ရကိၡဳင့္တပ္ေတာ္ AA တပ္ဖြဲ႔ဝင္အခ်ိဳ႕ကို ေတြ႔ရစဥ္
Photo: Arakan Army
|
ေပ်ာက္ဆံုးသူ ၈၂ ေယာက္ဟာ ပလက္ဝၿမိဳ႕နယ္ထဲက ကင္းတလင္း၊ သာယာကုန္းနဲ႔ ခေမာင္းဝ ေက်းရြာက ေဒသခံေတြျဖစ္တယ္လို႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔က ေျပာပါတယ္။
ဒီအေရအတြက္ဟာ ျပည္နယ္အစိုးရက ရဲစခန္း၊ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးဦးစီးဌာန မွတ္တမ္းေတြ ကို ကိုးကား တြက္ခ်က္ထားတာျဖစ္ၿပီး အဲဒီထဲမွာ ေဖေဖာ္ဝါရီလက ရကိၡဳင့္တပ္ေတာ္ AA ေခၚေဆာင္သြားတဲ့ ခေမာင္းဝ ေက်းရြာက စစ္ေဘးဒုကၡသည္ ၆၉ ဦးလည္း ပါဝင္ပါတယ္။
ပလက္ဝၿမိဳ႕နယ္ဝန္းက်င္မွာ လႈပ္ရွားေနတဲ့ လက္နက္ကိုင္တပ္ဖြဲ႔ဆိုလို႔ တပ္မေတာ္နဲ႔ AA သာ ရွိေၾကာင္း၊ ဒီေပ်ာက္ဆံုးေနသူေတြဟာ တပ္မေတာ္က ဖမ္းဆီးသြားတာ မျဖစ္ႏိုင္တဲ့အတြက္ AA က ဖမ္းဆီးသြားတာလို႔ ယူဆေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖဲြ႔ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္ က RFA ကို ေျပာပါတယ္။
"ကၽြန္ေတာ္တို႔ေဒသမွာ လက္နက္ကိုင္အဖြဲ႔အစည္းဆိုလို႔ တပ္မေတာ္ရွိတယ္။ တပ္မေတာ္ကလည္း ဒီအလုပ္ေတြ လုပ္မွာမဟုတ္ဘူး။ ေနာက္ AA ရွိတယ္။ AA ကပဲ ကင္းတလင္းရြာသား ၅၄ ေယာက္ ေခၚသြားတယ္။ ေနာက္ ရွစ္ေယာက္ေခၚသြားတယ္။ အခုလည္း တေလာကမွ ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးၾကားမွာ ကားေပၚက ၃၁ ေယာက္ မီးသတ္သင္တန္းဆင္းနဲ႔ ဝန္ထမ္းတခ်ိဳ႕ေခၚသြားတာ ေတြ႔ရတယ္။ ဒါကလည္း AA ကပဲ ျဖစ္ဖို႔မ်ားပါတယ္"
ခ်င္းျပည္နယ္အစိုးရအဖဲြ႔က ေပ်ာက္ဆံုးေနသူေတြအေၾကာင္းကို အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ဗဟိုဌာန NRPC ထံ ေအာက္တိုဘာ ၂၁ ရက္ေန႔မွာ တင္ျပထားတာပါ။
တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ အဆက္အသြယ္ရိွတဲ့ NRPC အေနနဲ႔ တစ္စံုတရာ လုပ္ေဆာင္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ဝန္ႀကီးက ေျပာပါတယ္။
အရပ္ဖက္အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ ခူမီး ခ်င္းလူမ်ိဳးႏြယ္ေရးရာ ေပါင္းစပ္ညွိႏိႈင္းေရးေကာ္မတီကလည္း ေပ်ာက္ဆံုးေနသူေတြထဲမွာ ခူမီးလူမ်ဳိးေတြ ပါ၀င္ေနတယ္လို႔ ဆုိပါတယ္။
AA ဖမ္းဆီးသြားသူေတြထဲက သာယာကုန္းေက်းရြာက လင္မယား ႏွစ္ေယာက္ကေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာ၂၁ ရက္ေန႔က ေက်းရြာကို ျပန္လည္ေရာက္ရွိလာပါတယ္။
တပ္မေတာ္စစ္ေၾကာင္းကို သတင္းေပးမွာ စိုးရိမ္တဲ့အတြက္ လင္မယား ႏွစ္ဦးကို ေခတၱ ေခၚယူဖမ္းဆီး ထားတာလို႔ သိရေၾကာင္း ခူမီးခ်င္းလူမ်ိဳးႏြယ္ေရးရာ ေပါင္းစပ္ညွိႏိႈင္းေရးေကာ္မတီ ဥကၠ႒ ဦးေက်ာ္ၿငိမ္း က ေျပာပါတယ္။
ပလက္ဝၿမိဳ႕နယ္က လူေတြ ေပ်ာက္ဆံုးေနတာဟာ AA လက္ခ်က္ ျဖစ္ရမယ္လို႔ ခ်င္းျပည္နယ္အစိုးရ အဖဲြ႔က ေျပာဆိုထားတာကို AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက လက္မခံပါဘူး။
"ခ်င္းျပည္နယ္ထဲမွာေတာ့ ကၽြန္ေတာ္ဘက္က အရပ္သားေတြကို ဖမ္းဆီးထိမ္းသိမ္းထားတာ တစ္ေယာက္မွ မရွိေတာ့ဘူး။ အခု သူတို႔ထုတ္ျပန္တယ္ဆိုတာ သက္သက္ စြပ္စြဲခ်က္ေတြပဲျဖစ္တယ္။ ကၽြန္ေတာ္တို႔ ဖမ္းဆီးထားတာ တစ္ေယာက္မွ မရွိဘူးဗ်"
စစ္ေဘးေရွာင္ဒုကၡသည္ေတြကို သူတို႔ ေခၚေဆာင္သြားတာမ်ိဳးလည္း မရွိေၾကာင္းနဲ႔ စြပ္စြဲေျပာဆိုမႈေတြသာ ျဖစ္ေၾကာင္း တုံ႔ျပန္ပါတယ္။
ေဖေဖာ္ဝါရီလက ပလက္ဝၿမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႔ ရကိၡဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ ခေမာင္းဝေက်းရြာသား ၇၆ ဦးနဲ႔ ကင္းတလင္းေက်းရြာသား ၄၈ ေယာက္ကို စစ္ေဘးေရွာင္ၾကဖို႔ အကူအညီေပးထားေၾကာင္း AA က သတင္းထုတ္ျပန္ထားပါတယ္။
ခူမီးခ်င္းလူမ်ိဳးႏြယ္ေရးရာ ေပါင္းစပ္ညွိႏိႈင္းေရးေကာ္မတီ ဥကၠ႒ ဦးေက်ာ္ၿငိမ္းကေတာ့ အျပစ္မဲ့လူထု မေႏွာင့္ယွက္ဖို႔ ေတာင္းဆိုခ်င္တယ္လုိ႔ ေျပာပါတယ္။
ေတာ္လွန္ေရးလုပ္တာ လူထုကို မေႏွာက္ယွက္ပါနဲ႔ လူထုမွာ ဘာအျပစ္မွမရွိဘူး
"ေတာ္လွန္ေရးလုပ္တာ လူထုကို မေႏွာက္ယွက္ပါနဲ႔ လူထုမွာ ဘာအျပစ္မွမရွိဘူး။ ဒါေၾကာင့္ ေဒသခံ လူထုကို မေႏွာက္ယွက္ပါနဲ႔လို႔ ေတာင္းဆိုခ်င္ပါတယ္"
ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ နယ္စပ္မွာ တည္ရိွတဲ့ ပလက္ဝၿမိဳ႕နယ္မွာ ၾသဂုတ္လက တပ္မေတာ္နဲ႔ ရကိၡဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြ ျပင္းထန္ခဲ့ပါတယ္။
တုိက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ေနရတဲ့ ဒုကၡသည္ ေလးေထာင္ေက်ာ္ရွိတယ္လို႔ ျပည္နယ္အစိုးရ အဖြဲ႔ ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။
RFA Burmese
https://www.rfa.org
----------------
Unicode
ပလက်ဝမှ ၈၂ ဦးကို AA ဖမ်းထားတယ်လို့ ချင်းပြည်နယ်အစိုးရစွပ်စွဲ
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
Photo: Arakan Army
ပျောက်ဆုံးသူ ၈၂ ယောက်ဟာ ပလက်ဝမြို့နယ်ထဲက ကင်းတလင်း၊ သာယာကုန်းနဲ့ ခမောင်းဝ ကျေးရွာက ဒေသခံတွေဖြစ်တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
ဒီအရေအတွက်ဟာ ပြည်နယ်အစိုးရက ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန မှတ်တမ်းတွေ ကို ကိုးကား တွက်ချက်ထားတာဖြစ်ပြီး အဲဒီထဲမှာ ဖေဖော်ဝါရီလက ရက္ခိုင့်တပ်တော် AA ခေါ်ဆောင်သွားတဲ့ ခမောင်းဝ ကျေးရွာက စစ်ဘေးဒုက္ခသည် ၆၉ ဦးလည်း ပါဝင်ပါတယ်။
ပလက်ဝမြို့နယ်ဝန်းကျင်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဆိုလို့ တပ်မတော်နဲ့ AA သာ ရှိကြောင်း၊ ဒီပျောက်ဆုံးနေသူတွေဟာ တပ်မတော်က ဖမ်းဆီးသွားတာ မဖြစ်နိုင်တဲ့အတွက် AA က ဖမ်းဆီးသွားတာလို့ ယူဆကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းဆိုလို့ တပ်မတော်ရှိတယ်။ တပ်မတော်ကလည်း ဒီအလုပ်တွေ လုပ်မှာမဟုတ်ဘူး။ နောက် AA ရှိတယ်။ AA ကပဲ ကင်းတလင်းရွာသား ၅၄ ယောက် ခေါ်သွားတယ်။ နောက် ရှစ်ယောက်ခေါ်သွားတယ်။ အခုလည်း တလောကမှ ကျောက်တော်နဲ့ မြောက်ဦးကြားမှာ ကားပေါ်က ၃၁ ယောက် မီးသတ်သင်တန်းဆင်းနဲ့ ဝန်ထမ်းတချို့ခေါ်သွားတာ တွေ့ရတယ်။ ဒါကလည်း AA ကပဲ ဖြစ်ဖို့များပါတယ်"
ချင်းပြည်နယ်အစိုးရအဖွဲ့က ပျောက်ဆုံးနေသူတွေအကြောင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ထံ အောက်တိုဘာ ၂၁ ရက်နေ့မှာ တင်ပြထားတာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့ NRPC အနေနဲ့ တစ်စုံတရာ လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးက ပြောပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခူမီး ချင်းလူမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကလည်း ပျောက်ဆုံးနေသူတွေထဲမှာ ခူမီးလူမျိုးတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
AA ဖမ်းဆီးသွားသူတွေထဲက သာယာကုန်းကျေးရွာက လင်မယား နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ၂၁ ရက်နေ့က ကျေးရွာကို ပြန်လည်ရောက်ရှိလာပါတယ်။
တပ်မတော်စစ်ကြောင်းကို သတင်းပေးမှာ စိုးရိမ်တဲ့အတွက် လင်မယား နှစ်ဦးကို ခေတ္တ ခေါ်ယူဖမ်းဆီး ထားတာလို့ သိရကြောင်း ခူမီးချင်းလူမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်း က ပြောပါတယ်။
ပလက်ဝမြို့နယ်က လူတွေ ပျောက်ဆုံးနေတာဟာ AA လက်ချက် ဖြစ်ရမယ်လို့ ချင်းပြည်နယ်အစိုးရ အဖွဲ့က ပြောဆိုထားတာကို AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက လက်မခံပါဘူး။
"ချင်းပြည်နယ်ထဲမှာတော့ ကျွန်တော်ဘက်က အရပ်သားတွေကို ဖမ်းဆီးထိမ်းသိမ်းထားတာ တစ်ယောက်မှ မရှိတော့ဘူး။ အခု သူတို့ထုတ်ပြန်တယ်ဆိုတာ သက်သက် စွပ်စွဲချက်တွေပဲဖြစ်တယ်။ ကျွန်တော်တို့ ဖမ်းဆီးထားတာ တစ်ယောက်မှ မရှိဘူးဗျ"
စစ်ဘေးရှောင်ဒုက္ခသည်တွေကို သူတို့ ခေါ်ဆောင်သွားတာမျိုးလည်း မရှိကြောင်းနဲ့ စွပ်စွဲပြောဆိုမှုတွေသာ ဖြစ်ကြောင်း တုံ့ပြန်ပါတယ်။
ဖေဖော်ဝါရီလက ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ခမောင်းဝကျေးရွာသား ၇၆ ဦးနဲ့ ကင်းတလင်းကျေးရွာသား ၄၈ ယောက်ကို စစ်ဘေးရှောင်ကြဖို့ အကူအညီပေးထားကြောင်း AA က သတင်းထုတ်ပြန်ထားပါတယ်။
ခူမီးချင်းလူမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကတော့ အပြစ်မဲ့လူထု မနှောင့်ယှက်ဖို့ တောင်းဆိုချင်တယ်လို့ ပြောပါတယ်။
တော်လှန်ရေးလုပ်တာ လူထုကို မနှောက်ယှက်ပါနဲ့ လူထုမှာ ဘာအပြစ်မှမရှိဘူး
"တော်လှန်ရေးလုပ်တာ လူထုကို မနှောက်ယှက်ပါနဲ့ လူထုမှာ ဘာအပြစ်မှမရှိဘူး။ ဒါကြောင့် ဒေသခံ လူထုကို မနှောက်ယှက်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်"
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်မှာ တည်ရှိတဲ့ ပလက်ဝမြို့နယ်မှာ သြဂုတ်လက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် လေးထောင်ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
RFA Burmese
https://www.rfa.org
ပလက္ဝမွ ၈၂ ဦးကို AA ဖမ္းထားတယ္လို႔ ခ်င္းျပည္နယ္အစိုးရစြပ္စဲြ
Reviewed by THITHTOOLWIN
on
02:09
Rating: