![]() |
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယဉ်းများ |
မင်္သကာဖွယ် အထောက်အထားတွေ တွေ့ရလို့ တပ်မတော်စစ်ကြောင်းတွေက ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ တကားကျေးရွာ အနောက်တောင်ဘက်မှာ စခန်း ၂ ခုနဲ့ သင်တန်းကျောင်း နေရာ ၂ ခု၊ မြောက်ဘက်မှာ ယာယီအခြေပြုနေရာ ၁ ခု၊ အနောက်ဘက်မှာ စခန်း ၁ ခု တို့ကို သိမ်းပိုက်ရခဲ့ပြီး NSCN(K) အဖွဲ့ဝင် ၆ ဦး၊ ကသည်းအဖွဲ့ဝင် ၂ ဦးနဲ့ လက်နက်ငယ်မျိုးစုံ ၁၁ လက် အပါအ၀င် ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဒီတပ်စခန်းတွေကို သိမ်းပိုက်ရတာနဲ့ ပတ်သက်လို့ တပ်မတော် ထုတ်ပြန်ချက်မှာတော့ အိန္ဒိယ ကြည်းတပ်ကွပ်ကဲမှုအောက် Assam ပြည်နယ်နဲ့ Arunachal Pradesh ပြည်နယ်နယ်စပ်မှာ National Democratic Front of Bodoland- Sangbijit (NDFB-S) လက်နက်ကိုင်အဖွဲ့က အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး တို့ကို ပစ္စတို၊ AK-47 ၊ AK-45 အမျိုးအစားလက်နက်ငယ်တွေ၊ ဆက်စပ်ခဲယမ်းတွေနဲ့ ၂၀၁၈ ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးမိခဲ့ပြီး သူတို့တွေဟာ မြန်မာနိုင်ငံက စခန်းတွေမှာ စစ်ပညာသင်တန်းတက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာတာလို့ အိန္ဒိယသတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။
![]() |
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယဉ်းများ |
NSCN(K) အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနဲ့ သဘောတူချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးပဏမသဘောတူညီချက်ကို ချိုးဖောက်ခဲ့လို့ ဆက်လက်အရေးယူမယ်လို့လည်း တပ်မတော်က ဆိုပါတယ်။
ဒါ့အပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း တဖက်အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့ကိုမှ အခြေချနေထိုင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းတွေက လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်လုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
BBC Burmese
https://www.bbc.com/burmese
နာဂမှာရှိတဲ့ အာသံနဲ့ ကသည်းစခန်းတွေကို တပ်မတော်သိမ်းပိုက်
Reviewed by THITHTOOLWIN
on
12:30
Rating:
