(အာဏာရ BJP ပါတီ က လွှတ်တော်အမတ် Kuldeep Singh Sengar ကို တွေ့ရစဉ်) |
အာဏာရ BJP ပါတီ က လွှတ်တော်အမတ် Kuldeep Singh Sengar ကူလ်ဒိ ဆင်း ဆင်ဂါး က သူမကို ပြီးခဲ့တဲ့ ၂ဝ၁၇ မှာ မုဒိန်းကျင့်ခဲ့တယ်လို့ မိန်းကလေးက တိုင်ကြားခဲ့ရာမှာ ရဲစခန်းက ပထမပိုင်းမှာ အမှုကို လက်မခံခဲ့ပါဘူး။ အမှုဖွင့်ဖို့ကြိုးစားခဲ့တဲ့ သူမရဲ့ ဖခင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လွှတ်တော်အမတ် ဆင်ဂါး ရဲ့ ညီက အချုပ်ခန်းထဲ ဝင်ရောက်ရိုက်နှက်လို့ သေဆုံးခဲ့ရပါတယ်။
မိန်းကလေးကည်း သူမကို သူမ မီးရှို့ဆန္ဒပြခဲ့ပါတယ်။ အဲဒီနောက်မှာ အိန္ဒိယ နိုင်ငံတစ်ဝန်း ဆန္ဒပြကြတဲ့အတွက် ဒီအမှုကို အစိုးရက ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးအဖွဲ့ကို လွှဲပြောင်း တာဝန်ပေးခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ အမတ် ဆင်ဂါး ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
အခု ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုဟာ ကလေးမကို နှုတ်ပိတ်ရန် ရည်ရွယ်ပြီး လုပ်ကြံခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အတိုက်အခံပါတီဝင်တွေက ဒီကိစ္စကို မနေ့က လွတ်တော်အစည်းအဝေး ကျင်းပနေစဉ် အော်ဟစ် ဆန္ဒပြကန့်ကွက်ခဲ့ကြတဲ့အတွက် အိန္ဒိယလွှတ်တော်ကို ခေတ္တ ရပ်နားထားခဲ့ရပါတယ်။
ကုန်တင်ကားမောင်းသူကို ရဲက အခု ဖမ်းဆီး စစ်ဆေးနေတယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
လွှတ်တော်အမတ်ကို တရားစွဲတဲ့ မိန်းကလေး လုပ်ကြံခံရဟု မိသားစုပြောကြား
Reviewed by THITHTOOLWIN
on
10:40
Rating: