နမ့်စန်မြို့ရှိ နမ့်တိန်းချောင်းအတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ လူငယ် ၂ဦး ကို သေဆုံးလျက် ပြန်လည်တွေ့ရှိ
![]() |
ဓာတ်ပုံ- ဦးနေဇော်နိုင် |
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ နမ့်တိန်းချောင်းရှိ နမ့်ဟူးလှေဆိပ် အနီးမှာ စက်တင်ဘာလ၂၈ ရက်၊ ညနေပိုင်းက ရေနစ်ပျောက်ဆုံးနေတဲ့ လူငယ်၂ဦးကို စက်တင်ဘာလ၂၉ရက်၊ ညနေပိုင်းက သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ မေတ္တာရှင်နာရေးကူညီမှုအသင်းထံမှ သိရပါတယ်။
![]() |
ဓာတ်ပုံ- ဦးနေဇော်နိုင် |
အဆိုပါ လူငယ်၂ဦးက နမ့်ဟူးလှေဆိပ်အနီးရှိ သဲသောင်ပြင်မှာ ဘောလုံးကန်နေစဉ် နမ့်တိန်းချောင်းအတွင်း ဘောလုံးကျသွားတဲ့အတွက် ချောင်းအတွင်းဆင်းပြီးဆယ်ယူရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
"ရေနစ်တာက ၂၈ရက်ကပါ။ အလောင်းကို မနေ့ညနေကမှပြန်တွေ့ တာ။သူငယ်ချင်း၃ယောက် ဘောလုံးကန်နေတုန်း ဘောလုံးကျသွားလို့ တစ်ယောက်က ဆင်းဆယ်တာ။အဲဒီအချိန်မှာ ချောင်းကလည်း ရေကြီး နေတော့ မျောသွားတယ်။အဲဒါကြောင့် နောက်တစ်ယောက်က ဆင်းဆယ်တဲ့အချိန်မှာ ၂ယောက်လုံးမျောသွားတာ။ကျန်တဲ့တစ်ယောက် ဖုန်းလှမ်းဆက်ပြီး ဝိုင်းရှာကြတာ။ရေက နစ်သွားတော့ ရှာလို့မရတော့ဘူး။ ၂၉ရက်နေ့ တစ်နေ့လုံးရှာကြတာ ညနေပိုင်းမှပြန်တွေ့တာ။ ရေနစ် တဲ့နေရာနဲ့ ကိုက်၃၀၀အတွင်းလောက်မှာ အလောင်းပြန်တွေ့တာပါ"လို့ မေတ္တာရှင်အသင်းမှ ဦးနေဇော်နိုင်က ရွှေတြိဂံသတင်းဌာနကို
ပြောပါတယ်။
ယင်းရေနစ်သေဆုံးသွားတဲ့လူငယ်၂ဦးမှာ ညောင်ဦးမြို့မှ နမ့်စန်မြို့ကိုအလုပ်လာရောက်လုပ်ကိုင်နေသူ အောင်ဇော်ဖြိုး(၁၇နှစ်)နဲ့ တံတားဦးမြို့မှ နမ့်စန်မြို့ကိုလာရောက်အလုပ်လုပ်ကိုင်နေသူ နေထက်လင်း(၂၂ နှစ်)တို့ဖြစ်တယ်လို့ ဦးနေဇော်နိုင်က ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး နမ့်စန်မြို့မရဲစခန်းမှာ သေမှုသေခင်းဖြစ်စဉ် ၁၂/၂၀၁၉အရ အမှုရေးဖွင့်ထားပြီး အသေးစိတ်ကို စစ်ဆေးလျက် ရှိတယ်လို့ သိရပါတယ်။
သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
နမ့်စန်မြို့ရှိ နမ့်တိန်းချောင်းအတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ လူငယ် ၂ဦး ကို သေဆုံးလျက် ပြန်လည်တွေ့ရှိ
Reviewed by THITHTOOLWIN
on
19:44
Rating:
