၂၀၂၀ ကမ္ဘာ့ဖလား အာရှ အုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲ ဇယား |
အဲဒီ အသင်း ၄၀ အုပ်စု ၈ စုခွဲပြီး ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု ဗိုလ်စွဲသူနဲ့ အကောင်းဆုံး ဒုတိယ ၄ သင်းတို့ တတိယ အုပ်စုကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာအသင်းက အုပ်စု စလုံး မှာ ဂျပန်၊ Kyrgyz သမ္မတနိုင်ငံ၊ Tajikistan နဲ့ မွန်ဂိုလီးယားနိုင်ငံတို့ အတူ ပါဝင်ပါတယ်။ ပထမဆုံးပွဲအဖြစ် မွန်ဂိုးလီယားအသင်းနဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ဂျပန်အသင်းနဲ့ကတော့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။
အိမ်နီးချင်း တရုတ်နိုင်ငံက အုပ်စု A မှာ ပါဝင်ပြီး ဆီရီးယား၊ ဖိလစ်ပိုင် မော်လဒိုက်နဲ့ Guam အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ တတိယအဆင့် အုပ်စုတက်ဖို့ အလားအလာ ရှိနေပါတယ်။
အုပ်စု C မှာတော့ အီရတ်နဲ့အတူ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား အသင်းတို့ တစ်အုပ်စုတည်းကျတာကြောင့် အထူး စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဒီ အာရှအုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲတွေကို အခုနှစ် စက်တင်ဘာလနဲ့ ရှေ့နှစ် ဇွန်လ အကြား ကစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
၂၀၂၀ ကမ္ဘာ့ဖလား အာရှခြေစစ်ပွဲ မြန်မာ-မွန်ဂိုးလီးယား စက်တင်ဘာ ၅ ရက်တွေ့မည်
Reviewed by THITHTOOLWIN
on
08:44
Rating: