မြို့နယ် ၂ခုထဲမှာ ကျောင်းပေါင်း ၁၃ကျောင်း ပိတ်ထားရ |
ရသေ့တောင်မြို့နယ်အတွင်းမှာ ကျောင်းပေါင်း (၂၁) ကျောင်းကို ပိတ်ထားခဲ့ရာကနေ (၁၆) ကျောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လုံးဝမဖွင့်နိုင်သေးတာ (၅) ကျောင်းကျန်နေသေးတာဖြစ်ပါတယ်။
မင်းပြားမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် (၈) ကျောင်းကို ပိတ်ထားရတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။
မြို့နယ်ပေါင်း ၇ ခုမှာ စစ်ဘေးရှောင်စခန်းစုစုပေါင်း ၁၀၅ ခု ရှိနေ |
လက်ရှိမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ကျေးရွာပေါင်း ရာနဲ့ချီရှိနေပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ကလေးငယ်တွေကိုတော့ နီးစပ်ရာကျောင်းတွေနဲ့ စခန်းတွင်းက ယာယီစာသင်ဆောင်တွေမှာ ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြီးခဲ့တဲ့ ဇူလိုင်လအထိ ကောက်ယူထားတဲ့ အချက် အလက်တွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် အရေအတွက် ဟာ ၅သောင်းကျော်အထိရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်စခန်းတွေအနေနဲ့ ရသေ့တောင်မြို့နယ်မှာ ၃၆ ခု၊ မြောက်ဦးမှာ ၃၁ ခု၊ ဘူးသီးတောင်မှာ ၁၂ ခု အပါအဝင် မြို့နယ်ပေါင်း ၇ ခုမှာ စစ်ဘေးရှောင်စခန်းစုစုပေါင်း ၁၀၅ ခု ရှိနေပါတယ်။
BBC Burmese
https://www.bbc.com
ရသေ့တောင်နဲ့ မင်းပြားမှာ တိုက်ပွဲတွေကြောင့် ကျောင်း ၁၃ ကျောင်းပိတ်ထားရ
Reviewed by THITHTOOLWIN
on
12:00
Rating: