ရကိၡဳင့္တပ္ေတာ္ AA ရဲ႕ အမွတ္တံဆိပ္ကို ေတြ႔ရစဥ္ |
Zawgyi
ရခိုင္ျပည္နယ္မွာ ေျပာင္းေရႊ႕တာ၀န္ထမ္းေဆာင္မယ့္ ရဲတပ္ဖဲြ႔၀င္ေတြ လိုက္ပါလာတဲ့ ေရႊနဒီအျမန္ေရယာဥ္ကို ရကိၡဳင့္တပ္ေတာ္ AA က ဒီမနက္မွာ တုိက္ခိုက္လိုက္ၿပီး ရဲအရာရွိ ၁၁ ဦး အပါအ၀င္ ၄၀ ေက်ာ္ကို ဖမ္းဆီးလိုက္ပါတယ္။
အရပ္သားအျဖစ္ လိုက္ပါလာတဲ့ စစ္တပ္နဲ႔ ရဲအရာရွိေတြကို စစ္ေဆးဖို႔ လိုအပ္တာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းလိုက္တာလို႔ AA ေျပာခြင့္ရသူ ခိုင္သုခက RFA ကို ေျပာပါတယ္။
ဘယ္ေလာက္ၾကာေအာင္ ထိန္းသိမ္းစစ္ေဆးမွာလဲဆုိတာကိုေတာ့ အတိအက်မေျပာႏုိင္ေသးေၾကာင္း၊ စစ္ေဆးၿပီးမွ ေျပာလို႔ရမွာျဖစ္ေၾကာင္း သူက ဆက္ေျပာပါတယ္။
အဲဒီေရယာဥ္ဟာ စစ္ေတြကေန မနက္ ၇ နာရီမွာ ထြက္ခြာလာတာျဖစ္ၿပီး ယာဥ္ေပၚမွာ လူဦးေရ ၁၆၀ေက်ာ္ လိုက္ပါလာတယ္လို႔ ေရႊနဒီ ေရယာဥ္လိုင္းနဲ႔ အဆက္အသြယ္ရထားတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေ၀ က ေျပာပါတယ္။
AA အဖဲြ႔ဟာ လူ ၄၀ ေက်ာ္ကို ဖမ္းဆီးေခၚေဆာင္သြားၿပီး က်န္တဲ့ ခရီးသည္ေတြနဲ႔ ေရယာဥ္ကိုေတာ့ ျပန္လႊတ္ေပးလိုက္တယ္လို႔လည္း ေဒၚခင္ေစာေ၀က ဆုိပါတယ္။
ျပန္လည္လြတ္ေျမာက္လာသူေတြကို တပ္မေတာ္က စစ္ေဆးေမးျမန္းခဲ့ၿပီးတ့ဲေနာက္ ဒီညေန ေလးနာရီ၀န္းက်င္မွာေတာ့ ေရယာဥ္ဟာ ဘူးသီးေတာင္ၿမိဳ႕ကို ေရာက္ရွိတယ္လို႔လည္း ေျပာပါတယ္။ တပ္မေတာ္ကေတာ့ အဲဒီ လူ ၄၀ ေက်ာ္ကို ျပန္လည္ကယ္တင္ဖို႔အတြက္ စစ္ရဟတ္ယာဥ္ သံုးစီး သံုးၿပီး AA အဖြဲ႔ကို နွိမ္နင္းတုိက္ခုိ္က္ေနတယ္လို႔ ဒီေန႔ ေနျပည္ေတာ္က တပ္မေတာ္သတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားထားပါတယ္။
RFA Burmese
https://www.rfa.org
----------------
Unicode
ရဲအရာရှိတွေအပါအဝင် လူ ၄၀ ကျော်ကို AA ဖမ်းဆီး
သီဟထွန်း
ရက္ခိုင့်တပ်တော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ်မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ရက္ခိုင့်တပ်တော် AA က ဒီမနက်မှာ တိုက်ခိုက်လိုက်ပြီး ရဲအရာရှိ ၁၁ ဦး အပါအဝင် ၄၀ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။
အရပ်သားအဖြစ် လိုက်ပါလာတဲ့ စစ်တပ်နဲ့ ရဲအရာရှိတွေကို စစ်ဆေးဖို့ လိုအပ်တာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။
ဘယ်လောက်ကြာအောင် ထိန်းသိမ်းစစ်ဆေးမှာလဲဆိုတာကိုတော့ အတိအကျမပြောနိုင်သေးကြောင်း၊ စစ်ဆေးပြီးမှ ပြောလို့ရမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
အဲဒီရေယာဉ်ဟာ စစ်တွေကနေ မနက် ၇ နာရီမှာ ထွက်ခွာလာတာဖြစ်ပြီး ယာဉ်ပေါ်မှာ လူဦးရေ ၁၆၀ကျော် လိုက်ပါလာတယ်လို့ ရွှေနဒီ ရေယာဉ်လိုင်းနဲ့ အဆက်အသွယ်ရထားတဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ က ပြောပါတယ်။
AA အဖွဲ့ဟာ လူ ၄၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်တဲ့ ခရီးသည်တွေနဲ့ ရေယာဉ်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဒေါ်ခင်စောဝေက ဆိုပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေကို တပ်မတော်က စစ်ဆေးမေးမြန်းခဲ့ပြီးတဲ့နောက် ဒီညနေ လေးနာရီဝန်းကျင်မှာတော့ ရေယာဉ်ဟာ ဘူးသီးတောင်မြို့ကို ရောက်ရှိတယ်လို့လည်း ပြောပါတယ်။ တပ်မတော်ကတော့ အဲဒီ လူ ၄၀ ကျော်ကို ပြန်လည်ကယ်တင်ဖို့အတွက် စစ်ရဟတ်ယာဉ် သုံးစီး သုံးပြီး AA အဖွဲ့ကို နှိမ်နင်းတိုက်ခိုက်နေတယ်လို့ ဒီနေ့ နေပြည်တော်က တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
RFA Burmese
https://www.rfa.org
ရဲအရာရွိေတြအပါအ၀င္ လူ ၄၀ ေက်ာ္ကို AA ဖမ္းဆီး
Reviewed by THITHTOOLWIN
on
02:06
Rating: