ကန်အစိုးရယန္တရား ရပ်ဆိုင်းမှု အဆုံးသတ်ရေး ကြေညာနေတဲ့ သမ္မတဒေါ်နယ်ထရမ့် |
ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ထိ အစိုးရအသုံးစရိတ် ခွင့်ပြုမယ့် ဒီဥပဒေကြမ်းထဲမှာ ထရမ့်အဆိုပြုထားတဲ့ အမေရိကန်-မက္ကဆီကို တံတိုင်း ကာရံရေးအတွက် ကုန်ကျမယ့်ငွေကြေး မပါဝင်ပါဘူး။ တချိန်ထဲမှာပဲ နယ်စပ်လုံခြုံရေးကို သုံးသပ်ဆန်းစစ်ဖို့ ပါတီနှစ်ခုလုံး ပါဝင်တဲ့ ကော်မတီတရပ်ကို ဖွဲ့စည်းမယ်လို့လည်း ဆိုပါတယ်။
အစိုးရဝန်ထမ်း (၈)သိန်းကျော်တို့ (၃၅)ရက်ကြာ လစာမဲ့ အလုပ်လုပ်ခဲ့ရပြီးနောက် အခုလိုကြေညာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကြောင့် ရပ်ဆိုင်းထားရတဲ့ အစိုးရလုပ်ငန်းတွေကို (၃)ပတ်ကြာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပေမယ့် အဲဒီနောက်ပိုင်း ဘာဖြစ်လာမလဲ ဆိုတာကတော့ မသိရသေးပါဘူး။
VOA (မြန်မာပိုင်း)
https://burmese.voanews.com
ရပ်ဆိုင်းထားတဲ့ ကန်အစိုးရ ယန္တရား ယာယီပြန်ဖွင့်
Reviewed by THITHTOOLWIN
on
05:37
Rating: