![]() |
ဖမ်းဆီးခံ RFA ကမ္ဘောဒီးယား သတင်းထောက်ဟောင်း နှစ်ဦး။ |
ဖမ်းဆီးခံရသူတွေကတော့ သူတို့ပေးပို့ခဲ့တဲ့ သတင်းတွေဟာ လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ သတင်းတွေသာဖြစ်ပြီး လျှို့ဝှက်ချက် မဟုတ်ဘူးလို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က RFA ဌာနခွဲကို ၂ဝ၁၇ စက်တင်ဘာမှာ ပိတ်ပစ်ခဲ့ပြီးနောက် နိုဝင်ဘာလမှာ သူတို့ကို အစိုးရက ဖမ်းဆီးခဲ့တာပါ။
RFA ပြောခွင့်ရသူ Rohit Mohajan ရိုဟစ် မိုဟာဂျန်က ကမ္ဘောဒီးယားအစိုးရအနေနဲ့ မိမိတို့ဌာန ဝန်ထမ်းဟောင်း နှစ်ဦးအပေါ် သက်သေအထောက်အထားကင်းမဲ့စွာ ဖမ်းဆီးစွဲဆိုထားတာကို ပယ်ဖျက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ ပြောကြားလိုက်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
RFA သတင်းထောက်ဟောင်း နှစ်ဦးကို ကမ္ဘောဒီးယား စတင် စစ်ဆေး
Reviewed by THITHTOOLWIN
on
16:02
Rating:
