ကနေဒါနိုင်ငံတွင် အခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) |
ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် မာ့ခ်ဟမ်မြို့ရှိ နေအိမ်တစ်လုံးတွင် လူလေးဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဇူလိုင်လ ၂၈ ရက် မွန်းလွဲပိုင်းက ထိန်းသိမ်းခဲ့ကြောင်း ကနေဒါရဲတပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်က ပြောခဲ့သည်။
ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့ရာတွင် ၎င်းတို့အနေဖြင့် ဇူလိုင်လ ၂၈ ရက်မွန်းလွဲပိုင်းက လူများဒဏ်ရာရရှိနေကြောင်း သတင်းများလက်ခံရရှိပြီးနောက် ယင်းနေအိမ်သို့သွားရောက်ခဲ့ကြောင်း၊ ရဲအရာရှိများက နေအိမ်၏ အခန်းရှေ့တွင် အမျိုးသားတစ်ဦးနှင့် တွေ့ခဲ့ပြီး နေအိမ်အတွင်း ထပ်မံရှာဖွေခဲ့ရာ သေဆုံးနေသူ ၄ ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူအနေဖြင့် မည်သည့်စွဲချက်များနှင့် ရင်ဆိုင်ရမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
(Xinhua)
http://www.xinhuamyanmar.com
ကနေဒါနိုင်ငံရှိ နေအိမ်အတွင်း လူလေးဦးသေဆုံးနေသည်ကို တွေ့ခဲ့ရပြီးနောက် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ
Reviewed by THITHTOOLWIN
on
10:36
Rating: