![]() |
ဇူလိုင်လ ၂၈ရက်နေ့ အထိအလောင်း၂၆ လောင်းရရှိထားပြီး ၁၂ ဦးပျောက်ဆုံးနေပါတယ်။ |
ဒါအပြင် အလောင်းဖျောက်ဖျက်မှု၊ နယ်မြေကျုးကျော် မှုတွေနဲ့လည်း ကန်သာရွာဘက်ကို အမှုဖွင့်ထားတယ်လို့ သူကပြောပါတယ်။
"ဖရဲကျွန်းရွာသား ကိုသန်းဇော်ကို ကန်သာ ကလူတွေ ဝိုင်းခုတ်သတ်တာကို မနေ့က အမှုဖွင့်တာပါ၊ ကျန်သေတဲ့သူတွေကို တိုင်းအစိုးရက ဇူလိုင်၂၆ ရက်နေ့က စစ်ဆေးရေးလုပ်မယ် ပြောထားလို့ အဲဒီဆုံးဖြတ်ချက်ကို စောင့်ကြည့်ဖို့ ရှိပါတယ်"လို့ ဦးသန်းဌေးက ဘီဘီစီကို ပြောပါတယ် ။
ဇူလိုင် ၂၃ ရက်နေ့က ရေနံချောင်းမြေနုကျွန်းပဋိပက္ခ အငြင်းပွားရာကနေ လူ၃၈ ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၂၈ရက်နေ့ အထိအလောင်း၂၆ လောင်း ရရှိထားပြီး ၁၂ ဦးပျောက်ဆုံးနေပါတယ် ။
![]() |
လာမယ့်သြဂုတ်လ ၅ ရက်နေ့ အတွင်းအပြီးသတ်စုံစမ်းဖို့ဝန်ကြီးချုပ်က တာဝန်ပေးထားပါတယ်။ |
ဇူလိုင်၂၈ ရက်နေ့မှာ ဒီအမှုနဲ့ ပတ်သက်လို့ ဖရဲကျွန်းရွာကို ရဲတပ်ဖွဲ့ကရောက်လာပြီး လူသတ်မှုအတွက် တင်သွင်းထားတဲ့မျက်မြင် သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။
ဒါအပြင် ပိုင်နက်ကျုးလွန်မှုနဲ့ ကန်သာရွာဘက်ကို ဖရဲကျွန်းရွာကအုပ်ချုပ်ရေမှူး ဦးမျိုးဇော်သန်းက အမှုဖွင့်ထားပါတယ်။
ဒီပဋိပက္ခ ဖြစ်စဉ်ကိုစစ်ဆေးနိုင်ဖို့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ ဦးဆောင်တဲ့ ၅ ဦးပါ အဖွဲ့ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ပေးထားပြီး လာမယ့် သြဂုတ်လ ၅ ရက်နေ့ အတွင်းအပြီးသတ် စုံစမ်းဖို့ တာဝန်ပေးထားပါတယ်။
![]() |
မြေနုကျွန်း အငြင်းပွားမှုတွေထဲမှာ လူအသေအပျောက် အများဆုံးဖြစ်တဲ့ပဋိပက္ခ |
အဲဒီမြေနုကျွန်းပြဿနာဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးကို တင်ပြ တိုင်တန်းမှုများရှိခဲ့တာကိုထိရောက်တဲ့ ဆောင်ရွက်ပေးမှုမရှိခဲ့တာကြောင့် အခုလို အစုလိုက်အပြုံလိုက်သေဆုံးကြရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ရ တာဖြစ်တယ်လို့ ဖရဲကျွန်း ရွာဘက်ကပြောပါတယ် ။
တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ကတော့ မြေနုကျွန်း အငြင်းပွားမှုတွေထဲမှာ လူအသေအပျောက် အများဆုံးဖြစ်တဲ့ပဋိပက္ခ ဖြစ်တယ် လို့လည်းပြောပါတယ်။
BBC Burmese
https://www.bbc.com
ရေနံချောင်းမြေနုကျွန်းပဋိပက္ခ ဖရဲကျွန်းဘက် ကလူသတ်မှုနဲ့ အမှုစဖွင့်
Reviewed by THITHTOOLWIN
on
21:05
Rating:
