သြဂုတ်လ၁၆ ရက်နေ့ မိုင်းရှာဖွေရေး တွေပြုလုပ်ခဲ့အပြီးမှာ အခုလိုထပ်တွေ့တာပါ |
"ဒီနေ့ နေ့လယ်ပိုင်းမှာ ကျွန်တော် ရောက်သွားတဲ့အချိန် အဝါရောင်လေးထောင့်ဂါလံပုံးတွေနဲ့ ထည့်ထားတဲ့ မိုင်း နှစ်ဆယ်ကျော်ကို တွေ့တယ်၊ ဂျပ်ဖာ၎ ခု နဲ့ မိုင်းတွေလည်းတွေ့တယ်၊ ဂျပ်ဖာတစ်ခုမှာ ယမ်းအတောင့် ၂၀ စီလောက်ပါတာတွေ့တယ်လို့ လည်းသူက ပြောပါတယ်။
ဂျပ်ဖာတစ်ခုမှာ ယမ်းအတောင့် ၂၀ စီလောက်ပါတာတွေ့ရပါတယ် |
သြဂုတ်လ ၁၅ ရက် မနက်ပိုင်းက တော့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု တိုက်ခိုက်မှုတွေအပြီးမှာ ဂုတ်တွင်းတံတားဟာ သုံးပုံနှစ်ပုံခန့်မှာ ပေါက်ပြဲပြီး ကြမ်းခင်းတွေ ပျက်စီးသွားခဲ့ပါတယ်။
"အခုထိတော့ လူတွေလည်းမဖြတ်ရသေးဘူး ဆိုင်ကယ်လည်းသွားလို့ မရသေးဘူး"လို့လည်း စေတနာမွန် နာရေးကူညီမူအသင်းတာဝန်ရှိသူတစ်ဦး က ဘီဘီစီကို ပြောပါတယ် ။
ဂုတ်ထိပ်တံတားကို သံဘောင်ဘေလီတံတားအဖြစ် ယာဉ်ငယ်တွေ သွားလာနိုင်ဖို့ ငါးရက်အတွင်း အပြီးတည်ဆောက်မယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီးလုပ်ငန်းတွေစတင်ဆောင်ရွက်နေပါတယ်။
အားလုံးပေါင်းအလုံး၃၀ ကျော်လောက်ရှိတယ်လို့လည်းမျက်မြင်တွေ့သူကပြောပါတယ်။ |
လက်ရှိမှာတော့ တံတားပျက်စီးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် အသွားအလာများ ရပ်တန့် နေပါတယ် ။
"ဒီနေ့မှာတော့ အပစ်အခတ်တွေ မရှိတော့ဘူး။ မြို့ထဲမှာတော့ဈေးတွေပြန်ဖွင့်ပြီး လူတွေ ပြန်သွားလာနေကြပါပြီ" လို့လည်းနောင်ချိုမြို့ခံတွေကပြောပါတယ်။
BBC Burmese
https://www.bbc.com
နောင်ချိုဂုတ်တွင်းတံတားအောက်မှာမပေါက်သေးတဲ့မိုင်းအများပြားတွေ့
Reviewed by THITHTOOLWIN
on
01:28
Rating: