အဖမ္းခံရသူတို႔ ေသဆံုးမႈအတြက္ AA နဲ႔ တပ္ အျပန္အလွန္ အျပစ္တင္

စစ္​​ေတြကေန ဘူးသီး​ေတာင္​ၿမိဳ႕ကို ထြက္​ခြာလာ​တဲ့ ​ေ႐ႊနဒီအျမန္​​ေရယာဥ္​ကို ၂ဝ၁၉ ေအာက္တိုဘာ ၂၆ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ​ေရမ်က္​​ေက်း႐ြာအနီးမွာ ေတြ႔ရစဥ္
Zawgyi
ရကၡိဳင့္တပ္ေတာ္ AA က ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္အတြင္း သြားေနတဲ့ အျမန္ေရယာဥ္ တစ္စီးေပၚကေန သူတို႔ ဖမ္းလာသူေတြထဲက အမ်ားအျပားဟာ ရဟတ္ယာဥ္ေတြေပၚက ပစ္ခတ္မႈေၾကာင့္ ေသဆံုးသြားၾကတယ္လို႔ ဒီေန႔ ေၾကညာပါတယ္။

တပ္မေတာ္ကေတာ့ AA က ဖမ္းထားသူေတြကိုသတ္ၿပီးမွ တပ္မေတာ္အေပၚ ပံုခ်တာလို႔ တုံ႔ျပန္လိုက္ပါတယ္။

မေန႔က မနက္ပိုင္းမွာ ေမယုျမစ္အတြင္း အျမန္ေရယာဥ္နဲ႔ လိုက္ပါလာတဲ့ တပ္နဲ႔ ရဲအရာရွိေတြအပါအ၀င္ ခရီးသည္ ၄၀ ေက်ာ္ကို ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းေခၚသြားခဲ့တာေၾကာင့္ တပ္မေတာ္က ရဟတ္ယာဥ္ေတြနဲ႔ လိုက္လံတိုက္ခိုက္ ကယ္ဆယ္ခဲ့ပါတယ္။

အဲဒီလို ပစ္ခတ္မႈေၾကာင့္ ဖမ္းေခၚခံထားရသူေတြကို တင္ေဆာင္လာတဲ့ စက္ေလွေတြကိုထိခဲ့တယ္၊ စက္ေလွ တစ္စီး ပ်က္စီးသြားၿပီး ႏွစ္စီးနစ္ျမွဳပ္သြားတယ္၊ ေသဆံုးသူေတြရိွသလို ထြက္ေျပးလြတ္ေျမာက္သြားသူေတြလည္း ရိွတယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

ေသဆံုးသူေတြထဲမွာ အဖမ္းခံထားရသူေတြပါသလို AA အဖြဲ႔၀င္ေတြလည္း ပါဝင္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အဖမ္းခံရသူေတြ ေသဆံုးမႈေတြအတြက္ တပ္မေတာ္မွာပဲ တာဝန္ရွိတယ္လို႔ AA  ေျပာခြင့္ရသူ ခိုင္သုခ က RFA ကို ေျပာပါတယ္။

"ရဟတ္ယာဥ္ေပၚကေနၿပီးေတာ့ စက္ေသနတ္ေတြနဲ႔ပစ္၊ ေရာ့ကတ္ေတြနဲ႔႔ပစ္ အဲလိုတိုက္ခိုက္တယ္ဆိုတဲ့ဥစၥာ ဒီျဖစ္ရပ္မွာ ေသဆံုးသြားသူေတြက ျမန္မာစစ္တပ္က ပစ္ခတ္တိုက္ခိုက္လို႔ ေသဆံုးတာျဖစ္တယ္။ အဲဒါေၾကာင့္ ဒီေသဆံုးမႈဟာ ျမန္မာစစ္တပ္ မွာပဲ တာဝန္ရွိတယ္"

ေသဆံုးသူ၊ ဒဏ္ရာရသူ၊ ထြက္ေျပးလြတ္ေျမာက္သူ စာရင္းအေသးစိတ္ကိုေတာ့ စိစစ္ၿပီးရင္ ထုတ္ျပန္မယ္လို႔လည္း ခုိင္သုခက ေျပာပါတယ္။

တပ္မေတာ္ဘက္ကလည္း စာရင္းအေသးစိတ္ ထုတ္ျပန္မယ္ လို႔ေျပာပါတယ္။

AA ဟာ ဖမ္းထားသူေတြကို သတ္ထားၿပီးမွ တပ္မေတာ္ ရဟတ္ယာဥ္ပစ္ခတ္လို႔ ေသဆံုးတာလို႔ စြပ္စြဲတာျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"တကယ့္ျဖစ္စဥ္အမွန္ကေတာ့ AA အဖြဲ႔က ဖမ္းဆီးရမိၿပီး သတ္ သြားတာရွိတယ္။ ရဟတ္ယာဥ္နဲ႔ တိုက္ခိုက္လို႔ စက္ေလွနစ္ျမဳပ္ သြားတာ ျဖစ္ႏိုင္တယ္။ သူတို႔အေနနဲ႔ ဖံုးကြယ္ခ်င္တာ သူတို႔ဒီဟာ မျဖစ္ခင္ထဲက သတ္ထားတာေတြရွိတယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီး သတင္းမၾကာခင္ ထုတ္ျပန္ေပးပါမယ္"

AA ဖမ္းဆီးသြားသူေတြထဲမွာ တပ္မေတာ္သား ၁၄ ဦး၊ ရဲတပ္ဖြဲ႔ဝင္ ၂၉ ဦး၊ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္း ႏွစ္ဦးနဲ႔ အရပ္သား ၁၃ ဦး စုစုေပါင္း ၅၈ ဦး ပါဝင္တယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

မေန႔ကျဖစ္ရပ္နဲ႔ပတ္သက္ၿပီး AA ကို တပ္မေတာ္ဘက္က သည္းခံစရာမရွိဘူးလို႔ တုံ႔ျပန္ပါတယ္။

"အုပ္ခ်ဳပ္မႈကိစၥလုပ္ၿပီး ကိုယ့္ဘာသာ ျပန္လာတဲ့ ေရယာဥ္ေပၚမွာ ပါလာတဲ့ လံုျခံဳေရးတပ္ဖြဲ႔ဝင္ေတြကို ဘာလို႔ဖမ္းေခၚသြားတာလဲ။ ေအး ခြင့္မလႊတ္ဘူး သိတာနဲ႔ မေန႔က သတင္း ရရခ်င္း ရဟတ္ယာဥ္နဲ႔ လိုက္ပစ္တာ ဒါမ်ိဳးကေတာ့ လံုးဝလက္မခံဘူး ဒီေကာင္ေတြကို ေမတၱာပို႔စရာလဲ အေၾကာင္းမရွိဘူး"

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦး ေျပာသြားတာပါ။

ထြက္ေျပးလြတ္ေျမာက္လာသူေတြ တပ္မေတာ္ထံ ေရာက္ရွိေနၿပီး က်န္ရွိေနေသးတဲ့သူေတြကိုလည္း ဆက္လက္ကယ္တင္သြားမယ္လုိ႔ ဗိုလ္မွဴးၾကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

မေန႔ကျဖစ္ရပ္ေနာက္ပိုင္းမွာ ရေသ့ေတာင္ၿမိဳ႕နယ္ ေရပုတ္ရြာအနီး တပ္မေတာ္ဘက္က လက္နက္ၾကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

အဲဒီအနီးတ၀ိုက္ဟာ ရဲနဲ႔ တပ္အရာရွိေတြ အပါအ၀င္ ခရီးသည္ေတြ ဖမ္းေခၚခံရတဲ့ ေနရာျဖစ္ပါတယ္။

ဒီေန႔မနက္မွာေတာ့ ေရပုတ္ရြာထဲက ရြာသား ၁၃ ေယာက္ကို တပ္မေတာ္က ဖမ္းဆီးသြားတယ္လို႔ အမည္မေဖာ္လိုတဲ့ ရြာသားတခ်ဳိ႕က ေျပာပါတယ္။

ရြာအနီးမွာျဖစ္ပြားခဲ့တာေၾကာင့္ ရြာကလူေတြ သိရမယ္ဆိုၿပီး ဖမ္းဆီးသြားတာလို႔ သိရေၾကာင္း အမည္မေဖာ္လိုသူ ရြာသား တစ္ဦးက ေျပာပါတယ္။

"သူတို႔က အသက္ၾကီးတဲ့သူေတြကိုေခၚတာ မေန႔ကျဖစ္တဲ့ကိစၥမွာ သူတို႔သိရမယ္ ဒီေနရာမွာ ရကၡိဳင့္တပ္ေတာ္ AA ရွိတယ္ဆိုၿပီး သူတို႔က လမ္းျပပံုစံမ်ိဳးနဲ႔ ေခၚသြားတာပါ"

ေရပုတ္ရြာေဒသခံ ၁၃ ဦးကို သူတုိ႔ မဖမ္းေၾကာင္း အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦး က ျငင္းဆုိပါတယ္။

ေရပုတ္ရြာကို တပ္မေတာ္က ဝိုင္းထားၿပီး ရြာကိုလည္း ရဟတ္ယာဥ္ေပၚကေန ပစ္ခတ္ေနတယ္လို႔ ေျပာပါတယ္။

အဲဒီပစ္ခတ္မႈေၾကာင့္ ဒီေန႔ေန႔လယ္ပိုင္းမွာ ေရပုတ္ေက်းရြာကေန ေအာင္ေျမသာေက်းရြာကို ေလွနဲ႔သြားတဲ့ ကေလး ႏွစ္ဦး က်ည္ဆံမွန္ခဲ့ၿပီး စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ ဆုိပါတယ္။

ရြာကို တပ္မေတာ္က ဝိုင္းထားတဲ့အတြက္ က်ည္ထိမွန္တဲ့ ကေလးႏွစ္ဦးကို ေဆးရံုပို႔ဖို႔ အခက္အခဲ ျဖစ္ေနတဲ့အတြက္ အကူအညီလိုအပ္ေနတယ္လို႔လည္း ေျပာပါတယ္။

လက္ရွိမွာ တပ္မေတာ္နဲ႔ AA က ႏွစ္ဖက္အသိုင္းအ၀ိုင္းနဲ႔ နီးစပ္သူေတြကို အျပန္အလွန္ ဖမ္းဆီးမႈေတြ ရွိေနတယ္လို႔ ရႈျမင္ၾကပါတယ္။

စစ္ေရး/ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ဦးသန္းစိုးႏိုင္ က - ႏွစ္ဖက္တင္းမာမႈေတြ ၾကားမွာ ျပည္သူေတြက ပစ္မွတ္ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

""တပ္မေတာ္ေရာ AA အဖြဲ႔ကေရာ ျဖစ္ေနတဲ့ တိုက္ပြဲေတြအတြင္းမွာ လူထုကပစ္မွတ္ျဖစ္လာတာ အေတာ္ကို ဆိုးဝါးတဲ့ကိစၥ ဒါျပည္တြင္း စစ္သမိုင္းမွာ အဲေလာက္ တစ္ခါမွမျဖစ္ခဲ့ဖူးဘူးဗ်။ အျပန္အလွန္ လက္စားေခ်မႈေတြ အျပန္အလွန္ ျပန္ေပးဆြဲမႈေတြလုပ္ေနတာ ရခိုင္ျပည္မွာ ျဖစ္ေနတဲ့ စစ္ပြဲေၾကာင့္ျဖစ္ခဲ့တဲ့ ျပည္သူေတြရဲ႕ နစ္နာဆံုးရံႈးမႈေတြ ပိုၿပီးဆိုးဝါးေစတယ္။ ဒါေတြဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြလည္းျဖစ္တယ္။ အဲဒါအတြက္ ႏွစ္ဖက္လံုးက ဒီျဖစ္ရပ္ေတြကို တားဆီးဖို႔လိုတယ္"

ေအာက္တိုဘာ ၁၁ ရက္ေန႔ကလည္း ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႔က မႏၱေလးတိုင္း ဇီးပင္ႀကီး သင္တန္းေက်ာင္းကေန ေျမာက္ဦးကို ျပန္လာၾကတဲ့ မီးသတ္တပ္ဖြဲ႔ဝင္ေတြပါလာတဲ့ ခရီးသည္တင္ကားကို တားဆီးခဲ့ၿပီး မီးသတ္တပ္ဖြဲ႔ဝင္ ၁၉ ဦးနဲ႔ ခရီးသည္ ၁၂ ဦးကို ဖမ္းဆီးခဲ့ရာမွာ အခုခ်ိန္ထိ တစ္ဦးမွ မလြတ္ေျမာက္ေသးပါဘူး။

တပ္မေတာ္ဖက္ကလည္း AA အဖြဲ႔ကို ေထာက္ပံ့မႈရွိတယ္ဆုိၿပီး ရကၡိဳင့္တပ္ေတာ္ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ရဲ႕ညီ အပါအ၀င္ ရွစ္ဦးကို ဖမ္းဆီးအမႈဖြင့္ထားသလို ႏွမနဲ႔ ေယာက္ဖျဖစ္သူကိုလည္း မႏၱေလးၿမိဳ႕မွာ ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ ဖမ္းမိထားသူေတြနဲ႔ ဆက္စပ္မႈရွိတယ္ဆိုၿပီး ဖမ္းဆီးစစ္ေဆးေနပါတယ္။

ႏွစ္ဖက္တပ္ေတြအေနနဲ႔ အဲဒီလိုလုပ္ရပ္ေတြကို ရပ္တန္႔ၿပီး စားပြဲဝုိင္းေပၚမွာ ေဆြးေႏြးအေျဖရွာၾကဖို႔ လိုေနေၾကာင္း အပစ္အခတ္ေလွ်ာ့ခ်ေရး၊ ျပည္သူထိခိုက္မႈ မရွိေရးေတြ ႏွစ္ဖက္အေျဖရွာသင့္တယ္လို႔ ဦးသန္းစိုးႏိုင္က ေျပာပါတယ္။

တစ္ႏွစ္နီးပါးၾကာျမင့္လာျပီျဖစ္တဲ့ ဒီတုိက္ပဲြေတြအတြင္း ဖမ္းဆီးခံရတဲ့/ ေသဆံုးတဲ့ အရပ္သား အမ်ားအျပား ရွိေနသလို ရဲနဲ႔ တပ္မေတာ္သား၊ စစ္မႈထမ္းေဟာင္းေတြလည္း ေသဆံုးမႈေတြ ရွိေနပါတယ္။

ရခိုင္ေဒသ တိုက္ပဲြေတြေၾကာင့္ တိမ္းေရွာင္ထြက္ေျပးရသူ ေဒသခံ ခုႏွစ္ေသာင္းေက်ာ္ ရိွေနရာမွာ လတ္တေလာ စစ္ေရးအေျခအေန ပိုမုိဆိုးရြားလာတဲ့အတြက္  စစ္ေဘးေရွာင္ အေရအတြက္ ေလ်ာ့က်သြားဖို႔ အလားအလာ မရိွေသးပါဘူး။

RFA Burmese
https://www.rfa.org
--------------
Unicode
အဖမ်းခံရသူတို့ သေဆုံးမှုအတွက် AA နဲ့ တပ် အပြန်အလှန် အပြစ်တင်

စစ်တွေကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ၂ဝ၁၉ အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးမှာ တွေ့ရစဉ်
Photo: San Myat Shwe

ရက္ခိုင့်တပ်တော် AA က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း သွားနေတဲ့ အမြန်ရေယာဉ် တစ်စီးပေါ်ကနေ သူတို့ ဖမ်းလာသူတွေထဲက အများအပြားဟာ ရဟတ်ယာဉ်တွေပေါ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားကြတယ်လို့ ဒီနေ့ ကြေညာပါတယ်။

တပ်မတော်ကတော့ AA က ဖမ်းထားသူတွေကိုသတ်ပြီးမှ တပ်မတော်အပေါ် ပုံချတာလို့ တုံ့ပြန်လိုက်ပါတယ်။

မနေ့က မနက်ပိုင်းမှာ မေယုမြစ်အတွင်း အမြန်ရေယာဉ်နဲ့ လိုက်ပါလာတဲ့ တပ်နဲ့ ရဲအရာရှိတွေအပါအဝင် ခရီးသည် ၄၀ ကျော်ကို ရက္ခိုင့်တပ်တော် AA က ဖမ်းခေါ်သွားခဲ့တာကြောင့် တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ လိုက်လံတိုက်ခိုက် ကယ်ဆယ်ခဲ့ပါတယ်။

အဲဒီလို ပစ်ခတ်မှုကြောင့် ဖမ်းခေါ်ခံထားရသူတွေကို တင်ဆောင်လာတဲ့ စက်လှေတွေကိုထိခဲ့တယ်၊ စက်လှေ တစ်စီး ပျက်စီးသွားပြီး နှစ်စီးနစ်မြှုပ်သွားတယ်၊ သေဆုံးသူတွေရှိသလို ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အဖမ်းခံထားရသူတွေပါသလို AA အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဖမ်းခံရသူတွေ သေဆုံးမှုတွေအတွက် တပ်မတော်မှာပဲ တာဝန်ရှိတယ်လို့ AA  ပြောခွင့်ရသူ ခိုင်သုခ က RFA ကို ပြောပါတယ်။

"ရဟတ်ယာဉ်ပေါ်ကနေပြီးတော့ စက်သေနတ်တွေနဲ့ပစ်၊ ရော့ကတ်တွေနဲ့ပစ် အဲလိုတိုက်ခိုက်တယ်ဆိုတဲ့ဥစ္စာ ဒီဖြစ်ရပ်မှာ သေဆုံးသွားသူတွေက မြန်မာစစ်တပ်က ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးတာဖြစ်တယ်။ အဲဒါကြောင့် ဒီသေဆုံးမှုဟာ မြန်မာစစ်တပ် မှာပဲ တာဝန်ရှိတယ်"

သေဆုံးသူ၊ ဒဏ်ရာရသူ၊ ထွက်ပြေးလွတ်မြောက်သူ စာရင်းအသေးစိတ်ကိုတော့ စိစစ်ပြီးရင် ထုတ်ပြန်မယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

တပ်မတော်ဘက်ကလည်း စာရင်းအသေးစိတ် ထုတ်ပြန်မယ် လို့ပြောပါတယ်။

AA ဟာ ဖမ်းထားသူတွေကို သတ်ထားပြီးမှ တပ်မတော် ရဟတ်ယာဉ်ပစ်ခတ်လို့ သေဆုံးတာလို့ စွပ်စွဲတာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"တကယ့်ဖြစ်စဉ်အမှန်ကတော့ AA အဖွဲ့က ဖမ်းဆီးရမိပြီး သတ် သွားတာရှိတယ်။ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်လို့ စက်လှေနစ်မြုပ် သွားတာ ဖြစ်နိုင်တယ်။ သူတို့အနေနဲ့ ဖုံးကွယ်ချင်တာ သူတို့ဒီဟာ မဖြစ်ခင်ထဲက သတ်ထားတာတွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သတင်းမကြာခင် ထုတ်ပြန်ပေးပါမယ်"

AA ဖမ်းဆီးသွားသူတွေထဲမှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနဲ့ အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦး ပါဝင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့ကဖြစ်ရပ်နဲ့ပတ်သက်ပြီး AA ကို တပ်မတော်ဘက်က သည်းခံစရာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

"အုပ်ချုပ်မှုကိစ္စလုပ်ပြီး ကိုယ့်ဘာသာ ပြန်လာတဲ့ ရေယာဉ်ပေါ်မှာ ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဘာလို့ဖမ်းခေါ်သွားတာလဲ။ အေး ခွင့်မလွှတ်ဘူး သိတာနဲ့ မနေ့က သတင်း ရရချင်း ရဟတ်ယာဉ်နဲ့ လိုက်ပစ်တာ ဒါမျိုးကတော့ လုံးဝလက်မခံဘူး ဒီကောင်တွေကို မေတ္တာပို့စရာလဲ အကြောင်းမရှိဘူး"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ပြောသွားတာပါ။

ထွက်ပြေးလွတ်မြောက်လာသူတွေ တပ်မတော်ထံ ရောက်ရှိနေပြီး ကျန်ရှိနေသေးတဲ့သူတွေကိုလည်း ဆက်လက်ကယ်တင်သွားမယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

မနေ့ကဖြစ်ရပ်နောက်ပိုင်းမှာ ရသေ့တောင်မြို့နယ် ရေပုတ်ရွာအနီး တပ်မတော်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီအနီးတဝိုက်ဟာ ရဲနဲ့ တပ်အရာရှိတွေ အပါအဝင် ခရီးသည်တွေ ဖမ်းခေါ်ခံရတဲ့ နေရာဖြစ်ပါတယ်။

ဒီနေ့မနက်မှာတော့ ရေပုတ်ရွာထဲက ရွာသား ၁၃ ယောက်ကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတချို့က ပြောပါတယ်။

ရွာအနီးမှာဖြစ်ပွားခဲ့တာကြောင့် ရွာကလူတွေ သိရမယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ သိရကြောင်း အမည်မဖော်လိုသူ ရွာသား တစ်ဦးက ပြောပါတယ်။

"သူတို့က အသက်ကြီးတဲ့သူတွေကိုခေါ်တာ မနေ့ကဖြစ်တဲ့ကိစ္စမှာ သူတို့သိရမယ် ဒီနေရာမှာ ရက္ခိုင့်တပ်တော် AA ရှိတယ်ဆိုပြီး သူတို့က လမ်းပြပုံစံမျိုးနဲ့ ခေါ်သွားတာပါ"

ရေပုတ်ရွာဒေသခံ ၁၃ ဦးကို သူတို့ မဖမ်းကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ငြင်းဆိုပါတယ်။

ရေပုတ်ရွာကို တပ်မတော်က ဝိုင်းထားပြီး ရွာကိုလည်း ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ဒီနေ့နေ့လယ်ပိုင်းမှာ ရေပုတ်ကျေးရွာကနေ အောင်မြေသာကျေးရွာကို လှေနဲ့သွားတဲ့ ကလေး နှစ်ဦး ကျည်ဆံမှန်ခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ရွာကို တပ်မတော်က ဝိုင်းထားတဲ့အတွက် ကျည်ထိမှန်တဲ့ ကလေးနှစ်ဦးကို ဆေးရုံပို့ဖို့ အခက်အခဲ ဖြစ်နေတဲ့အတွက် အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ AA က နှစ်ဖက်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကို အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ရှုမြင်ကြပါတယ်။

စစ်ရေး/နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က - နှစ်ဖက်တင်းမာမှုတွေ ကြားမှာ ပြည်သူတွေက ပစ်မှတ်ဖြစ်နေတယ်လို့ ပြောပါတယ်။

""တပ်မတော်ရော AA အဖွဲ့ကရော ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်းမှာ လူထုကပစ်မှတ်ဖြစ်လာတာ အတော်ကို ဆိုးဝါးတဲ့ကိစ္စ ဒါပြည်တွင်း စစ်သမိုင်းမှာ အဲလောက် တစ်ခါမှမဖြစ်ခဲ့ဖူးဘူးဗျ။ အပြန်အလှန် လက်စားချေမှုတွေ အပြန်အလှန် ပြန်ပေးဆွဲမှုတွေလုပ်နေတာ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့်ဖြစ်ခဲ့တဲ့ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေ ပိုပြီးဆိုးဝါးစေတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်းဖြစ်တယ်။ အဲဒါအတွက် နှစ်ဖက်လုံးက ဒီဖြစ်ရပ်တွေကို တားဆီးဖို့လိုတယ်"

အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် AA အဖွဲ့က မန္တလေးတိုင်း ဇီးပင်ကြီး သင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါလာတဲ့ ခရီးသည်တင်ကားကို တားဆီးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ ခရီးသည် ၁၂ ဦးကို ဖမ်းဆီးခဲ့ရာမှာ အခုချိန်ထိ တစ်ဦးမှ မလွတ်မြောက်သေးပါဘူး။

တပ်မတော်ဖက်ကလည်း AA အဖွဲ့ကို ထောက်ပံ့မှုရှိတယ်ဆိုပြီး ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ အပါအဝင် ရှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားသလို နှမနဲ့ ယောက်ဖဖြစ်သူကိုလည်း မန္တလေးမြို့မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိထားသူတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးနေပါတယ်။

နှစ်ဖက်တပ်တွေအနေနဲ့ အဲဒီလိုလုပ်ရပ်တွေကို ရပ်တန့်ပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာကြဖို့ လိုနေကြောင်း အပစ်အခတ်လျှော့ချရေး၊ ပြည်သူထိခိုက်မှု မရှိရေးတွေ နှစ်ဖက်အဖြေရှာသင့်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအတွင်း ဖမ်းဆီးခံရတဲ့/ သေဆုံးတဲ့ အရပ်သား အများအပြား ရှိနေသလို ရဲနဲ့ တပ်မတော်သား၊ စစ်မှုထမ်းဟောင်းတွေလည်း သေဆုံးမှုတွေ ရှိနေပါတယ်။

ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးရသူ ဒေသခံ ခုနှစ်သောင်းကျော် ရှိနေရာမှာ လတ်တလော စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာတဲ့အတွက်  စစ်ဘေးရှောင် အရေအတွက် လျော့ကျသွားဖို့ အလားအလာ မရှိသေးပါဘူး။

RFA Burmese
https://www.rfa.org
အဖမ္းခံရသူတို႔ ေသဆံုးမႈအတြက္ AA နဲ႔ တပ္ အျပန္အလွန္ အျပစ္တင္ အဖမ္းခံရသူတို႔ ေသဆံုးမႈအတြက္ AA နဲ႔ တပ္ အျပန္အလွန္ အျပစ္တင္ Reviewed by THITHTOOLWIN on 01:31 Rating: 5
Powered by Blogger.