![]() |
လူမှောင်ခိုကုန်ကူးမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သော မြန်မာနိုင်ငံသားတစ်ဦး။ |
ပြီးခဲ့တဲ့ ဇူလိုင် ၂ဝ ရက်နေ့က ထိုင်းကနေ မလေးရှားသွားဖို့ ရာဘာတောတခုအတွင်းမှာ စောင့်ဆိုင်းနေစဉ် ဖမ်ဆီးမိခဲ့တဲ့ မြန်မာနိုင်ငံသား ၆၂ ဦး အမှုနဲ့ပတ်သက်ပြီး ဒီလူ လေးဦးကို ရှာဖွေဖမ်းဆီးခဲ့တာပါ။
အဲဒီသူတွေထဲမှာ ပါဝင်တဲ့ မြန်မာအမျိုးသမီးတဦးက ရာဘာတောထဲမှာ သူတို့ ပုန်းအောင်းနေရစဉ်က ရဲတွေ ဇူလိုင်လ ၂၆ ရက်နေ့က ဖမ်းဆီးထားတဲ့ လူမှောင်ခို လေးဦးထဲမှာ ပါဝင်တဲ့ ကိုသိန်းစိုးဝင်းနဲ့ ခင်မောင်လှ ဆိုသူ နှစ်ယောက်က သူမကို ဓါးနဲ့ထောက်ခြိမ်းခြောက်ပြီး အကြိမ်များစွာ အဓမ္မပြုကျင့်ခဲ့ကြောင်း ထွက်ဆိုတဲ့အတွက် စစ်ဆေးရာမှာ တရားခံတွေက ဝန်ခံခဲ့တဲ့အတွက် အခုလို မုဒိမ်းမှုနဲ့ပါ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မြန်မာလေးဦးကို လူမှောင်ခိုမှုအတွက် ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
Reviewed by THITHTOOLWIN
on
16:05
Rating:
