ရခိုင်ပြည်နယ်ရှိ နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ၍ သံတမန်စာပေး
နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား လာရောက်ပစ်ခတ်မှုကြောင့် ပျက်စီးမှုအားတွေ့ရစဉ် (ဓာတ်ပုံ- MOI) |
ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်မှုအတွက် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား ယနေ့နံနက် ၇ နာရီ ၄၄ မိနစ်ခန့်တွင် လာရောက်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ၍ သံတမန်စာပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံကာ အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်အား အသိပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရင်းနှီးချစ်ကြည်ပြီး ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ လုံးဝလက်မခံသည့် မူဝါဒ ချမှတ်ထားကြောင်း ၊ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေကို အသုံးပြု၍ မြန်မာနိုင်ငံအား ထိပါးနှောက်ယှက် ရန်ပြုလာသည်ကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ပြောကြားကာ သံတမန်စာ ပေးအပ်ခဲ့ကြောင်း သိရသည်။
နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား လာရောက်ပစ်ခတ်မှုကြောင့် ပျက်စီးမှုအားတွေ့ရစဉ် (ဓာတ်ပုံ- MOI) |
(Xinhua)
http://www.xinhuamyanmar.com
ရခိုင်ပြည်နယ်ရှိ နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ၍ သံတမန်စာပေး
Reviewed by THITHTOOLWIN
on
12:13
Rating: