ကြန့်ကြာနေတဲ့ပစ္စည်းတွေထဲမှာတော့ မိုဘိုင်းဖုန်း၊ လက်တော့၊ ဗီဒီယိုဂိမ်းတွေ၊ ကစားစရာပစ္စည်းတွေ၊ ကွန်ပျူတာမော်နီတာတွေ၊ ဖိနပ်နဲ့ဆက်စပ်ပစ္စည်းတွေအပြင် အဝတ်အထည်တွေ ပါဝင် |
အဲဒီလိုအခွန်တိုးကောက်ဖို့ ကြန့်ကြာနေတဲ့ပစ္စည်းတွေထဲမှာတော့ မိုဘိုင်းဖုန်း၊ လက်တော့၊ ဗီဒီယိုဂိမ်းတွေ၊ ကစားစရာပစ္စည်းတွေ၊ ကွန်ပျူတာမော်နီတာတွေ၊ ဖိနပ်နဲ့ဆက်စပ်ပစ္စည်းတွေအပြင် အဝတ်အထည်တွေ ပါဝင်ပါတယ်။
အဲဒီပစ္စည်းတွေမှအပ အခြားသော တရုတ်ရဲ့ ကုန်ပစ္စည်းတွေကိုတော့ လာမယ့် စက်တင်ဘာ ၁ရက်နေ့က စပြီး ၁၀ရာခိုင်နှုန်းအခွန်စည်းကျပ်မှာဖြစ်ပါတယ်။
အခုလိုပစ္စည်းအချို့အခွန်တိုးဖို့ ကြန့်ကြာရတာလည်း ခရစ်စမတ်မှာ အမေရိကန်ပြည်သူတွေအပေါ် ထိခိုက်မှုရှိနိုင်မှာကို ရှောင်ရှားချင်တာကြောင့်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ကသတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်က အခုလိုထုတ်ပြန်အပြီး မိနစ်အနည်းငယ်အကြာမှာပဲ တရုတ် စီးပွားရေးဌာနက ဒုတိယအကြီးအကဲကို အမေရိကန်ကုန်သွယ်ရေးအကြီးအကဲက ဖုန်းခေါ်ပြီး ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုလုပ်ခဲ့ပါတယ်။
BBC Burmese
https://www.bbc.com
တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးမယ့် အမေရိကန်ရဲ့အစီအစဉ် ကြန့်ကြာနေ
Reviewed by THITHTOOLWIN
on
05:35
Rating: