![]() |
သတင်းဓာတ်ပုံ - KACHIN COMMUNITY CZECH REPUBLIC |
ဒါ့အပြင် ဥရောပရောက် ကချင်လူငယ်တွေကြား မိမိတို့ ရိုးရာယဉ်ကျေးမှုကို ဘယ်လိုလက်ဆင့်ကမ်း သယ်ဆောင်သွားကြမလဲ ဆိုတာနဲ့ ကချင်လူမျိုးတွေ စုစုစည်းစည်းတွေ့ဆုံပြီး ရင်းနှီးမှု ပိုရနိုင်အောင် လုပ်တဲ့ပွဲဖြစ်တယ်လို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံက ကိုနော်ဂျာက VOA မြန်မာပိုင်းကို ပြောပါတယ်။
European Kachin Seminar ပွဲတွေကို နယ်သာလန်နိုင်ငံမှာ ၂၀၁၃ ခုနှစ်ကစလို့ ကျင်းပ ခဲ့တာဖြစ်ပြီး၊ ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီနဲ့ ဒီနှစ်မှာတော့ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပတာပါ။
![]() |
သတင်းဓာတ်ပုံ - KACHIN COMMUNITY CZECH REPUBLIC |
ဒိန်းမတ်နဲ့ နော်ဝေက ကိုယ်စားလှယ်တွေကတော့ ဒီနှစ်မှာ တက်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ကချင် အစားအသောက်နဲ့ ဧည့်ခံသလို ရိုးရာအကနဲ့လည်း ဖျော်ဖြေပြီး ပျော်ရွှင်ဖွယ် အားကစားပွဲတွေကိုလည်း ကျင်းပခဲ့ ကြပါတယ်။ ဥရောပနိုင်ငံတချို့ကို ရောက်နေကြတဲ့ ကချင်တိုင်းရင်းသား ၁၀၀၀ ကျော်ရှိမယ်လို့ အကြမ်းဖျင်း ခန့်မှန်းကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကချင်စစ်ဘေးရှောင်ကူညီရေး ဥရောပရောက် ကချင်များ ဆွေးနွေး
Reviewed by THITHTOOLWIN
on
20:55
Rating:
