![]() |
ဆေးရုံအတွင်း ရေ ၁ ပေနီးပါးခန့် ဝင်ရောက်နေ |
'' ရေကတော့ မနက်၅နာရီ ၆နာရီလောက်ကတည်းက ရေကစတိုးလာတယ်၊ ခွဲစိတ်မွေးဖွားထားတဲ့ လူနာတွေကိုတော့ လတ်တလောတော့ ဆေးရုံရဲ့ဝင်ပေါက်နားက နည်းနည်းမြင့်တဲ့ သံဃာ့ဆေးရုံအဆောင်ထဲကို ရွှေ့ပေးထားတယ်၊ တောင်ငူဆေးရုံကို ရွှေ့ပေးရတာတွေလည်းရှိတယ်၊ ရေကတော့ ဆေးရုံအတွင်းထဲမှာ ၁ ပေလောက်တော့ ရှိတယ်၊ သက်သာနေတဲ့လူနာတွေကတော့ ဆေးရုံထဲမှာပဲ ရှိတယ်၊''လို့ ဆရာတော် ဦးတေဇသီရိကမိန့်ပါတယ်။
အုတ်တွင်းမြို့ဆေးရုံမှာ ၅ နှစ် တစ်ကြိမ်ခန့် ရေဝင်လေ့ရှိပြီး လက်ရှိအချိန်မှာတော့ အုတ်တွင်းမြို့ဆေးရုံအပြင် ချောင်းနဲ့နီးတဲ့ရပ်ကွက်အနိမ့်ပိုင်းတွေကနေအိမ်တွေမှာရေဝင်တာတွေရှိနေတယ်လို့ လည်းသိရပါတယ်။
![]() |
အရေးကြီးလူနာအချို့မှ လူနာအများစုမှာ ဆေးရုံက ရေဝင်နေတဲ့အဆောင်တွေမှာပဲ ဆက်နေနေရ |
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပွင့်ဖြူမြို့နယ်၊ နန်တော်ကျွန်း ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၆ရွာနဲ့ စလင်းမြို့နယ်၊ ဥယျာဉ်စု ကျေးရွာပါ ၁၉ ရွာမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂၆ရက်နေ့က စာသင်ကျောင်း ၁၉ ကျောင်းကို ယာယီပိတ်ထားခဲ့ရပါတယ်။
ဇူလိုင် လဆန်းမှစတင်ကာ မိုးကြီးပြီး မြစ်ရေလျှံတာကြောင့် ပြည်နယ်နဲ့ တိုင်း ၈ခုမှာ ရေကြီး နစ်မြုပ်တာ တွေဖြစ်ခဲ့ပြီး စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး ၂ခုထဲမှာပင် လူ သုံးသောင်းကျော် ရေဘေးသင့်ခဲ့ရပါတယ်။
ဇူလိုင်လထဲမှာ ကချင်ပြည်နယ်နဲ့မကွေးတိုင်းအတွင်း မိုးကြီးပြီးတောင်ကျချောင်းရေစီးတာကြောင့် လူ ၃ဦး ရေထဲမျောပါပြီး သေဆုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ မိုးရာသီကာလဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်လတွေမှာ နှစ်စဉ်လိုလို ရေဘေးဒဏ်ကို ခံစားနေကြရ ပြီး မနှစ်က ၂၀၁၈ ခုနှစ်အတွင်းကလည်းရေဘေးဒဏ်ကို ပြည်သူ တစ်သိန်းကျော် ခံစားခဲ့ရပြီး လူ ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။
BBC Burmese
https://www.bbc.com
ပဲခူးတိုင်း အုတ်တွင်းမှာ ဆေးရုံထဲထိရေတွေဝင်လို့ လူနာတွေအရေးပေါ်ရွှေ့ပြောင်းရ
Reviewed by THITHTOOLWIN
on
16:25
Rating:
