆိုရင် ကလေးက ရေသောက်နည်းနေတာ ဖြစ်နိုင်ပါတယ်။ မွေးစအရွယ်မှာတော့ မိခင်ကရေများများသောက်ပြီး ကလေးကို နို့များများတိုက်ပေးပါ။

ဆီးသွားရင်သွေးပါမယ်ဆိုရင်

ပုံမှန်အားဖြင့်ကတော့ မီးမီးလေးတွေမှာ ဖြစ်တတ်ပါတယ်။ မွေးပြီးသိပ်မကြာခင်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ စိုးရိမ်စရာမရှိပါဘူး။

ဘေဘီလေးကို ဆီးပုံမှန်သွားစေဖို့ဆိုရင် ဆီးတည်ပေးရပါမယ်။ အိပ်ရာကနိုးလာတဲ့ အချိန်မှာဖြစ်ဖြစ် ဒါမှမဟုတ် သိပ်ခါနီးမှာ ဖြစ်ဖြစ်ပေါ့။ နောက်တစ်ချက်က ရေဓါတ်လုံလောက်အောင် လုပ်ပေးဖို့ပါ။ အဝတ်အစားတွေကိုလည်း သက်တောင့်သက်သာ ချောင်ချောင်ချိချိ ဝတ်ပေးဖို့လည်း မေ့လို့မဖြစ်ပါဘူးနော်။

ရေးသားသူ- Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေဘဘီေလးေတြရဲ႕ ဆီးသြားျခင္းနဲ႔ပတ္သက္ၿပီး သိထားသင့္တာအခ်ိဳ႕ ေဘဘီေလးေတြရဲ႕ ဆီးသြားျခင္းနဲ႔ပတ္သက္ၿပီး သိထားသင့္တာအခ်ိဳ႕ Reviewed by THITHTOOLWIN on 09:08 Rating: 5
Powered by Blogger.