ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
ဒီကနေ့မနက် ၉ နာရီခွဲအချိန်လောက် ကုလားမတောင်ကျေးရွာ အရှေ့ဘက် မီတာတစ်ထောင် အကွာလောက်မှာ တိုက်ပွဲစတင်ဖြစ်ပွားတာဖြစ်ပြီး နာရီဝက်လောက် ပစ်ခတ်ခဲ့ကြတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
အဲဒီနေရာအနီးတဝိုက်မှာ AA တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာဖြစ်လို့ တပ်မတော်က နယ်မြေရှင်းလင်းတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ကုလားမတောင်ကျေးရွာက AA တပ်ဖွဲ့ဝင်တွေ တပ်စွဲနေတာကို လက်ခံထားတဲ့ အနေအထားရှိတဲ့အတွက် ဒေသခံ ကျေးရွာသားတွေလည်း တခြားကျေးရွာတွေကို ထွက်ပြေးသွားကြတာဖြစ်မယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
တိုက်ပွဲအခြေအနေအပါအဝင် တပ်မတော်ဘက်က ပြောဆိုချက်နဲ့ ပတ်သက်ပြီး AA ပြောခွင့်ရသူနဲ့ ဒေသခံတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွားအနီး တိုက်ပွဲဖြစ်ပြီး ဒေသခံတွေ ထွက်ပြေး
Reviewed by THITHTOOLWIN
on
16:19
Rating:
