အင်ဒိုနီးရှား နိုင်ငံ တွင် ရေကြီးခြင်း နှင့် မြေပြိုခြင်း တို့ကြောင့် သေဆုံးသူ ပေါင်း ၃၀ ဦး အထိ ရောက်ရှိလာ

အင်ဒိုနီးရှား နိုင်ငံ တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၌ မြေပြိုမှု ဖြစ်ပွားစဉ်(ဆင်ဟွာ)
ဂျာကာတာ ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေး တားဆီးကာကွယ်ရေး ဌာန က နိုင်ငံ ၏ South Sulawesi ပြည်နယ် တွင် လတ်တလောရက်ပိုင်း အတွင်း ဖြစ်ပွား ခဲ့သည့် ရေကြီးခြင်း နှင့် မြေပြိုခြင်း တို့ကြောင့် သေဆုံးသူပေါင်း ၃၀ ဦး အထိ ရောက်ရှိလာခဲ့ပြီး ၂၅ ဦး ပျောက်ဆုံးနေကာ လူ ထောင်နှင့်ချီ၍ အရေးပေါ် ရွှေ့ပြောင်းနေရာ ချထား ပေးခဲ့ရကြောင်း ဇန်နဝါရီ ၂၄ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ အင်ဒိုနီးရှား စံတော်ချိန် ဇန်နဝါရီ ၂၄ ရက် ၁၄ နာရီ အချိန် ထိ သဘာဝဘေးကြောင့် လူပေါင်း ၄၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃,၃၂၁ ဦး အား အရေးပေါ် ရွှေ့ပြောင်း နေရာချထား ခဲ့ရကြောင်း ၊ သဘာဝဘေးကြောင့် နိုင်ငံ အတွင်းရှိ ပြည်နယ် ၁၀ တွင် ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့ကြောင်း ၊ လက်ရှိချိန် တွင် နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ဌာန အသီးသီး နှင့် အဖွဲ့အစည်း တို့ က အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ထောက်ပံ့ရေး ပစ္စည်းများလည်း အချင်းဖြစ်ပွားရာ ဒေသ သို့ အဆက်မပြတ် ရောက်ရှိနေပြီး ဖြစ်ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ တွင် နှစ်စဉ် နိုဝင်ဘာလ မှ ဧပြီလ အထိ က မိုးရာသီ ဖြစ်ကာ ရေကြီးရေလျှံမှု နှင့် မြေပြိုမှု အများဆုံးဖြစ်ပွားရာ အချိန်ကာလ ဖြစ်ကြောင်း ၊ ၂၀၁၈ ဒီဇင်ဘာလ တွင် အင်ဒိုနီးရှား နိုင်ငံ West Java ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် မြေပြိုမှုကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှား နိုင်ငံ တွင် ရေကြီးခြင်း နှင့် မြေပြိုခြင်း တို့ကြောင့် သေဆုံးသူ ပေါင်း ၃၀ ဦး အထိ ရောက်ရှိလာ အင်ဒိုနီးရှား နိုင်ငံ တွင် ရေကြီးခြင်း နှင့် မြေပြိုခြင်း တို့ကြောင့် သေဆုံးသူ ပေါင်း ၃၀ ဦး အထိ ရောက်ရှိလာ Reviewed by THITHTOOLWIN on 12:16 Rating: 5
Powered by Blogger.