ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာအပေါ် တပ်မတော်သားကိုယ်စားလှယ်တွေ မဆွေးနွေးတာကြောင့် အချိန်ကုန် သက်သာတယ်လို့ NLD အမတ်ပြော
နေပြည်တော်၊ ဇူလိုင် ၃၀
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်တွေက မဆွေနွေးတော့တာကြောင့် အချိန်ကုန်သက်သာ သွားတယ်လို့ NLD အမတ် ဦးအောင်ကြည် ညွှန့်က ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစီအစဉ်အပြီးမှာ မီဒီယာတွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
" အခုဟာက ပြန်ပြီးတော့ နုတ်ထွက်တယ်ဆိုတော့ အဲ့ဒီလို အခြေအနေမျိုး ပြန်ပြီးတော့ မပေါ်ပေါက်နိုင်တော့ ဘူးလို့ မှန်းဆလို့ရတာပေါ့။ အချိန်ကုန် သက်သာသွားတာပေါ့။ နောက်ပြီးတော့ အကြိတ်အနယ် ဖြစ်စရာတွေ အခုခံ ဖြစ်စရာတွေ မရှိတော့ဘူးဆိုတော့ လုပ်ငန်းစဉ်လေးမှာ ဒီအဆင့် တစ်ဆင့်မှာတော့ အချိန်တိုတိုနဲ့ ပြီး သွားနိုင်တာပေါ့ " လို့ မီဒီယာများကို ဖြေကြားလိုက်တာပါ။
ဦးအောင်ကြည်ညွှန့်က တပ်ကိုယ်စားလှယ်တွေက မဆွေးနွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တာကြောင့် အချိန် အားဖြင့် သက်သာသွားစေသလို အခုအခံ ပြုလုပ်တာမျိုးလဲ စိုးရိမ်နေကြသလို ဖြစ်မလာနိုင်တော့ဘူးလို့ ပြော ဆိုခဲ့ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်ကတော့ "လွှတ်တော် အစီအစဉ်တိုင်း ပါပဲ။ အားလုံးသတင်းတွေမှာ ပါပြီးသားပဲလေ။ ကျွန်တော်တို့ အစီအစဉ်တိုင်းပဲ ဆက်ကြည့်ပါ။ သီးခြားပြောစ ရာမရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ အစီအစဉ်တိုင်း ဆက်လုပ်မှာ ဖြစ်တယ်။ အာဂျင်ဒါမှာ ပါတယ်လေ ကျွန်တော်တို့ မဆွေးနွေးဘူးဆိုပြီးတော့" လို့ ပြောပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာကို ဆွေးနွေးဖို့ တပ်မတော်သား ကိုယ်စားလှယ် (၇၈) ဦးက အမည် စာရင်း တင်သွင်းခဲ့ပေမယ့် လက်ရှိမှာတော့ တပ်မတော်ဘက်မှ ဆွေးနွေးမယ့် အမည်စာရင်းကို ပြန်လည်ရုပ် သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။
ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာအပေါ် တပ်မတော်သားကိုယ်စားလှယ်တွေ မဆွေးနွေးတာကြောင့် အချိန်ကုန် သက်သာတယ်လို့ NLD အမတ်ပြော
Reviewed by THITHTOOLWIN
on
23:09
Rating: