![]() |
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ဖွင့်ပွဲကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့စဉ် / ဓာတ်ပုံ - ဆြာ ချစ် |
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ်ပိုင်းက ကန္တာဟေ၀န်ပန်းခြံထဲမှာ စိုက်ထူခဲ့ပြီးနောက် ဒီနေ့ မနက်ပိုင်းမှာ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် အပါအ၀င် ကယားပြည်နယ်အစိုးရအဖွဲ့က ၀န်ကြီးတွေလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်အပေါ် ကရင်နီလူငယ် ၂၀ ဦးက ဇန်နဝါရီလ ၃၁ ရက်နေ့ညနေကစပြီး သပိတ်စခန်းဖွင့် ကန့်ကွက်ခဲ့ရာ ပါဝင်သူ လူငယ် ၂၀ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ မနေ့က အမှုဖွင့်တရားစွဲခဲ့ပါတယ်။
အမှုဖွင့်ခံရတဲ့ လူငယ်တွေက လွိုင်ကော်မြို့ကို ရောက်ရှိနေတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခွင့်ရဖို့ ပြည်နယ်ပါတီရုံးရှေ့မှာ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
ဗိုလ်ချုပ်အောင်ဆန်းရုပ်ထားရှိမှာကို ကန့်ကွက်မှုတွေရှိပေမယ့် လွိုင်ကော်မြို့မှာဖွင့်လှစ်
Reviewed by THITHTOOLWIN
on
23:30
Rating:
