![]() |
မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်/Photo: Kan Thar/RFA |
တဆက်တည်းမှာပဲ အခုလို တပ်မတော်က အပစ်အခတ် ရပ်စဲထားတဲ့ကာလအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဆူပူမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် စိတ်ရှည်သည်းခံစိတ်ထားပြီး ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေရရှိအောင် ဖြေရှင်းကြဖို့ တိုက်တွန်းပါကြောင်းနဲ့ တရုတ်-မြန်မာနယ်ခြားဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံသံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ ကြေညာချက်မှာ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် မြန်မာနယ်စပ်ဒေသကို ၄ ကြိမ် ရည်ညွန်းဖော်ပြထားပေမယ့် ရခိုင်ပြည်နယ်အမည်ကိုတော့ ထည့်သွင်းရေးသားထားခြင်း မရှိပါဘူး။
RFA Burmese
https://www.rfa.org/burmese
မူဆယ်ဆွေးနွေးပွဲနဲ့ အပစ်ရပ်သက်တမ်းတိုးမှု တရုတ်သံရုံးကြိုဆို
Reviewed by THITHTOOLWIN
on
19:46
Rating:
