ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲ မြစ်ကြီးနားမှာကျင်းပ

ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲကို မြစ်ကြီးနားမြို့မှာ ၂၀၁၉ မတ် ၁၅ ရက်နေ့ကပြုလုပ်စဉ်
Photo: Elizabeth/RFA
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ စာပေဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

မနက် ၁၀ နာရီလောက်ကစပြီး အထက ၁ နဲ့ အံတော်ရှင်ဘုရားအရှေ့ဘက်မုခ်ကနေ ဆွမ်ပရာဘွမ် လမ်းမကြီး အတိုင်း ရာနဲ့ချီတဲ့လူထုတွေက မနောကွင်းဆီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဖားကန့်၊ ရွှေကူ၊ မိုးညှင်း အစရှိတဲ့ မြို့နယ်တွေက လူခြောက်ထောင်ခန့်တို့က ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံကနေ စီတာရပ်ကွက် မနောကွင်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပ တ်သက်ပြီး မနောကွင်းထဲမှာလည်း စာရေးဆရာ ဦးထင်လင်းဦး၊ တရား လွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၊ ဦးတင် အေးကြူ (ခ) မောင်မှိုင်း အင်းဝ တို့က ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးတိုင်း ကျောက်ဆည်၊ မကွေးတိုင်း ချောက်မြို့၊ ပခုက္ကူနဲ့ မန္တလေးတိုင်း တောင်သာမြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲ မြစ်ကြီးနားမှာကျင်းပ ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲ မြစ်ကြီးနားမှာကျင်းပ Reviewed by THITHTOOLWIN on 03:07 Rating: 5
Powered by Blogger.