စက်မှုဇုန် စီမံကိန်း (KMIC) ထူထောင်ရေးအပါအဝင်နားလည်မှု စာချွန်လွှာ အချို့ကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်
![]() |
တောင်ကိုရီးယားသမ္မတရဲ့ခရီးစဉ်အတွင်း စက်မှုဇုန်စီမံကိန်း(KMIC) ထူထောင်ရေးအပါအဝင် နားလည်မှု စာချွန်လွှာအချို့လက်မှတ်ရေးထိုးနိုင်ခဲ့ |
တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့အကြား ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာမူဘောင်သဘောတူညီချက်အပါအဝင် ကုန်သွယ် ရေးနဲ့ စက်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံမှာ လာ ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာမှာ ပိုမိုလွယ်ကူချောမွေ့စေဖို့ အတွက် ရန်ကုန်မြို့မှာ သတင်း အချက် အလက် စင်တာတစ်ခု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ သင်္ဘောလိုင်း၊ သင်္ဘောကျင်း အဆင့် မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးနဲ့စီမံခန့်ခွဲရေးကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုနားလည်မှု စာချွန်လွှာ၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ ထွန်းသစ်စလုပ်ငန်းများနဲ့ တီထွင် ဆန်းသစ်ခြင်းနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
အဆိုပါကိစ္စရပ်တွေအပြင် နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ကိုင်နိုင်ရေး အတွက် မြန်မာ အလုပ်သမားတွေ တိုးမြှင့်ခေါ်ယူနိုင်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွက် ကျောင်းကား အစီး (၆၀) ကိုလည်း ကိုရီးယားသမ္မတနိုင်ငံဘက်ကနေ လှူဒါန်းခဲ့ပါတယ်။
BBC Burmese
https://www.bbc.com
စက်မှုဇုန် စီမံကိန်း (KMIC) ထူထောင်ရေးအပါအဝင်နားလည်မှု စာချွန်လွှာ အချို့ကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်
Reviewed by THITHTOOLWIN
on
19:34
Rating:
