ရန်ကုန် ဇူလိုင် ၂၉
ဗဟန်းမြိုနယ် သာသနာ့ရိပ်သာရပ်ကွက်တွင်(၂၄.၇.၂၀၁၉)ရက်နေ့ နံနက်(၁၀း၁၂)မိနစ်တွင် ဖြစ်ပွားခဲ့သော သာသနာ့ရိပ်သာရပ်ကွက်နေ ကလေးငယ်တစ်ယောက်အား လမ်းဘေးလေလွင့်ခွေး(၅ကောင်)မှ ဝိုင်းကိုက်သောဖြစ်စဉ်အား သာသနာ့ရိပ်သာရပ်ကွက် ရပ်ကျေးအလုပ်အမှုဆောင်များမှ အဆိုပါနေ့တွင်ပင် ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီသို့ တိုင်ကြားခဲ့ရာ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ(၂၅.၇.၂၀၁၉)ရက်နေ့တွင် ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌဦးဝင်းဗိုလ်နှင့်ကော်မတီဝင်(၁) ဦးမြင့်သန်း ကော်မတီဝင်များ ခွေးချစ်သူအဖွဲ့များမှ သွားရောက်အရေးယူဆောင်ရွက်ခဲ့ပြီးကြောင်း သိရှိရပါသည်။
အဆိုပါ ကလေးငယ်အား ဝိုင်းကိုက်သော ခွေး(၅ကောင်)အနက် (၄ကောင်)အားဖမ်းဆီးရမိကာ ကျန်သည့်တစ်ကောင်မှာ ရပ်ကွက်အနောက်ဖက် တောခြုံများအတွင်း ပြေးဝင်သွားကြောင်း လိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရှိရပါသည်။အထက်ပါ ဖမ်းဆီးရမိသော ခွေးများအား လှည်းကူးမြို့နယ် သစ်နီပင် မင်းကုန်းပရဟိတခွေးဂေဟာသို့ ပို့ဆောင်ပြီးစီးကြောင်း တင်ပြအပ်ပါသည်။အထက်ဖော်ပြပါ ကလေးငယ်အား လေလွင့်ခွေးကင်းစင်ရေးအဖွဲ့မှ ဆေးရုံသို့သွားရောက်ကာ တွေ့ဆုံ၍ အလှူငွေကျပ် နှစ်သိန်းတိတိအား လှူဒါန်းခဲ့ကြောင်းယခုအခါ ကလေးငယ်မှာကျန်းမာရေးအခြေအနေ ကောင်းမွန်လျှက်ရှိကြောင်း သတင်းရရှိသည်။
သန္တာမေ(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တစ်နှစ်နှင့်လေးလကလေးငယ်အားခွေး ၅ ကောင်ဝိုင်းဆွဲမှုဗဟန်းတွင်ဖြစ်ပွားခဲ့
Reviewed by THITHTOOLWIN
on
23:57
Rating:
