ပလက္ဝေဒသခံ ၈၀ ေက်ာ္ AA ဖမ္းထားဆဲ

ခ်င္းျပည္နယ္ ပလက္ဝေဒသ ေျမပံု

( Zawgyi/ Unicode )

ခ်င္းျပည္နယ္ ပလက္ဝေဒသမွာ ဒီႏွစ္ထဲ AA လက္နက္ကိုင္အဖြဲ႔က ေဒသခံေတြကို မၾကာခဏ ဖမ္းဆီးသြားခဲ့ၿပီး အဲဒီထဲက ၈၂ ေယာက္ျပန္မလြတ္ေသးတဲ့ အတြက္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC ကို အေၾကာင္းၾကားထားတယ္လို႔ ခ်င္းျပည္နယ္ ဝန္ႀကီးကေျပာပါတယ္။

ခ်င္းျပည္နယ္အရပ္ဘက္ အဖြဲ႕တခုျဖစ္တဲ့ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညွိႏႈိင္းေရးေကာင္စီ KACC ကေတာ့ AA ဘက္က ဖမ္းဆီးေခၚေဆာင္ထားတဲ့ အရပ္သား ၁၅ဦးထက္မနည္း ရွိတယ္လို႔ ေအာက္တိုဘာလ ၂၀ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ AAလက္နက္ကုိင္ဘက္က ဖမ္းဆီးေခၚေဆာင္သြားခံရတဲ့ အရပ္သား ၈၂ ဦးစာရင္းဟာ ျပည္နယ္အစုိးရက ေျပာဆုိတာနဲ႔၊ အရပ္ဘက္လူမႈအဖြဲ႕ေတြက ထုတ္ျပန္တာနဲ႔မွာ ကြာဟမႈရွိေနေပမယ့္ျပည္နယ္အစုိးရကေတာ့ ရဲတပ္ဖြဲ႕နဲ႔ ၿမိဳ႕နယ္က အတည္ျပဳထားတဲ့ စာရင္းေတြျဖစ္တာေၾကာင့္ တိက်တယ္လို႔ ဆုိပါတယ္။

AA လက္နက္ကုိင္ဘက္က ဖမ္းဆီးေခၚေဆာင္သြားသူေတြကို အရင္က ျပန္လႊတ္ေပးတာမ်ိဳးရွိေပမယ့္ အခုေခၚေဆာင္ခံရသူေတြဟာ လနဲ႔ခ်ီၾကာေနၿပီျဖစ္တာေၾကာင့္ ေဒသခံေတြအတြက္ စုိးရိမ္ရတဲ့အေျခအေနမွာ ရွိေနၿပီလို႔ ခ်င္းျပည္နယ္အစုိးရ ေျပာေရးဆုိခြင့္ရွိသူ ဝန္ႀကီးဦးစုိးထက္က ေျပာပါတယ္။

“လူထုကေတာ့ သူ႔ဟာသူသြားလာေနၾကမွာပဲေလ။ ဆိုေတာ့ လံုျခံဳေရးအရ တပ္ကလည္း တာဝန္ယူတယ္။ ရဲကလည္း တာဝန္ယူတဲ့အပုိင္းမွာ အခု ဒီ AA ကေတာ့ ဒီလူထုကို မၾကာမၾကာ အဲလိုသူ႔သေဘာနဲ႔သူ ႀကိဳက္သလိုေခၚသြား၊ မလႊတ္ဆိုတာမ်ိဳးက မေကာင္းဘူး။ တခ်ဳိ႕ဟာေတြက်ေတာ့ ေသဆံုး၊ ေပ်ာက္ဆံုးလည္း ျဖစ္ႏုိင္တာေပါ့ေနာ္။ တခ်ဳိ႕က လံုးဝအဆက္အသြယ္မရဘဲနဲ႔ ဒီတုိင္းပဲေခၚထားတာ လနဲ႔ခ်ီေနၿပီဆုိေတာ့ ဒါမ်ိဳးေတြေတာ့ မျဖစ္သင့္ဘူးေပါ့ ေရရွည္မွာေလ။ ၾကာရင္ နယ္ေျမမွာက မေအးခ်မ္းတဲ့အျပင္ကို ဒါလူမ်ိဳးေရးျပႆနာေလးေတြပါ ရွိႏုိင္တယ္လို႔ က်ေတာ္ကေတာ့ သံုးသပ္ပါတယ္ခင္ဗ်။ အဲဒါေၾကာင့္ ဒီဟာမ်ိဳး တဖက္သတ္ လက္နက္ကုိင္ၿပီး အႏုိင္က်င့္သလိုမ်ိဳး ေခၚတာမ်ိဳးေတာ့ မျဖစ္သင့္ဘူးလုိ႔ က်ေတာ္ေျပာလိုပါတယ္ခင္ဗ်။”

ခ်င္းျပည္နယ္၊ ပလက္ဝဘက္မွာ လက္နက္ကိုင္အဖြဲ႕ AA တခုတည္းသာရွိတယ္လို႔ ေဒသခံေတြက ဆုိပါတယ္။ ေဒသခံေတြကိုယ္တုိင္ကလည္း သူတုိ႔ကုိ ဖမ္းဆီးေခၚေဆာင္သြားသူေတြဟာ AA ျဖစ္ေၾကာင္းျပန္လည္လြတ္ေျမာက္လာသူေတြက ေျပာေပမယ့္ AA ဘက္ကေတာ့ ျငင္းဆုိထားပါတယ္။

ဗမာစစ္တပ္က သူတုိ႔စစ္ေၾကာင္းနဲ႔ ေတြ႕တဲ့သူေတြကုိ ဖမ္းဆီးေခၚေဆာင္သြားတဲ့ သာဓကေတြ ရွိခဲ့ဖူးၿပီး၊ အခုျဖစ္စဥ္မွာလည္း ဗမာစစ္တပ္လက္ခ်က္သာျဖစ္တယ္လို႔ AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခ က ေျပာပါတယ္။

“က်ေတာ္တုိ႔ဘက္က အဲလိုမ်ိဳး ထိန္းသိမ္းထားတာ၊ ေခၚထားတာ ဘာမွမရွိဘူး။ ဆိုေတာ့ အဲဒါ ဗမာစစ္တပ္ဘက္က ေခၚသြားတာပဲ ျဖစ္ႏုိင္တယ္။”

AA ကဖမ္းဆီးေခၚေဆာင္သြားသူေတြထဲမွာ ေဒသခံလင္မယားႏွစ္ေယာက္ကုိ ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၂၁ရက္ေန႔က ျပန္လႊတ္ေပးခဲ့တယ္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညွိႏႈိင္းေရးေကာင္စီ KACC က ဆိုပါတယ္။ အဲဒီလင္မယားႏွစ္ေယာက္ဟာ သူတုိ႔ရြာဘက္မွာ AAဘက္က ခ်ံဳခိုတိုက္ခိုက္မွာကို သိသြားတာေၾကာင့္ ယာယီထိ္န္းသိမ္းခံခဲ့ရတာလို႔ KACC ဥကၠ႒ ဦးေက်ာ္ၿငိမ္းက ေျပာပါတယ္။

“က်ေတာ္တို႔က သူတို႔ကုိ ေဘးမသီ ရန္မခဘဲနဲ႔ အခုလိုပဲ ျပန္လႊတ္ေပးဖုိ႔အတြက္ က်ေတာ္တုိ႕က ေတာင္းဆုိတာပါ။ သူတုိ႔မွာ အျပစ္မရွိဘဲနဲ႔ ဘာမွမလုပ္ဘဲနဲ႔ ျပန္လႊတ္ေပးပါဆုိတာ က်ေတာ္တုိ႔က ေတာင္းဆုိတာပါ။”

တပ္မေတာ္နဲ႔ AA တုိ႔ၾကား ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြေၾကာင့္ ပလက္ဝၿမိဳ႕နယ္မွာ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူ ၄၀၀၀ ေက်ာ္ရွိေနၿပီး၊ ဒီလိုနယ္ေျမ မၿငိမ္မသက္ျဖစ္ေနတဲ့ အေျခအေနမ်ိဳးမွာ အခုလို ေဒသခံေတြကုိ AA လက္နက္ကုိင္က ဖမ္းဆီးထိန္းသိမ္းတာေတြနဲ႔ စစ္တပ္ဘက္က ေန႔ဝက္ခေပးၿပီး ေဒသခံေတြကုိ ေစခိုင္းမႈျပဳေနတာေတြကို အစုိးရတာဝန္ရွိသူေတြ ကူညီေဆာင္ရြက္ေပးဖုိ႔ အရပ္ဘက္အဖြဲ႕ေတြနဲ႔ ေဒသခံေတြက လုိလားေနၾကပါတယ္။

................

( Unicode )

ပလက်ဝဒေသခံ ၈၀ ကျော် AA ဖမ်းထားဆဲ

ချင်းပြည်နယ် ပလက်ဝဒေသမှာ ဒီနှစ်ထဲ AA လက်နက်ကိုင်အဖွဲ့က ဒေသခံတွေကို မကြာခဏ ဖမ်းဆီးသွားခဲ့ပြီး အဲဒီထဲက ၈၂ ယောက်ပြန်မလွတ်သေးတဲ့ အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို အကြောင်းကြားထားတယ်လို့ ချင်းပြည်နယ် ဝန်ကြီးကပြောပါတယ်။

ချင်းပြည်နယ်အရပ်ဘက် အဖွဲ့တခုဖြစ်တဲ့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ကတော့ AA ဘက်က ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အရပ်သား ၁၅ဦးထက်မနည်း ရှိတယ်လို့ အောက်တိုဘာလ ၂၀ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AAလက်နက်ကိုင်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အရပ်သား ၈၂ ဦးစာရင်းဟာ ပြည်နယ်အစိုးရက ပြောဆိုတာနဲ့၊ အရပ်ဘက်လူမှုအဖွဲ့တွေက ထုတ်ပြန်တာနဲ့မှာ ကွာဟမှုရှိနေပေမယ့်ပြည်နယ်အစိုးရကတော့ ရဲတပ်ဖွဲ့နဲ့ မြို့နယ်က အတည်ပြုထားတဲ့ စာရင်းတွေဖြစ်တာကြောင့် တိကျတယ်လို့ ဆိုပါတယ်။

AA လက်နက်ကိုင်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို အရင်က ပြန်လွှတ်ပေးတာမျိုးရှိပေမယ့် အခုခေါ်ဆောင်ခံရသူတွေဟာ လနဲ့ချီကြာနေပြီဖြစ်တာကြောင့် ဒေသခံတွေအတွက် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီလို့ ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

“လူထုကတော့ သူ့ဟာသူသွားလာနေကြမှာပဲလေ။ ဆိုတော့ လုံခြုံရေးအရ တပ်ကလည်း တာဝန်ယူတယ်။ ရဲကလည်း တာဝန်ယူတဲ့အပိုင်းမှာ အခု ဒီ AA ကတော့ ဒီလူထုကို မကြာမကြာ အဲလိုသူ့သဘောနဲ့သူ ကြိုက်သလိုခေါ်သွား၊ မလွှတ်ဆိုတာမျိုးက မကောင်းဘူး။ တချို့ဟာတွေကျတော့ သေဆုံး၊ ပျောက်ဆုံးလည်း ဖြစ်နိုင်တာပေါ့နော်။ တချို့က လုံးဝအဆက်အသွယ်မရဘဲနဲ့ ဒီတိုင်းပဲခေါ်ထားတာ လနဲ့ချီနေပြီဆိုတော့ ဒါမျိုးတွေတော့ မဖြစ်သင့်ဘူးပေါ့ ရေရှည်မှာလေ။ ကြာရင် နယ်မြေမှာက မအေးချမ်းတဲ့အပြင်ကို ဒါလူမျိုးရေးပြဿနာလေးတွေပါ ရှိနိုင်တယ်လို့ ကျတော်ကတော့ သုံးသပ်ပါတယ်ခင်ဗျ။ အဲဒါကြောင့် ဒီဟာမျိုး တဖက်သတ် လက်နက်ကိုင်ပြီး အနိုင်ကျင့်သလိုမျိုး ခေါ်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျတော်ပြောလိုပါတယ်ခင်ဗျ။”

ချင်းပြည်နယ်၊ ပလက်ဝဘက်မှာ လက်နက်ကိုင်အဖွဲ့ AA တခုတည်းသာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒေသခံတွေကိုယ်တိုင်ကလည်း သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ AA ဖြစ်ကြောင်းပြန်လည်လွတ်မြောက်လာသူတွေက ပြောပေမယ့် AA ဘက်ကတော့ ငြင်းဆိုထားပါတယ်။

ဗမာစစ်တပ်က သူတို့စစ်ကြောင်းနဲ့ တွေ့တဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သာဓကတွေ ရှိခဲ့ဖူးပြီး၊ အခုဖြစ်စဉ်မှာလည်း ဗမာစစ်တပ်လက်ချက်သာဖြစ်တယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။

“ကျတော်တို့ဘက်က အဲလိုမျိုး ထိန်းသိမ်းထားတာ၊ ခေါ်ထားတာ ဘာမှမရှိဘူး။ ဆိုတော့ အဲဒါ ဗမာစစ်တပ်ဘက်က ခေါ်သွားတာပဲ ဖြစ်နိုင်တယ်။”

AA ကဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲမှာ ဒေသခံလင်မယားနှစ်ယောက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC က ဆိုပါတယ်။ အဲဒီလင်မယားနှစ်ယောက်ဟာ သူတို့ရွာဘက်မှာ AAဘက်က ချုံခိုတိုက်ခိုက်မှာကို သိသွားတာကြောင့် ယာယီထိန်းသိမ်းခံခဲ့ရတာလို့ KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

“ကျတော်တို့က သူတို့ကို ဘေးမသီ ရန်မခဘဲနဲ့ အခုလိုပဲ ပြန်လွှတ်ပေးဖို့အတွက် ကျတော်တို့က တောင်းဆိုတာပါ။ သူတို့မှာ အပြစ်မရှိဘဲနဲ့ ဘာမှမလုပ်ဘဲနဲ့ ပြန်လွှတ်ပေးပါဆိုတာ ကျတော်တို့က တောင်းဆိုတာပါ။”

တပ်မတော်နဲ့ AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၄၀၀၀ ကျော်ရှိနေပြီး၊ ဒီလိုနယ်မြေ မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အခုလို ဒေသခံတွေကို AA လက်နက်ကိုင်က ဖမ်းဆီးထိန်းသိမ်းတာတွေနဲ့ စစ်တပ်ဘက်က နေ့ဝက်ခပေးပြီး ဒေသခံတွေကို စေခိုင်းမှုပြုနေတာတွေကို အစိုးရတာဝန်ရှိသူတွေ ကူညီဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေက လိုလားနေကြပါတယ်။

စုစု/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ပလက္ဝေဒသခံ ၈၀ ေက်ာ္ AA ဖမ္းထားဆဲ ပလက္ဝေဒသခံ ၈၀ ေက်ာ္ AA ဖမ္းထားဆဲ Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.