![]() |
တောနော်ရေတံခွန် |
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ တောနော်ရေတံခွန်တွင် ဇန်န၀ါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးငယ်နှစ်ဦး ဓာတ်ပုံရိုက်စဉ်တစ်ဦးမှာ ခြေချော်ကျသွား၍ နောက်တစ်ဦးက လှမ်းဆွဲလိုက်စဉ် နှစ်ဦးစလုံး အမြင့်ပေ ၂၀၀ ခန့်ရှိသော တောင်အောက်သို့ ပြုတ်ကျ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၁ နာရီခွဲက ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်သို့ မြ၀တီမြို့နယ် ဖလူးကျေးရွာနေ စုမြတ်ဝေ(၁၉ နှစ်) သည် သူငယ်ချင်းဖြစ်သူ ပဲခူးတိုင်းဒေသကြီးနေသူ မျိုးနန်္ဒာကျော် (၁၉ နှစ်) နှင့်အတူ တောနော်ရေတံခွန်၏ အပေါ်ဆုံးထိပ်သို့ တက်ရောက်၍ ဓာတ်ပုံရိုက်စဉ် မျိုးနန်္ဒာကျော်မှာ ခြေချော်သွား သဖြင့် သူငယ်ချင်းဖြစ်သူ စုမြတ်ဝေက လှမ်းဆွဲလိုက်စဉ် နှစ်ဦးစလုံး ပေ ၂၀၀ ခန့် ရှိသော တောင်အောက်သို့ ပြုတ်ကျသွားပြီး ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။
၎င်းတို့နှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ကော့ကရိတ်မြို့မရဲစခန်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကော့ကရိတ်မြို့ နယ် တောနော်ရေတံခွန်တောင်ထိပ်၌ ဓာတ်ပုံရိုက်သည့် အမျိုးသမီးနှစ်ဦးပြုတ်ကျ သေဆုံး
Reviewed by THITHTOOLWIN
on
13:06
Rating:
